မြန်မာ စစ်ရာဇဝတ်မှု စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် အမေရိကန် ဆွေးနွေး

Thursday, August 19, 2010 ·

ဧရာဝတီ | မြန်မာစစ် အစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ ကော်မရှင် တရပ် ဖွဲ့စည်းရေး အတွက် အမေရိကန် သမ္မတ အိုဘားမား အစိုးရ အဖွဲ့သည် တွဲဖက် နိုင်ငံတကာ အဖွဲ့များ၊ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းတွင် အရေးပါသည့် အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးလျက် ရှိကြောင်း သမ္မတအိမ်ဖြူတော်မှ သတင်းရရှိသည်။


ပြီးခဲသည့် ဇွန်လက ကရင်ပြည်နယ်တွင် နအဖစစ်တပ်ကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် မိသားစုများကို Free Burma Rangers အဖွဲ့က မှတ်တမ်းတင်ထားစဉ်။ နအဖ စစ်တပ်ကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးကြရ သည့် ကရင်တိုင်းရင်းသား ၅ သိန်းခန့် ရှိသည်။ (ဓာတ်ပုံ - AP)
“ရည်မှန်းချက်အတိုင်း အထမြောက်ဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ အဓိကကျသူတွေ၊ တခြားနိုင်ငံတွေ၊ ဒေသတွင်း အာဏာပိုင် အဖွဲ့အစည်းတွေ၊ အဖွဲ့အစည်း စုံက လူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ စနေပါပြီ” ဟု သမ္မတအိမ်ဖြူတော်၊ အမျိုးသား လုံခြုံရေး ကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဘင်ဂျမင် ချန်းက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ တောင်းဆိုတိုက်တွန်း သည့် အတိုင်း မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမည့် ကော်မရှင် ဖွဲ့စည်းရေးကို အမေရိကန်က ထောက်ခံကြောင်း ဘင်ဂျမင် ချန်းက အတည်ပြု ပြောကြားသည်။

“စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့တာကို ထောက်ခံပေမယ့် အမေရိကန် အနေနဲ့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံရေးကို လည်း ဆက်လုပ်မှာပါ”ဟု ဘင်ဂျမင် ချန်းက ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒသစ်ကို ကြေညာပြီး တနှစ်နီးပါး ကာလအတွင်း၌ အမေရိကန်-မြန်မာ အစိုးရအဆင့် တွေ့ဆုံဆွေးနွေးရေးကို နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခဲ့ပေ။

“ရှင်းရှင်းလင်းလင်း ပြောရရင် သံတမန်နည်းနဲ့ ထိတွေ့ဆက်ဆံရေးက အဖြေမဟုတ်ပါဘူး။ အမြဲတမ်း ရည်မှန်းချက်ကတော့ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲ ဖြစ်ရေးပါပဲ။ ထိတွေ့ဆက်ဆံရေး မူဝါဒသစ်ကို ကျင့်သုံးနေချိန်မှာ ဖိအားပေးနိုင်မယ့် အခြေအနေတွေ ပေါ်ထွက်လာရင်လည်း ဒါကို ဟန့်တားမှာ မဟုတ်ပါဘူး” ဟု ဘင်ဂျမင် ချန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကျင့်စဉ် ငြိမ်းချမ်းစွာ ဖြစ်ထွန်းရေး၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရေးတို့သည် အဓိက မူဝါဒ ဖြစ်ကြောင်း ဘင်ဂျမင်က ဆိုသည်။

စစ်အစိုးရက ကြေညာလိုက်သည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့နှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် ဘင်ဂျမင် ချန်းက “မြန်မာစစ်အစိုးရဟာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုကို ရလိမ့်မယ် မထင်ပါဘူး။ စစ်အစိုးရက အတိုက်အခံပါတီတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေကို ပါဝင်ခွင့်မပြုဘူး။ ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲ အနေအထားဖြစ်အောင် ဖန်တီးဖို့ မြန်မာစစ်အစိုးရအနေနဲ့ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ စစ်မှန်တဲ့ အမျိုးသားရေး တွေ့ဆုံဆွေးနွေးမှု အပါအဝင်ပါပဲ” ဟု ဖြေကြားသည်။

၎င်းက ဆက်လက်၍ “ပြီးခဲ့တဲ့ လပေါင်းများစွာ အတွင်း မြန်မာပြည်မှာ ကျနော်တို့ မျှော်လင့်သလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာတဲ့ လက္ခဏာ တစုံတရာ မတွေ့ရပါဘူး။ သံတမန် လမ်းကြောင်းကနေ တိုးတက်မှုတွေရဖို့ ဆက်ကြိုးစားပါဦးမယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ အာဆီယံလို အဖွဲ့အစည်းတွေ အကူအညီနဲ့ ဒဏ်ခတ်ပိတ်ဆို့ရေး၊ စိစစ်တင်းကျပ်ရေးကို သုံးပြီး အပြောင်းအလဲအတွက် ဖိအားပေးဖို့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ဆက်လုပ်သွားပါမယ်” ဟု ပြောသည်။

US Campaign for Burma က သြစတြေးလျ၊ ဗြိတိန်၊ ချက်နိုင်ငံနှင့် ဆလိုဗက်ကီးယားတို့သည် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံသည်ဟု ပြောကြားသည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ ကနေဒါနှင့် တခြားနိုင်ငံများ၏ ထောက်ခံမှု ရရှိရန် ပြည်ပရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက ကြိုးပမ်းလျက် ရှိသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က “နယူးဇီလန်၊ ကနေဒါနဲ့ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ခံမှု ရအောင် ကျနော်တို့ ဆော်သြနေပါတယ်။ လတ်တလော ရည်ရွယ်ချက်ကတော့ နိုင်ငံအများစုက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံဖို့နဲ့ တကယ့် တရားမျှတစွာ ဆောင်ရွက်မယ့် ကော်မရှင် ပေါ်ထွက်ဖို့ပါပဲ” ဟု ပြောသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးအတွက် တရုတ်ကဲ့သို့သော အာရှနိုင်ငံများ၏ ထောက်ခံမှု ရရန်မှာ မျှော်လင့်ချက် အလွန်နည်းကြောင်း၊ ထိုနိုင်ငံများသည် မြန်မာပြည်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အာရုံစိုက်မှု မရှိသည်မှာ ရှက်စရာကောင်းကြောင်း ထိုင်းနိုင်ငံ အခြေစိုက် စင်ပြိုင်အာဆီယံအဖွဲ့မှ စည်းရုံးရေးမှူး ဒက်ဘီ စတူးဟတ်က ပြောသည်။

“ဒေသတွင်း အရေးပါတဲ့ တရုတ်နဲ့ အာဆီယံတို့ဟာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ရေးကို ထောက်ခံသင့်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှု အကျိုးဆက်တွေကို သူတို့ ခံစားနေရလို့ပါပဲ” ဟု ဒက်ဘီ စတူးဝပ်က ဆိုသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ပေါ်လို ဆာဂျီယို ပီညဲရိုး ကလည်း ကော်မရှင်ဖွဲ့စည်းရေး အမေရိကန်၏ ဆုံးဖြတ်ချက်ကို ထောက်ခံလိုက်သည်။

“စုံစမ်းစစ်ဆေးရေး ကော်မရှင် ပေါ်ထွက်ရေး တောင်းဆိုမှုဟာ အချိန်ကိုက်လို့ပဲ ကျနော် ထင်ပါတယ်။ အကောင်အထည် ပေါ်မယ် မပေါ်ဘူးဆိုတာကို မပြောနိုင်ပေမယ့် တကယ်တော့ ကြိုးစားကြည့်သင့်တဲ့ ကိစ္စပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် မေလတွင် နယူးယောက်တိုင်းမ် သတင်းစာ၌ မစ္စတာ ပီညဲရိုးက စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ်ကို ဖွဲ့စည်းရန်နှင့် ထိုကော်မရှင်က စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို စုံစမ်းဖော်ထုတ်ရန် အကြံပြု ရေးသားဖူးသည်။


ဧရာဝတီ သတင်းထောက် Lalit K Jha နှင့် ဘကောင်း ပူးပေါင်းရေးသားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */