နမ့်ဇန်-ကျိုင်းတုံရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်း- ဒေသခံတို့ အဓမ္မလုပ်အားပေးခိုင်းခံရမည့်အရေး တွေးပူနေ

Thursday, November 20, 2008 ·

သတင်း သျှမ်းသံတော်ဆင့် | သျှမ်းပြည်တောင်ပိုင်း သံလွင်မြစ်အနောက်ဘက်ခြမ်းမှ သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံအထိ မီးရထား လမ်းဖောက် လုပ်ရေး အတွက် ရပခတိုင်းမုးနှင့် တြိဂံစစ်ဒေသတိုင်းမုးတို့ စစ်ဆေး ကြည့်ရှုခဲ့ကြစဉ် ဒေသခံတို့ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း ခံရတော့မည့် အရေး တွေးပူနေကြသည်ဟု ကျိုင်းတုံ သတင်းရပ်ကွက် ကဆိုပါသည်။


နောင်ချို - ကျောက်မဲကြား နာမည်ကျော်ဂုတ်ထိပ်တံတားပေါ် ရထားဖြတ်သန်းစဉ်
ယခုဖောက်လုပ်မည့် ရထားလမ်းသစ်နှင့် ပတ်သက်၍ ကျိုင်းတုံဒေသခံ ကုန်သည်တစ်ဦးက “အသေချာဆုံး တစ်ခုက ကျေးလက် ဒေသခံတွေမှာ အရင်ကလို အဓမျလုပ်အားပေး ခိုင်းမှာဘဲ။ သံလွင်အရှေ့ခြမ်း တာ့ကော့ဆိပ် - မိုင်းပြင်းမြို့ -တုံတာ အုပ်စုကြား မှာ လမ်းကြမ်းတယ်။ တောင်ကမ်းပါးယံ လျှိုမြောင်တွေ မတ်စောက် မြင့်မားတယ်။ ဆိုတော့ ဒေသခံတွေအတွက် အတော့ကို ဒုက္ခရောက်ရမယ်” ဟု ပြောပြသည်။

အသက် ၄၀ ကျော် အဆိုပါကုန်သည်က “ ကျနော်တို့ ငယ်ငယ်တုန်းက ဗမာစကားပြောရင် ‘သံလွင်မြစ် အရှေ့ခြမ်းက ဗမာ စကား သိပ်နားမလည်ဘူး’ လို့ ကျနော်တို့ လှောင်ပြောင်ခံရတယ်။ မ၀တ ခေတ်နောက်ပိုင်း ကျတော့ ဗမာစကား မပြောတတ်တဲ့ ကျိုင်းတုံ မြို့ခံ မရှိသလောက် ဖြစ်နေပြီ။ အခု ကျိုင်းတုံအထိ ရထားလမ်း ထပ်ဖောက်မယ် ဆိုတော့ ရထားလမ်းအနီးအနားက ရွာသားတွေ အဓမ္မ လုပ်အားပေး ခိုင်းစေ တာတွေ ရှိမယ်။ အညာကလူတွေ ရထားနဲ့ကပ်ပါလာကြမယ်။ သူခိုး၊ ဓါးပြ၊ သူတောင်းစားတွေ ပေါလာ မယ်။ နောက်ပိုင်း ကျိုင်းတုံဟာလည်း ဗမာစကား အဓိကထားပြောရမယ့် တောင်ကြီးလိုဖြစ်လာမှာ မလွှဲဘူး ” ဟု ဆက်ပြောသည်။

စီးပွါးရေးလုပ်ငန်းရှင်များ ကုန်သည်များအတွက် ကူးသန်းရောင်းဝယ်ရေးအဆင်ပြေမည်ဟု (တပ်တွင်းမှ) တချို့က ပြော သော်လည်း ကလော-နမ့်ဇန် ရထားလမ်းကိုကြည့်ခြင်းအားဖြင့် အသစ်ဖောက်မည့် ရထားလမ်းမှာ အားထားနိုင်ဖွယ်ရာမရှိကြောင်း၊ကောင်းကျိုး ထက် သျှမ်းပြည်လူထု ဆိုးကျိုး ကံရမည်ဖြစ်သဖြင့် အဆိုပါ ရထား လမ်းသစ်ကို မလိုလားကြကြောင်း အဆိုပါကုန်သည်က ရင်ဖွင့် သည်။

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်္မမ့အရှေ့ဘက်ဖြတ်သန်းစီးဆင်းသော နမ့်တိန်းချောင်းနှင့် ကွန်ဟိန်းမြို့ အနီး ဖြတ်သန်း စီးဆင်းသော နမ့်ပန် ချောင်းကူးမည့် မီးရထားလမ်းတံတားဆောက်သင့်သောနေရာကြည့်ရှုရန် အောက်တိုဘာ ၂၆ ရက်က သွားသော ရပခ တိုင်းမုး ဗိုလ်မုးချုပ်ရာပြည့် တာ့ကော့ သံလွင်မြစ်ကူး တံတား၌ တြိဂံစစ်တိုင်းမုး ဗိုလ်ချုပ်ကျော်္မဖးနှင့်တွေ့ဆုံခဲ့ပြီး နှစ်ဦးစလုံး ကျိုင်းတုံသို့ ခရီးဆက်ခဲ့ကြသည်ဟု ကျိုင်းတုံဒေသခံ တစ်ဦး ကပြောပြ၏။

“ ရပခ တိုင်းမှူးနဲ့အတူ မီးရထားဝန်ကြီး ဗိုလ်ချုပ်မင်းအောင်၊ ဒုဝန်ကြီး ဦးဖေသန်းနဲ့ လမ်းအင်ဂျင်နီယာ တချို့ပါတယ်။ သံလွင် မြစ်ကူး ရထားလမ်း တံတားဆောက်တဲ့နေရာကြည့်ဖို့ တာ့ကော့မှာ တြိဂံ တိုင်းမှူးနဲ့ အောက်တိုဘာ ၂၇ ရက်မှာ တွေ့တယ်တဲ့။ ရထားလမ်းသစ်ကို နမ့်ဇန်ကနေ ကျိုင်းတုံအထိ ဖောက်မှာ” ဟုဆို၏။

သျှမ်းပြည်နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးကလည်း“ တရုပ်က မီးရထားစက်ခေါင်း ၉ ခု ပို့လာတယ်။ အခု မန္တလေးတိုင်း သာစည်မှာရှိတယ်လို့ကြားတယ်။ နမ့်ဇန်ကနေ သံလွင်မြစ် တာ့ကော့ဆိပ် အထိ ဖောက်မယ်။ ကျိုင်းတုံဘက်ကလည်း အနောက်ဘက် ကျိုင်းတုံ တက္ကသိုလ်နားမှာ ဘူတာဆောက်မယ်။ တာ့ကော့ဆိပ် အထိ ဖောက်ပြီး တာ့ကော့မှာဆုံမှာပေါ့ ” ဟု ဆို၏။

သျှမ်းပြည်တောင်ပိုင်းရှိ ရထားလမ်းမှာ ရန်ကုန်-မန္တလေး ရထားလမ်းမှ သာစည်၌ခွဲ၍ ကလော-ဟဲဟိုး-ရွှေညောင်-ညောင်ရွှေ- ဘန်းယဉ်-လွယ်ပွတ်- မောက်မယ် (မြောက်ဘက် မိုင် ၂၀ ကျော်တွင်ဖြတ်သန်း၍)- မိုးနဲ-နမ့်ဇန် အထိဖောက်လုပ်ဖွင့်လှစ်ပြီး သော်လည်း ကလောမှ နမ့်ဇန်အထိ တိုက်ရိုက်ပြေးဆွဲခြင်းမရှိသေးဟု ကြားသိရ၏။ နမ့်ဇန်မှ မိုးနဲ အထိသာ (တစ်လ တစ်ကြိမ်- နှစ်ကြိမ် ခန့်) အသွားအလာ ရှိသည်ဟု မိုးနဲမြို့ခံ တစ်ဦး ကလည်း ပြောပြဖူးသည်။

သျှမ်းပြည်မြောက်ပိုင်းရထားလမ်းမှာ မန္တလေး-လားရှိုးရထားလမ်းဖြစ်ပြီး အင်္ဂလိပ်ခေတ်ကတည်းက ဖောက်ထားသော လမ်းဖြစ်၏။ နောင်ချို-ကျောက်မဲကြား တစ်တောင်နှင့်တစ်တောင်ကြား ရှိုနက်ကြီး ဖြတ်ကူးသော ဂုတ်ထိပ် တံတားမှာ နာမည် ကျော်လျက်ရှိပြီး တံတား သက်တမ်း ကုန်ခဲ့ပြီဖြစ် သော်လည်း အာဏာပိုင်တို့ တခါတရံသာ အနဲအကျဉ်းပြင်ဆင်၏။ ယနေ့တိုင် ရထား နေ့စဉ်ပြေး ဆွဲလျက်ရှိသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */