စက်သုံးဆီ အရောင်းဆိုင် ပုဂ္ဂလိက မလွှဲနိုင်သေး

Thursday, April 08, 2010 ·

ကျော်ခ | ချင်းမိုင် (မဇ္ဈိမ) ။ ။ စက်သုံးဆီ အရောင်းဆိုင်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ယခုလ ၃၁ ရက်နေ့ နောက်ဆုံး ထား၍ လွှဲပြောင်းရန် စစ်အစိုးရက စီစဉ်ထားသော်လည်း ယနေ့ထိတိုင် အပြီးသတ် လွှဲပြောင်းနိုင်ခြင်း မရှိသေးကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက ပြောသည်။

တနိုင်ငံလုံးရှိ စက်သုံးဆီ ဆိုင်ပေါင်း ၂၅၆ ဆိုင်ထဲမှ အစိုးရ ဌာနဆိုင်ရာများ အသုံးပြုသည့် ဆိုင်များမှလွဲ၍ ၂၄၆ ဆိုင်ကို ပုဂ္ဂလိက လက်သို့ လွှဲပြောင်း ပေးအပ်ရန် မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က စီစဉ်ထားသည်။

“မလွှဲရသေးဘူး။ လွှဲပြောင်းရေး ကိစ္စတွေ ဆောင်ရွက်ဆဲပဲ ဖြစ်နေသေးတာ” ဟု လွှဲပြောင်းရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက် နေရသော နေပြည်တော်ရှိ အရာရှိတဦးက ပြောသည်။

”စက်သုံးဆီ ဆိုင်တွေကို လိုချင်တဲ့ လူတွေကတော့ အများကြီးပေါ့ဗျာ” ဟု သူက ဆိုသည်။

လွှဲပြောင်း ရယူလိုသူသည် စက်သုံးဆီဆိုင် အတွက် သတ်မှတ်ထားသော တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ပေးသွင်း ထားရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန်၊ ဆီပြတ်မှုမရှိစေရန်၊ ကော်မရှင်ကို အကြောင်းကြားရန် သဘောတူညီရသည်ဟု စည်းကမ်းချက်တွင် ပါရှိကြောင်း စုံစမ်းသိရှိရသည်။

ဦးတေဇနှင့် ဦးအောင်သက်မန်းတို့ ဦးဆောင်ပြီး စက်သုံးဆီတင်သွင်းရောင်းချ၊ ဖြန့်ဖြူးသူများအသင်းကို ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ဖွဲ့စည်းခဲ့ပြီး၊ စစ်အစိုးရ၏ လက်ရင်းလူယုံ လုပ်ငန်းရှင်အနည်းဆုံး ၁ဝ ဦး ပါဝင်သည်။ သို့သော်လည်း အဖွဲ့ ဖွဲ့စည်းမှုကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

ရန်ကုန် သီလဝါဆိပ်ကမ်းနယ်မြေတွင် ပုဂ္ဂလိကပိုင် စက်သုံးဆီဆိပ်ခံတားများ တည်ဆောက်ခြင်းနှင့် ဆီသိုလှောင်ကန်များ တည်ဆောက်ခြင်းအတွက် ကုမ္ပဏီ ၁၅ ခုကို ချထားပေးပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးက ပြောသည်။

အခြားသော ကုမ္ပဏီများ လျှောက်ထားမှုလည်း ရှိနေကြောင်း ပြောဆိုသော်လည်း အသေးစိတ် ပြောရန်ကိုမူ ငြင်းဆန်လိုက်သည်။

ပုဂ္ဂလိကပိုင် ပြုလုပ်ပြီးနောက် လုပ်သားအင်အား အပြောင်းအလဲများ ပြုလုပ်လာနိုင်သည်ဟု စိုးရိမ်မှုများ ရှိသော်လည်း နေပြည်တော်က ညွှန်ကြားချက် ပေးပို့ခြင်း မရှိသေးကြောင်း ရန်ကုန်ရှိ စက်သုံးဆီ အရောင်းဆိုင်များက တညီတညာတည်း ပြောသည်။

“သူတို့ပြောင်းလာမှ ကျနော်တို့ကို မလိုချင်ဘူးဆိုရင် ကျနော်တို့က ဆီပိုက်ချပြီး ထွက်သွားရုံပဲ” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ဓာတ်ဆီဆိုင် ဝန်ထမ်းတဦးက ပြောသည်။

ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ရောင်းချမည့် စက်သုံးဆီ အရောင်းဆိုင်များမှာ ရန်ကုန်တိုင်းတွင် ၅၂ ဆိုင်၊ မန္တလေးတိုင်းတွင် ၃၉ ဆိုင်၊ ပဲခူးတိုင်း အရှေ့နှင့် အနောက်တွင် ၃၇ ဆိုင်၊ ဧရာဝတီတိုင်းတွင် ၂၇ ဆိုင်၊ ရှမ်း ပြည်နယ်တွင် ၂၄ ဆိုင်၊ မွန် ပြည်နယ်တွင် ၁၆ ဆိုင်၊ မကွေးတိုင်းတွင် ၁၅ ဆိုင်၊ စစ်ကိုင်းတိုင်းတွင် ၁၄ ဆိုင်၊ တနင်္သာရီတိုင်းတွင် ၆ ဆိုင်၊ ကချင် ပြည်နယ်တွင် ၇ ဆိုင်၊ ရခိုင် ပြည်နယ်တွင် ၆ ဆိုင်၊ ကရင်ပြည်နယ်တွင် ၂ ဆိုင်နှင့် ချင်းပြည်နယ်တွင် ၁ ဆိုင်တို့ ဖြစ်သည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */