လုံခြုံရေးတင်းကျပ်သည့်ကြားမှ နေပြည်တော်သင်္ကြန် အထူးစည်ကား

Tuesday, April 20, 2010 ·


NEJ | နိုင်ငံတော်အဆင့် ကျင်းပသော ပထမအကြိမ် နေပြည်တော်မဟာသင်္ကြန်ပွဲတော်သည် လုံခြုံရေးတင်းကျပ်နေသည့်ကြားမှ အထူးစည်ကားခဲ့သည်ဟု နေပြည်တော်ဝန်ထမ်း အသိုင်းအ၀ိုင်းက ပြောသည်။

ထိုသို့ စည်ကားစေရေးအတွက် နေပြည်တော်ရှိ မြို့တော်ခန်းမရှေ့ မြို့တော်ဝန်မဏ္ဍပ်၊ ရာဇသင်္ဂဟလမ်းမပေါ်ရှိ ဟိုတယ်ဇုန်မဏ္ဍပ် (၉) ခုတို့တွင် တေးဂီတဖျော်ဖြေမှု အစီအစဉ်များဖြင့် ဆွဲဆောင်ကြရကြောင်း သိရသည်။

“နိုင်ငံတော်အစီအစဉ်ဆိုတော့ မလုပ်မဖြစ် လုပ်ကြရတယ်။ ရုပ်ရှင်၊ ဂီတ အနုပညာရှင်တွေလည်း မလာမဖြစ် လာကြရတယ်။ ခုနှစ်သင်္ကြန်မှာ ကျနော်တို့ သိန်းထောင်ချီ ရင်းနှီးခဲ့ရတယ်” ဟု ဟိုတယ်ဇုန် မဏ္ဍပ်ပိုင်ရှင်တဦးက ပြောသည်။

မြို့တော်ဝန်မဏ္ဍပ်၌ ကပြဖျော်ဖြေရန်အတွက်လည်း အစိုးရ၀န်ကြီးဌာနပေါင်းစုံ၊ စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများ၊ ဟိုတယ်လုပ်ငန်းရှင်ကြီးများမှ စရိတ်အများအပြား ကုန်ကျခံသုံးစွဲကာ ယိမ်းအဖွဲ့များဖြင့် ပါဝင်ယှဉ်ပြိုင်စေခဲ့သည်ဟု သိရသည်။


“ဌာနတခုကို (၁၂) ယောက်ယိမ်း၊ (၁၆) ယောက်ယိမ်းဖွဲ့ပြီး မြို့တော်ဝန်မဏ္ဍပ်မှာ နေ့စဉ်ဖျော်ဖြေရတယ်။ အကသင်တာတွေ၊ ၀တ်စုံစရိတ်၊ သွားလာစားသောက်စရိတ် ဌာနက ကျခံရတယ်” ဟု ဌာနတခု၏ ယိမ်းအဖွဲ့ခေါင်းဆောင်က ပြောသည်။

မြို့တော်ဝန်ရေကစားမဏ္ဍပ်သို့ မော်တော်ဆိုင်ကယ်များ ၀င်ရောက်စီးနင်းခွင့် မပြုဘဲ ရေပက်ခံယာဉ်တို့သာ ၀င်ခွင့်ရကြောင်း၊ မြို့တော်ခန်းမ ၀င်ပေါက်တွင် ရေပက်ခံယာဉ်ပေါ်မှ လူအားလုံး ဆင်းပေးရကြောင်း၊ ယာဉ်တစီးလုံးကို မိုင်းရှာကိရိယာဖြင့် ရှာဖွေကြောင်း၊ ရေကစားလိုသူများကိုမူ လုံခြုံရေးကိရိယာ တပ်ဆင်ထားသော တာလပတ်ကာ ရုံငယ်အတွင်း ဖြတ်သန်းပြီးမှ ယာဉ်ပေါ်ပြန်တက်စေကြောင်း သိရသည်။

ပျဉ်းမနားမြို့ခံတဦးက “ဟိုတယ်ဇုန် ရေကစားမဏ္ဍပ်တွေဘက်မှာ အစည်ကားဆုံးပဲ။ မဏ္ဍပ်အခြမ်းပဲ ရေကစားခွင့်ရပြီး အလယ်ကျွန်းတောက်လျှောက် လုံခြုံရေးအပြည့်ချထားတယ်။ ဒီတော့ ယာဉ်တွေ၊ ဆိုင်ကယ်တွေက အမှတ် (၂) ရဲစခန်းအခြမ်းက မောင်းဝင်လာပြီး ကျွန်းတဖက် ထိပ်ဝင်ပေါက် လုံခြုံရေးဂိတ်မှာ အစစ်ခံရတယ်” ဟု ပြောသည်။

တပ်မတော် တပ်ကြပ်ကြီးတဦးက “နေပြည်တော်သင်္ကြန်ကို အရင်နှစ်တွေထက် စည်ကားအောင် လုပ်မယ်လည်းပြောတယ်။ ခုလို လုံခြုံရေးတင်းကျပ်တာတော့ အဓိပ္ပာယ်မရှိလှဘူး” ဟု ပြောသည်။

ဧပြီ (၁၅) ၇က်နေ့ ညနေ ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်း X20 မဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုအပြီး နေပြည်တော်ရှိ မဏ္ဍပ်အားလုံး ယင်းနေ့ညနေ (၅) နာရီခန့်တွင် ပိတ်သိမ်းခဲ့ရသည်။

သင်္ကြန်အတက်နေ့တွင် ယခင်ထက် လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ပြီး မီးသတ်စခန်းရှေ့ဘက်မှ ယာဉ်များ၊ လူများကို အမျိုးသမီး၊ အမျိုးသား ခွဲခြားကာ စစ်ဆေးခံစေခဲ့သည်။

ဆိုင်ကယ်များ စီးရင်းဝင်ရောက်ခွင့် မပြုတော့ခြင်းကြောင့် မီးသတ်စခန်းနှင့် အမှတ် (၂) ရဲစခန်းဝင်ပေါက်တို့တွင် ဆိုင်ကယ်ထောင်နှင့်ချီ၍ ရပ်နားထားရကြောင်း ဒေသခံတို့က ပြောသည်။

ဟိုတယ်ဇုန်ရှိရာ ရာဇသင်္ဂဟလမ်းတလျှောက် လုံခြုံရေးတပ်ဖွဲ့ဝင် (၃၀၀) ကျော် တာဝန်ချထားပြီး အမှတ် (၂) ရဲစခန်း အပေါ်ထပ်တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးမှ အနီးကပ်စီစဉ်ကြီးကြပ်နေသည်ဟု သိရသည်။


source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */