နိုင်ငံတော် ဘဏ္ဍာသုံး၍ ကြံ့ဖွံ့ မဲဆွယ်

Monday, October 04, 2010 ·

ဧရာဝတီ | ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့) သည် နိုင်ငံတော် ဘဏ္ဍာ အသုံးပြု၍ လမ်းခင်းခြင်း၊ ငွေချေးခြင်း၊ စာသင်ကျောင်း ဆောက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း ဖွင့်လှစ် ပေးခြင်းများဖြင့် မဲဆွယ်လျက် ရှိကြောင်း သိရသည်။


ရန်ကုန်မြို့ ကမာရွတ် မြို့နယ် အတွင်းရှိ လမ်းတလမ်းတွင် ကြံ့ဖွံ့ နာမည်ခံ၍ လမ်းခင်းပေးပြီး ကမ္ဗည်း မှတ်တိုင် စိုက်ထူ ထားစဉ်။ (ဓာတ်ပုံ - ဧရာဝတီ)
ရန်ကုန် မြို့တော် ခန်းမတွင် စက်တင်ဘာလ နှောင်းပိုင်းက ပြည်တွင်း သတင်း မီဒီယာတချို့ကို ခေါ်ယူတွေ့ဆုံစဉ် ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ တာဝန်ခံ ဦးအောင်သိန်းလင်းက ရန်ကုန်မြို့တွင် ဆင်ခြေဖုံးမြို့နယ်များ အပါအ၀င် မြို့နယ်များတွင် လမ်းပေါင်း ၄၀၀၀ ခန့်ရှိကြောင်း၊ ကြံ့ဖွံ့ပါတီသည် ထိုလမ်းများကို စီမံချက်ဖြင့် ခင်းပေးနေပြီး အဆိုပါ လမ်းခင်းခြင်းကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း၊ ဘိလပ်မြေကို စည်ပင်ပိုင် ဘိလပ်မြေစက်ရုံက ထုတ်လုပ် ပေးကာ လမ်းခင်း စက်များ သည်လည်း စည်ပင်သာယာရေး ပိုင်များသာ ဖြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။

“လမ်းခင်းဖို့ ဘိလပ်မြေက တရက်ကို အိတ် ၆၀၀၀၊ ၇၀၀၀ လောက်ထွက်တယ်” ဟု မြို့တော်ဝန်က ရှင်းပြသည်။

ကြံ့ဖွံ့ပါတီသည် ပြည်သူလူထုဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြံ့ဖွံ့အသင်း အနေဖြင့် ရပ်တည်စဉ်ကတည်းက လုပ်ဆောင်ခဲ့ပြီး ဆက်လက်လည်း လုပ်ဆောင်သွားမည်ဟု သူက ဆိုသည်။

“လမ်းတွေခင်းပေးတယ်၊ ရေရအောင်လည်း ရေတွင်းတွေ တူးပေးတယ်၊ ပြည်သူလူထု ကျန်းမာရေး အတွက်လည်း ဖြိုးစေတနာ ဆေးခန်းတွေ အခမဲ့ ဖွင့်လှစ် ပေးထားတယ်၊ ပညာရေး စောင့်ရှောက်မှု အနေနဲ့ စာသင်ကျောင်းတွေလည်း အများကြီး ဆောက်ပေး ထားတယ်။ စီးပွားရေး စောင့်ရှောက်မှု အနေနဲ့ ဆင်းရဲတဲ့ လူတွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ ငွေချေးပေးတယ်” ဟု ဦးအောင်သိန်းလင်းက မီဒီယာများကို ရှင်းပြခဲ့သည်။

ကြံ့ဖွံ့ပါတီ အနေဖြင့် အစိုးရ အသုံး စရိတ်ဖြင့် မဲဆွယ် လှုပ်ရှားမှုများ ဆောင်ရွက်နေခြင်းမှာ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ နိုင်ငံရေးပါတီ အများစုကလည်း ထိုသို့ အစိုးရ စရိတ်သုံးကာ မဲဆွယ်မှုများကို ရွေးကောက်ပွဲ ကော်မရှင်မှ တဆင့် ကန့်ကွက် သင့်ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်သည့် ကြံ့ဖွံ့ပါတီကို တရား ဥပဒေကြောင်းအရ ဖျက်သိမ်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင် တိုင်ကြားခြင်း၊ တရား စွဲဆိုခြင်း များလည်း ပြုလုပ် သင့်ကြောင်း ၀ါရင့် သတင်းစာ ဆရာ တဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကြံ့ဖွံ့ပါတီက ချိုးဖောက် နေတာတွေကို နိုင်ငံရေး ပါတီတွေက ကန့်ကွက် ရမယ်။ ရွေးကောက်ပွဲ ကော်မရှင်မှာ ဥပဒေ ချိုးဖောက်တဲ့ ကြံ့ဖွံ့ပါတီ ဖျက်သိမ်းပေးဖို့ တရားဝင်တောင်းဆိုရမယ်။ ကြောက်နေရင်တော့ ကြံ့ဖွံ့ပါတီရဲ့ မတရားနည်းလမ်းသုံး မဲဆွယ်တာတွေကို ထိုင်ကြည့်နေကြပေါ့” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ (က/ ၅) တွင် နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် ပါတီအဖွဲ့အစည်း ဖြစ်လျှင် နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု တရားဝင်ပြဋ္ဌာန်းထားသည်။

ကြံ့ဖွံ့ပါတီသည် လမ်းများ ခင်းရာတွင် ငွေကြေး မကောက်ခံဟု မြို့တော်ဝန်ကပြော ဆိုသော်လည်း အမှန်တကယ် လက်တွေ့တွင်မူ ရပ်ကွက် လူထုထံမှ ငွေကြေး ကောက်ခံမှုများ ရှိကြောင်း စုံစမ်းသိရှိရသည်။

“ပေ ၃၀၀ ရှိတဲ့ လမ်းခင်းဖို့ ကျပ် ၃ သိန်း ၆ သောင်း ရပ်ကွက်က ပေးလိုက်ရတယ်။ ပါတီဝင်လည်း စုပေးရတယ်” ဟု ကမာရွတ် မြို့နယ်မှ ရယက အဖွဲ့ဝင် တဦးက ပြောသည်။

ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး လူဦးရေ သန်း ၆၀ နီးပါးရှိသော မြန်မာ နိုင်ငံတွင် မဲပေးနိုင်သည့် အသက် ပြည့်ပြီးသူ လူဦးရေ သန်း ၃၀ ကျော်ရှိကြောင်း သိရှိရသည်။

နေပြည်တော် ခရိုင်တွင် မဲပေးနိုင်သော လူဦးရေ ၆ သိန်းကျော် ရှိပြီး ရန်ကုန်တိုင်းတွင်မူ မဲပေးနိုင်သော လူဦးရေ ၄၄၁၈၉၈၉ ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန် ထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */