အိုင်အယ်လ်အိုအဖွဲ့ ၏ ကူညီမှုဖြင့် ကလေးစစ်သားတဦး မိဘများထံပြန်ရောက်

Thursday, November 20, 2008 ·

သတင်း မြင့်မိုးဇော် ခေတ်ပြိုင် | မြန်မာစစ်အစိုးရ၏ ဘားအံမြို့ အမှတ် (၉) အခြေခံစစ်လေ့ကျင့်ရေးတပ်မှ ကလေးစစ်သား တဦးကို ရန်ကုန် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ရုံး (အိုင်အယ်လ်အို) ၏ အကူအညီဖြင့် မကြာခင်က မိဘများထံသို့ ပြန်လည် အပ်နှံနိုင်ခဲ့ပြီး တပ်မှ နုတ်ထွက်ခွင့် ရခဲ့သည်။
တပ်မှနုတ်ထွက်ခွင့် ရခဲ့သည့် ကလေးစစ်သားမှာ မောင်ရဲလင်းထက်ဖြစ်သည်။ ၎င်းသည် (၂၉-၇-၀၈) ရက်တွင် ကျောင်းတက်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဖခင်ဖြစ်သူနှင့် စိတ်ဆိုးကာ နေအိမ်မှဆင်း၍ သူငယ်ချင်း (၃) ယောက်နှင့်အတူ ထွက်ခွာသွားခဲ့ ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်မြင့်ကြွေမှ ခေတ်ပြိုင်သို့ ပြောပြသည်။

ထိုသို့ နေအိမ်မှထွက်သွားပြီး ရက်ပေါင်း (၂၀) ခန့် ကြာမှ မောင်ရဲလင်းထက်နှင့်အတူ လိုက်ပါသွားသော သူငယ်ချင်းနှစ်ယောက် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိလာပြီး မောင်ရဲလင်းထက်နှင့် သူငယ်ချင်း ဖြစ်သူ သီဟဦးတို့ကို ရန်ကုန်ဘူတာကြီးမှာ စစ်သားတဦး ကခေါ်ဆောင်သွားကြောင်း လာရောက် ပြောကြားခဲ့ သဖြင့် မောင်ရဲလင်းထက်အား စစ်တပ်သို့ အဓမ္မခေါ်ဆောင်သွားသည်ကို သိရှိခဲ့ရသည်ဟုလည်း ဒေါ်မြင့်ကြွေမှ ရှင်းပြခဲ့သည်။

မိခင် ဒေါ်မြင့်ကြွေသည် ယင်းသတင်းကို သိသိချင်း နောက်နေ့၌ပင် ရန်ကုန်ဘူတာကြီးသို့ လိုက်သွားပြီး မောင်ရဲလင်းထက်အား ခေါ်ဆောင်သွားသော စစ်သားကိုမေးမြန်းခဲ့ရာ ပထမတွင် သူမသိကြောင်း ငြင်းဆို ခဲ့သည်။ နောက်ပိုင်း ရဲလင်းထက်နှင့်အတူ လိုက်ပါသွားသူ ကလေးငယ်တဦးက သက်သေ အထောက် အထားများဖြင့် ပြောဆိုမှ မောင်ရဲလင်းထက်တို့ (၂) ယောက်လုံးကို ည (၂) နာရီ ရထားဖြင့် ဘားအံသို့ တပ်ကြပ်ကြီး ခင်မောင်ဆင့် ဆိုသူနှင့် ထည့်ပေးလိုက်ကြောင်းကို ပြောပြခဲ့သည်ဟု ဆိုသည်။

မောင်ရဲလင်းထက်မှာ လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းကျေးရွာ၊ အမှတ် (၆) အခြေခံပညာ မူလတန်းလွန် ကျောင်း၌ သတ္တမတန်းကို တက်ရောက် သင်ကြားနေသူဖြစ်ပြီး ယခုကဲ့သို့ စစ်တပ်ထဲ ခေါ်ဆောင်သွားချိန်တွင် အသက် (၁၅) နှစ်သာရှိသေးသည်။

မိခင်ဖြစ်သူဒေါ်မြင့်ကြွေသည် သားရှိသည်ဆိုသော ဘားအံအမှတ် (၉) အခြေခံ စစ်လေ့ကျင့်ရေး ကျောင်းသို့ လိုက်သွားပြီး သားဖြစ်သူကို ပြန်ခေါ်ရန်ကြိုးစားသော်လည်း အဆင်မပြေခဲ့ပေ။

၎င်းနောက် ရန်ကုန်မြို့ ကုန်သည်ကြီးများ Traders ဟိုတယ်တွင် ဖွင့်လှစ်ထားသည့် အိုင်အယ်လ်အိုရုံးသို့ အဖွဲ့ချုပ်ဝင် ကိုသန်းဇင်ဦး၏အကူအညီဖြင့် သွားရောက်တိုင်ကြားရာမှ အိုင်အယ်လ်အိုအဖွဲ့က လိုက်လံ ဆောင်ရွက်ပေးခဲ့သဖြင့် မောင်ရဲလင်းထက်အား အာဏာပိုင်များက တပ်မှနုတ်ထွက်ခွင့်ပေးခဲ့ပြီး မိဘများထံသို့ ပြန်လည်အပ်နှံခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ယခုအခါ မောင်ရဲလင်းထက်မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး ဖြစ်သော်လည်း ၎င်းနှင့်အတူပါသွားသူ မောင်သီဟဦးမှာ ဘားအံရှိအမှတ် (၉) အခြေခံစစ်လေ့ကျင့်ရေး ကျောင်းတွင် ကျန်ရစ်ခဲ့သည်ဟု စစ်တပ်မှ ပြန်လည်ရောက်ရှိလာသူ မောင်ရဲလင်းထက်က ပြောကြားခဲ့သည်။

နအဖစစ်အစိုးရသည့် အိုင်အယ်လ်အိုအဖွဲ့နှင့်ပူးပေါင်းကာ ကလေးစစ်သားများ ပပျောက်ရေးကို ဆောင်ရွက် နေသည်ဟုဆိုသော်လည်း ယနေ့တိုင်အောင်ပင် အဆိုပါမောင်ရဲ လင်းထက်ကဲ့သို့ ကလေးငယ်များ စစ်တပ် ထဲတွင် ဆက်လက်ရှိနေဆဲဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */