![]() မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် လှုပ်ရှား ဆောင်ရွက်နေသူ မစုစုနွေး ယခင်တကြိမ် ထောင်မှ လွတ်လာပြီး ၂၀၀၇နှစ် ဇွန်လ ၈ရက်နေ့က ဆေးရုံပေါ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) |
မန္တလေးမြို့ခံ။ ။ “၁၈ ယောက်လောက် ရောက်တယ်၊ မစုစုနွေးပါတယ်၊ သူအပါအဝင် ၃ ဦး၊ နောက်ပြီးတော့ ကိုလှမျိုးနောင်ပါတယ်၊ မြစ်ကြီးနား ရွှေဘို၊ မုံ႟ရွာ ၊ ခနီး္တ ၊ ကလေး ခွဲ့ပို့မှာလေ။”
အဲဒီ ၁၈ ယောက်ထဲမှာ သံဃာ ၄ ပါးလည်း ပါပြီး အားလုံး မနေ့က နိုဝင်ဘာ ၁၈ရက် အင်္ဂါနေ့ လောက်က မန္တလေးထောင်ကို တပြိုင်နက်တည်း ရောက်လာတယ်လို့လည်း သိရပါတယ်။ အခုရောက်နေတဲ့သူတွေကို တနေရာကို ၂ ယောက်နှုန်းနဲ့ ခွဲပို့မှာဖြစ်ပြီး အဲဒီခွဲပို့တဲ့ အထဲမှာ ပူတာအိုထောင်အထိ အပို့ခံရမဲ့ နိုင်ငံရေး အကျဉ်းသားလည်း ပါတယ်လို့လည်း အာအက်အေက စုံစမ်း သိရှိ ရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်ကတော့ နိုဝင်ဘာ ၁၁ ရက်နေ့က မအူပင်ထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ကျခံရတဲ့သူဖြစ်ပြီး မြစ်ကြီးနားထောင်ကို ပြောင်းရွှေ့ခံရမှာ ဖြစ်ပါတယ်။ မစုစုနွေးကတော့ ထောင်ဒဏ် ၁၂ နှစ်ခွဲကျခံရတာပါ၊ အခုလို ဝေးလံတဲ့ အကျဉ်းထောင်တွေကို အပို့ခံရတဲ့ အတွက် မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာတွေ့ဖို့ အခက်အခဲတွေရှိ သလို၊ အပို့ခံရတဲ့သူတွေရဲ့ ကျန်းမာရေးလည်း စိုးရိမ်ရတယ်လို့ လည်း မန္တလေးမြို့ခံက ပြောပါတယ်။
မန္တလေးထောင်အတွင်းမှာ လွန်ခဲ့တဲ့ အောက်တိုဘာလက ၂ နှစ်ကနေ ၁၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရတဲ့ ဦးကံထွန်း၊ ဦးသန်းလွင်နဲ့ ဒေါ်ဝင်းမြမြ စတဲ့ မန္တလေးတိုင်းက အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေကတော့ အခုအချိန်အထိ ထောင်ပြောင်းရွှေ့တာ မရှိဘူးလို့ အမှုကို လိုက်ပါဆောင်႟ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။









0 comments:
Post a Comment