မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား

Wednesday, March 24, 2010 ·


လင်းနိုင်ဦး | မွန်ပြည်နယ် မော်လမြိုင်မြို့ ရပ်ကွက်အများအပြားတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေကြောင်း ဆရာဝန်များနှင့် မြို့ခံများက ပြောသည်။

ဂျီပီဆေးခန်း ဖွင့်လှစ်ထားသူ ဆရာဝန်တဦးက “ကျနော်တို့ဆီကို မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ စာဝင်လာပါတယ်။ အခု မြို့ပေါ်ရပ်ကွက် အတော်များများမှာ ကာလဝမ်းရောဂါ ဖြစ်ပွားနေတယ်။ ဒီတော့ ကာလဝမ်းရောဂါ ဖြစ်ပွားတယ်လို့ ယူဆရတဲ့ လူနာတွေ ရောက်လာရင် ဆေးရုံကိုလွှတ်ပါ။ နောက် လူနာစာရင်းကို ကျန်းမာရေးဦးစီးဌာနကို အကြောင်းကြားပေးပါ။ ပြည်သူတွေကို ကာလဝမ်းရောဂါအကြောင်း ပညာပေးပါ ဆိုတာမျိုးပါတယ်” ဟု ရှင်းပြသည်။

ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုခဲ့သူ မြို့ခံတဦးက ယခု ဆေးရုံကို ကာလဝမ်းရောဂါဖြစ်ပြီး ရောက်လာသူ အတော်များကြောင်း၊ ကုတင်မဆန့်၍ အပြင်ဘက်တွင် ကုတင်ထိုးပြီး ဆေးပုလင်းချိတ် ကုသသည်ကို မြင်ရကြောင်း၊ လူနာများမှာ ရပ်ကွက်ပေါင်းစုံမှ ဖြစ်သော်လည်း လှိုင် မကျီးတောအရပ်မှပင် လူနာ အယောက် (၅ဝ) ခန့်ရှိကြောင်း ပြောသည်။


မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်မတဦးက ပြီးခဲ့သည့်သီတင်းပတ်ကတည်းက သီရိမြိုင်ရပ်ကွက်တွင် ဝမ်းရောဂါစဖြစ်ကာ ဖြစ်ရသည့်အကြောင်းရင်းမှာ ရပ်ကွက်နေ ပြည်သူများ ဆင်းရဲပြီး ရေကောင်းရေသန့် မရရှိခြင်း၊ ယင်လုံအိမ်သာ လုံလောက်မှု မရှိခြင်း၊ အစားအသောက် သန့်ရှင်းမှုမရှိခြင်း၊ ကျန်းမာရေးဗဟုသုတမရှိခြင်း စသည်တို့ကြောင့် ကူးစက်ရောဂါဖြစ်လာပြီး ရပ်ကွက်တခုမှတခု ကူးစက်သွားကာ ယခု မော်လမြိုင်မြို့ပေါ်ရှိ ဆင်းရဲသားရပ်ကွက်တိုင်း ဖြစ်ပွားသည့်အခြေအနေ ရောက်နေကြောင်း ရှင်းပြသည်။

ယခုကိစ္စ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျေးလက်ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများကို ခေါ်ယူ အသိပေးရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း၊ ဂျီပီ ဆရာဝန်များကို စာပို့ အကြောင်းကြားရခြင်းမှာ ဂျီပီဆေးခန်းများသည် ကူးစက်ရောဂါ ဖြစ်ပွားသောလူနာကို ဆေးရုံမပို့ဘဲ ကိုယ့်ဖာသာကိုယ် ကြိတ်ကုသကြပြီး မနိုင်သည့်အခါ သေဆုံးခဲ့သည့် သာဓကများ ယခင်က ရှိခဲ့၍ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ယခု ကာလဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးမှုများ ရှိသော်လည်း ထုတ်ဖော်ပြောဆိုခွင့် မရှိကြောင်း အဆိုပါ ဆရာဝန်မက ပြောသည်။

မော်လမြိုင်မြို့တွင် ယခင်က ကာလဝမ်းရောဂါ ဖြစ်ပွားတိုင်း မုန့်ဟင်းခါး၊ ရေခဲဖြင့် ဖျော်ရသည့်ဖျော်ရည်နှင့် အမှည့်လွန်သစ်သီးများ မရောင်းရန် တားမြစ်လေ့ရှိပြီး အကယ်၍ ရောင်းချခဲ့ပါက စည်ပင်ဝန်ထမ်းများက ဖမ်းဆီးသိမ်းယူပြီး ရေထဲမျှောပစ်မည်ဆိုကာ သဗ္ဗာန်များဖြင့် ရေလယ်သို့ သယ်ဆောင်သွားကာ ခွဲဝေယူလေ့ရှိကြောင်းလည်း မြို့ခံများက ပြောပြသည်။



source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */