တိုင်းရဲမှူး အပြောင်းအလဲကြောင့် ရန်ကုန် အနှိပ်ခန်းများ ယာယီ ပိတ်

Thursday, April 08, 2010 ·

မိုးမခ အထောက်တော် | ရန်ကုန်တိုင်း ရဲမှူး အပြောင်းအလဲ ကာလတွင် ရန်ကုန်ရှိ အနှိပ်ခန်းအများစု လုပ်ငန်း ခေတ္တ ရပ်နားထားရန် ခရိုင်ရဲများ၊ မြို့နယ် ရဲစခန်းများက ညွှန်ကြားထားကြောင်း အနှိပ်ခန်း လုပ်ငန်းရှင် များထံမှ သိရသည်။

ရဲ တချို့ကလည်း ရန်ကုန်တိုင်း ရဲမှူးကြီးအဖြစ် ရဲမှူးကြီးအောင်ဒိုင်း တာဝန်ယူပြီးနောက် အဖမ်းအဆီးတချို့ ပြုလုပ်ပြနေသည် ဟုဆိုသည်။

ရဲမှူး အပြောင်းအလဲ ကာလတွင် ဖြစ်တတ်သည့် ထုံးစံ အတိုင်း ဥပဒေပြင်ပမှ လုပ်ငန်းများ ဖြစ်သော ဆိုင်းဘုတ် မတင်ထားသည့် အနှိပ်ခန်းများ အလှပြင်ဆိုင် အမည်ခံ အနှိပ်ခန်းများ အားလုံး နီးပါး ခေတ္တ ရပ်နားရပြီး အသစ် ရောက်ရှိလာသည့် ရဲမှူးကြီးနှင့် ညှိနှိုင်း နားလည်မှု ရပြီး နောက်တွင် ပြန်လည် လုပ်ကိုင် ကြသည်ဟု ရဲအသိုင်းအ၀န်းနှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

လောင်းကစား လုပ်ငန်းများ ဖြစ်သည့် တစ်လုံး၊ နှစ်လုံး၊ သုံးလုံးနှင့် ဘောလုံးဒိုင်များလည်း သတိဖြင့် လုပ်ကိုင်နေကြသည်။ အချို့မြို့နယ်များတွင် အဖမ်းအဆီး ရှိနိုင်ကြောင်း ယခင် ဆက်ကြေး ကောက်ခံပြီး တာဝန် ယူထားသူ ရဲများက လောင်းကစားဒိုင်များအား သတိပေးထားသည်ဟု ဆိုသည်။

ယခင် ရဲမှူးကြီး အောင်နိုင်သူအား မန္တလေးတိုင်းသို့ ပြောင်းရွှေ့သွားရသည်။

သူ၏ နေရာတွင် ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့လာသော၊ စစ်ဘက်တွင် အမှုထမ်းဖူးသော ရဲမှူးကြီးအောင်ဒိုင်းနှင့် အစားထိုးခဲ့သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကို ရဲဝန်ထမ်းမှ ရာထူး တက်လာသူထက် စစ်တပ်မှ ပြောင်းရွှေ့လာသူအား အုပ်ချုပ် စေလိုသည့် အချက်ကြောင့် ရဲမှူးကြီး အောင်နိုင်သူသည် လောင်းကစားမှုများနှင့် မှုခင်း နှိမ်နှင်းရာတွင် နာမည် ရသော်လည်း မန္တလေးသို့ ပြောင်းရွှေ့ရခြင်း ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့ တခွင်တွင် အနှိပ်ခန်းပေါင်း အနည်းဆုံး ၃၀၀၀ ကျော် ရှိလိမ့်မည်ဟု ပြီးခဲ့သည့် လများက မဇ္ဈိမ သတင်းဌာန၏ သတင်း တပုဒ်တွင် ဖော်ပြခဲ့ဖူးပြီး၊ လက်ရှိ ကာလတွင်လည်း အလှပြင်ဆိုင် အမည်ခံ အနှိပ်ခန်းများ မှန်မှန် တိုးပွားလျက် ရှိသည်ကို တွေ့မြင်နေရသည်။

လမ်းတိုင်းတွင် အလှပြင်ဆိုင် အမည် ခံထားသည့် အနှိပ်ခန်းများကို မြင်တွေ့နိုင်သည်။ ထို လုပ်ငန်းများတွင် ညလည် သန်းခေါင်ချိန်အထိ မိန်းကလေးငယ်များ အလုပ် လုပ်ကိုင်လေ့ရှိသည်။ လျှပ်စစ်မီးမလာသည့် အချိန်များတွင် မီးစက်များ နှိုးထားသည့်အတွက် အနှိပ်ခန်း လုပ်ငန်း ကိုပါ တွဲဖက် လုပ်ကိုင်နေသည့်ဟု ကောက်ချက် ချနိုင်ကြောင်း ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

လူနေအိမ်များ အကြား အနှိပ်ခန်း ဖွင့်လှစ် ထားခြင်းကြောင့် ညသန်းခေါင် အနှိပ်ခန်း လာသူ အ၀င်အထွက်ဖြင့် အနီးအနား ပတ်ဝန်းကျင်တွင် နေထိုင်သူများ အနှောက် အယှက် ဖြစ်ခြင်း၊ သောက်စားမူးယစ်သူ အနှိပ်ခန်း ဖောက်သည် များကြောင့် အိမ်နီးနားချင်းတွင် နေထိုင်သူ မိန်းကလေးများ ကာယိနြေ္ဒ ပျက်အောင် ပြောဆို ခံရခြင်းများ ကိုလည်း ကြားသိနေရသည်။

သို့ရာတွင် အနှိပ်ခန်း စီးပွားရေးမှာ ရဲ၊ ရယကနှင့် အခြားသော ထောက်လှမ်းရေး အဖွဲ့များ၏ ဘေးပန်း ၀င်ငွေ ရရာ နေရာတခု ဖြစ်သည်။

သတင်း အချက် အလက်များ စုဆောင်းလိုသည့် ရည်ရွယ်ချက်ဖြင့်လည်း အဆိုပါ တရားမ၀င် လုပ်ငန်းများအား လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

source by : မိုးမခ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */