မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှုဖြစ်

Thursday, August 19, 2010 ·

စိုင်းဇွမ်ဆိုင်း | တနင်္သာရီတိုင်း ထားဝယ်မြို့ အခြေစိုက် အမှတ် (၂၆၇) ခြေလျင်တပ်ရင်းမှ မြန်မာ့ရေပိုင်နက် ကော့သောင်း မြို့အနီးတွင် မကြာသေးခင် ရက်ပိုင်းက တပ်စု အချင်းချင်း ပစ်ခတ်မှုကြောင့် အရာရှိတဦး သေဆုံးပြီး ပစ်ခတ်သူများကို မြိတ်မြို့တွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။

ပင်လယ်ပြင် စိုးမိုးရေးအတွက် ခလရ (၂၆၇)မှ တပ်စု နှစ်စုက လှေတစီးစီဖြင့် လှည့်ကင်းထွက်ကြရာ တရားမဝင် ငါးဖမ်း လှေ တစီးကို တပ်စုတစုက ဖမ်းဆီးပြီး ပစ္စည်းများထိန်းသိမ်းထားချိန်တွင် ကျန်တပ်စုက ပြန်လွှတ်ပေးရန် ပြောဆိုကြရာမှ ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

ကော့သောင်း မြို့ခံတဦးက“ဗိုလ်ကြီး အဆင့် ရှိတဲ့ အရာရှိ တယောက် သေသွားတယ်၊ ပစ်တာက တပ်ကြပ် တယောက်နဲ့ ရဲဘော် နှစ်ယောက်၊ ပစ်ပြီးတော့ မီးသွေးလှေနဲ့ ထွက်ပြေးကြတယ်၊ ရနောင်း မရောက်ခင်မှာပဲ ပြန်ဖမ်းမိတယ်၊ အခုတော့ ဘိတ်မှာ ထိန်းသိမ်းထားတယ် ပြောတယ်”ဟု ဧရာဝတီသို့ပြောသည်။

ထားဝယ် အခြေစိုက် ခလရ (၂၆၇)၊ ကော့သောင်း အခြေစိုက် ခလရ (၂၆၂)၊ မြိတ် အခြေစိုက် ခလရ (၂၆၅) တို့မှ ပင်လယ် ပြင် စိုးမိုးရေး အတွက် အလှည့်ကျ တာဝန်ယူရကြောင်း ကော့သောင်း မြို့ခံက ဆက်လက်ပြောဆိုသည်။

ငါးဖမ်း စက်လှေများသည် ထိုင်းနိုင်ငံသားပိုင် စက်လှေများဖြစ်ပြီး မြန်မာ့ရေပိုင်နက်၌ ငါးဖမ်းရန်အတွက် မြန်မာများက နာမည်ခံလေ့ရှိကြောင်း၊ ယင်းကဲ့သို့လှေများကို တရားမဝင် ငါးဖမ်းလှေများဟု ခေါ်ဆိုကြပြီး တရားမဝင် ငါးဖမ်းလှေ (အသေး) တစီး အတွက် တလလျှင် ကျပ်ငွေ တသိန်းနှင့် ဒီဇယ် ၈ ဂါလံ၊ ငါးဖမ်းလှေ (အကြီး) အတွက် တလလျှင် ကျပ် ၇ သိန်း ခန့်နှင့် ဒီဇယ် ၂ ပီပါကို ပင်လယ်ပြင် စိုးမိုးရေး အတွက် တာဝန် ယူထားသော တပ်များကို ပေးဆောင်ကြရကြောင်း သိရှိရသည်။

“လှေကြီးတွေ ငါးဖမ်းထွက်ပြီဆိုရင် ဒီဇယ် ၂ ပီပါကို လှေဦးမှာ တင်သွားကြတယ်၊ စစ်ကြောင်းနဲ့တွေ့ရင် ပေးဖို့အတွက် ဆိုပြီးမှ၊ လှေဦးမှာဆိုတော့ တင်ရ ချရတာ လွယ်တယ်လေ”ဟု ဒေသခံတဦးက ဆိုသည်။

တရားမဝင် ငါးဖမ်းလှေများသည် ပင်လယ်ပြင်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းလှေများ အားလုံးကို ၎င်းတို့ သတ်မှတ် ထားသည့် ငွေနှင့် ဒီဇယ်များကို မပေးနိုင်ကြောင်း၊ စစ်ကြောင်းလှေ သုံးစီးရှိပါက နှစ်စီးကိုသာ ပေးနိုင်ကြောင်း၊ ကျန် စစ်ကြောင်းလှေ တစီးကို တတ်နိုင်သမျှ ရှောင်ကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယခင်က ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း မရှိဘူးကြောင်း၊ တရားမဝင်လှေများကို ဖမ်းဆီးမိလျှင်လည်း သက်ဆိုင်ရာ အာဏာပိုင်များထံ ချက်ခြင်း အပ်နှံကြသဖြင့် ပြဿနာ ကြီးထွားမှု မရှိကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */