ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး အသည်းတွင် ဗုံးဒဏ်ရာပြင်းထန်

Tuesday, April 20, 2010 ·


တက်လူ |ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီးအုံးချိုသည် သင်္ကြန်အကြတ်နေ့ ဧပြီ (၁၅) ရက်၊ ညနေ (၃) နာရီ၌ ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲခဲ့မှုကြောင့် အသည်းတွင် ဗုံးဒဏ်ရာရရှိကာ အလွန်စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း မင်္ဂလာဒုံစစ်ဆေးရုံ သတင်းရပ်ကွက်မှ သိရသည်။

အဆိုပါဆေးရုံမှ တာဝန်ကျဆရာဝန်တဦးက “သူ့အခြေအနေက အတော်စိုးရိမ်ရတယ်။ အသက်ရှင်ဖို့ဆိုတာ ငါးဆယ်၊ ငါးဆယ်ပဲ” ဟုပြောဆိုသည်။

ထိုနေ့က ပေါက်ကွဲခဲ့သော ဗုံးမှာ (၃) လုံး ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ပြီး ဗိုလ်မှူးကြီး အုံးချိုသည် မဏ္ဍပ်များကို စစ်ဆေးမှု ပြုလုပ်စဉ်တွင် ယင်းပေါက်ကွဲမှုနှင့် ကြုံရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း တယက မှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်ဒေသ (၄) မှ ဗိုလ်ကြီး တဦးကလည်း “သူ့ဒဏ်ရာက ၀မ်းတခုလုံးမှာ ဗုံးစတွေ ထိတာ ပွစာတက်နေတယ်၊ ဆရာဝန်ပြောပြတာတော့ အသည်းကို ထိတာတဲ့၊ အခုထိ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတုန်းပါ၊ ဗုံးအစတွေကိုလည်း ခက်ခက်ခဲခဲ ခွဲစိတ်ထုတ်ရတယ်တဲ့၊ ကျနော်တို့ကတော့ အမြန်ဆုံး ကျန်းမာပါစေလို့ပဲ ဆုတောင်းရုံပေါ့” ဟု ပြောသည်။


ယင်းဗုံးပေါက်ကွဲမှုများကြောင့် လူ (၈) ဦး သေဆုံးပြီး လူဦးရေ (၁၇ဝ) ခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရပိုင် သတင်းမီဒီယာများက ရေးသားဖော်ပြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး အသက် (၃၂) နှစ် အရွယ် ဗိုလ်ကြီးသန့်စင်သိမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ရာအိမ်မှူး ဦးခင်မောင်လေး အသက် (၆၁) နှစ်တို့အပါအ၀င် သေဆုံးသူ (၈) ဦးရှိသည်ဟု အစိုးရက ကြေညာသော်လည်း သေဆုံးသူ (၂၀) ခန့်ရှိသည်ဟု သတင်းထွက်နေသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှ ဒု-ရဲအုပ် (၂) ဦးနှင့် မယက ဥက္ကဋ္ဌမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ယခုတိုင် ရန်ကုန်ဆေးရုံကြီး ထိခိုက်ဒဏ်ရာ ခွဲစိတ်ကုသဆောင် ၅/၆တွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ဆေးရုံကြီးတာဝန်ကျ ဆရာဝန်တဦးထံမှ သိရသည်။

ယခုအခါ မြို့နယ်ရပ်ကွက်ရုံးအချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသူများအား ဖမ်းဆီးရန်အတွက် ကူညီသတင်းပေးသူကို ဆုငွေအဖြစ် ကျပ် (၁၀) သိန်း ပေးမည်ဟု အာဏာပိုင်များက ကြေညာထားသည်။


source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */