အထည်ချုပ်စက်ရုံများ လုပ်သား လျှော့ချ

Tuesday, November 18, 2008 ·

သတင်း နန်းဒေ၀ီ မဇ္ဈိမ | နယူးဒေလီ။ ။ နိုင်ငံခြားမှ အထည်ဝယ်ယူမှု ကျဆင်းသွားသဖြင့် ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ အချို့တွင် ယခုလပိုင်းအတွင်း အလုပ်သမား လျှော့ချမှုများ ပြုလုပ်လာသည်။

ယခင်က ဟောင်ကောင်၊ သြစတြေးလျားနှင့် ဂျာမဏီနိုင်ငံမှ အမျိုးသားဝတ် ရှပ်အင်္ကျီများ မှာယူလေ့ ရှိသည့် လှိုင်သာယာ စက်မှုဇုံ (၂) ရှိ Myanmar People Garment အထည်ချုပ် စက်ရုံတွင် အော်ဒါမှာယူမှု ကျဆင်း လာသဖြင့် အချိန်ပိုလုပ်ခ ရပ်ဆိုင်း လိုက်ရသဖြင့် အလုပ်သမားများ အလုပ်မှ ထွက်သွားသည်ဟု စက်ရုံ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

သူက "စီးပွားရေးအရ ပါးသွားတယ်။ ပြင်ပဆက်သွယ်ရေး လမ်းကြောင်းတွေက အရင်ကထက်စာရင် မသွက်လက်တော့ဘူး။ နိုင်ငံခြားက အမှာက မလာတော့ အလုပ်သမားတွေ အိုတီ (အချိန်ပို) ဆင်းတာ ရပ်သွားတယ်။ အလုပ်သမားတွေက လျှော့ချတာတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ အရင်က ပြည်ပပို့တာ ရှိတော့ အိုတီတွေ ဆင်းရတယ်။ အခုလို လုပ်ငန်းတွေ ပါးသွားတော့ အိုတီ မရှိတော့ဘူး။ ဒီတော့ အလုပ်သမားတွေက အိုတီရှိတဲ့ နေရာတွေ ပြောင်းကျတာပေါ့" ဟု ပြောသည်။

လုပ်သားဦးရေ မည်၍မည်မျှ လျှော့ရသည်ကိုမူ သူက ပြောဆိုခြင်း မပြုခဲ့ပါ။

စက်ရုံလုပ်သား ၂၀၀ ကျော်နှင့် လည်ပတ်နေသော လှိုင်သာယာ စက်မှုဇုန် (၃) ရှိ အထည်ချုပ်စက်ရုံ ၂ ရုံတွင်လည်း နိုင်ငံရပ်ခြားမှ အော်ဒါမှာယူမှု သိသာစွာ နည်းပါးသွားသဖြင့် အလုပ်သမားများ လျှော့ချနေရသည်။

"လူ ၂၀၀ ကျော်ရှိတယ်။ အလုပ်ရှင်ပြောတာက အမှာနည်းသွားတဲ့အတွက် အခုလို အလုပ်သမားတွေ လျှော့တာလို့ ပြောတယ်။ လိုအပ်ရင် ပြန်ထပ်ခေါ်မယ်ဆိုပြီး ဖုန်းနံပါတ်တွေ အိမ်လိပ်စာတွေတော့ ယူထားတယ်" ဟု စက်ရုံများနှင့် နီးစပ်သူတဦးက ပြောသည်။

စက်ရုံ ၂ ရုံမှ အလုပ်သမား ၁၀၀ ထက်မနည်း ၂ လစာ ကြိုတင်ပေးကာ အလုပ်မှ ရပ်ဆိုင်းစေခြင်း ဖြစ်သည်။

အလားတူ ပဲခူးမြို့အတွင်းရှိ အထည်ချုပ်စက်ရုံ ရန်စီကျန်တွင်လည်း နိုင်ငံခြားမှ အော်ဒါမှာယူမှု လျော့ကျ သွားသဖြင့် ယခုတလော အလုပ်သမားများ လျှော့ချလာခဲ့ရာ နောက်ဆုံးတွင် စက်ရုံပါ ပိတ်ရမည့် အနေအထား ရှိကြောင်း ကောလာဟလများ ပေါ်ထွက်နေသော်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းခွင့် မရသေးပါ။

ယခုလို အထည်စက်ရုံများ၌ အလုပ်သမားများ လျှော့ချနေရသည့် အခြေအနေမှာ ကမ္ဘာ့ငွေကြေး အကျပ်အတည်း ပေါ်ပေါက် လာပြီး တလခန့်အကြာတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ်အတွင်းကလည်း အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာပြည်ရှိ အထည်ချုပ် စက်ရုံ ၁၀၀ ကျော် ရပ်ဆိုင်းခဲ့ရသည့်အပြင်၊ အလုပ်သမားဦးရေ ၅ သောင်းမှ ၆ သောင်းခန့်အထိ အလုပ် ထွက်ခဲ့ရသေးသည်။

ထို့နောက်တွင် ဥရောပနိုင်ငံများက အော်ဒါမှာယူမှု ဆက်ရှိသဖြင့် ကျန်ရှိသည့် စက်ရုံများမှာ ဆက်လက် လုပ်ကိုင်နိုင်ခဲ့သည်။

ပြီးခဲ့သည့်လက ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသည့်အဖွဲ့ Burma Campaign (UK) မှ မြန်မာစစ်အစိုးရနှင့် စီးပွားစပ်တူ လုပ်ကိုင်ခြင်းမပြုရန်နှင့် လုပ်ငန်းများ ရပ်ဆိုင်းရန်အတွက် ဗြိတိန်ရှိ Cotton Traders လုပ်ငန်းရှင်များအား လှုံ့ဆော်ခဲ့ရာတွင် လုပ်ငန်းရှင်အများစုက သဘောတူလက်ခံခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */