NLD တရားသူကြီးချုပ်ထံ စာပို့

Friday, April 09, 2010 ·

ကိုထွေး | အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် (NLD) က စစ်အစိုးရအား တရားစွဲဆို ခဲ့ခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် တရားသူကြီးချုပ်ထံသို့ ယမန်နေ့က စာရေးသား ပေးပို့လိုက်သည်။

ပြဌာန်းလိုက်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများသည် တရားမျှတမှု မရှိသည့်အတွက် NLDက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မတ်လက တရားစွဲဆိုခဲ့သည်။

သို့သော်လည်း တရားရုံး တရားမဌာနမှ တာဝန်ရှိသူက“ကျမတို့၌ စီရင်ပိုင်ခွင့် မရှိ” ဟု ပြောဆိုပြီး အမှုတွဲကို ပြန်လည် ပေးအပ်ခဲ့ သဖြင့် နေပြည်တော် တရားသူကြီးချုပ်ထံသို့ စာရေးသား ပေးပို့လိုက်ခြင်းဖြစ်သည်။

ရှေ့နေ ဦးဉာဏ်ဝင်းက “ဒီလို ငြင်းပယ်ခွင့် မရှိဘူး၊ ဒါဟာ ဥပဒေနဲ့ မညီဘူး၊ ငြင်းမယ် ဆိုရင် အကျိုးအကြောင်း ဖော်ပြရမယ်၊ ဒါဟာ ပြဌာန်းချက်ရှိတယ်၊ အဲဒါကြောင့် ဥပဒေနဲ့အညီ ဆောင်ရွက်ပေးပါလို့ တရားသူကြီးချုပ်ကို တင်တာပါ”ဟု ပြောသည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဥပဒေနှင့် အညီဖြစ်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အကယ်၍ လက်ခံခဲ့ပါက ဆုံးဖြတ်ချက်အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြင်းပယ်ခဲ့ပါက ဥပဒေနှင့် ဆန့်ကျင် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

အစိုးရက မတ်လ ၈ ရက်နေ့တွင် ပြဌာန်းသည့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေတို့ကို သုံးသပ်ကြည့်လျှင် “ဒီမိုကရေစီ ကျင့်စဉ်များ၊ လွတ်လပ်မှုများ၊ တရားမျှတမှုများ မရှိကြောင်းတို့ကို အထင်အရှား တွေ့မြင် နေရပါသည်” ဟု NLD ကဆိုသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းကျခံနေရသူကို ပါတီဝင်ခွင့် မပေးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ကြောင်း၊ ပြစ်ဒဏ်ကို ၂မျိုး ပေးသကဲ့သို့ ဖြစ်နေကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေများသည် ဤမျှ ဆိုးဆိုးဝါးဝါး ထွက်လာလိမ့်မည်ဟု မထင်ခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

NLDကရွေးကောက်ပွဲ ဥပဒေများကို ဥပဒေကြောင်းအရ ဆောင်ရွက်ရန် ကြိုးစားနေချိန်တွင် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ နိုင်ငံရေး ပါတီ ၄ ခုက ပါတီဖွဲ့ခွင့်ပြုရန် ထပ်မံ လျှောက်ထားကြောင်း ယနေ့ထုတ် အစိုးရပိုင် သတင်းစာတွင် ရေးသားထားသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ တအောင်း(ပလောင်) အမျိုးသား ပါတီနှင့် ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ် ပါတီတို့သည် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ထပ်မံ လျှောက်ထား ခဲ့သည့် အတွက် နိုင်ငံရေး ပါတီဖွဲ့ခွင့် ပြုရန် လျှောက်ထားသည့် ပါတီမှာ ၁၆ခု ရှိပြီဖြစ်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */