မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်အခဲဖြစ်

Wednesday, March 24, 2010 ·


စိုးမိုး |နွေရာသီတွင် နာဂစ်မုန်တိုင်းသင့်ဒေသ၌ လူဦးရေ (၁) သိန်း (၈) သောင်းခန့် သောက်သုံးရေ အခက်အခဲ တွေ့ကြုံနေရဆဲ ဖြစ်ကြောင်း သုံးပွင့်ဆိုင်အဖွဲ့က ပြောကြားသည်။

နာဂစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဖွဲ့စည်းထားသည့် ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာစစ်အစိုးရ ပူးပေါင်းဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်အဖွဲ့က ယခုလ ဒုတိယပတ်တွင်ပြုလုပ်သည့် အကူးအပြောင်းကာလ ဗျူဟာများ ဆွေးနွေးပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။


“မုန်တိုင်းသင့်မြို့နယ် (၃) ခုထဲက ကျေးရွာ (၁၁၂) ရွာမှာ နေထိုင်သူ (၁၈၀,၀၀၀) လောက်ဟာ နွေရာသီကာလတွေဖြစ်တဲ့ မတ်လနဲ့ ဧပြီလမှာ သောက်သုံးရေ အခက်အခဲနဲ့ တွေ့နေရဆဲ ဖြစ်တယ်” ဟု သုံးပွင့်ဆိုင်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

“ရေအခက်အခဲ ရှိတာကတော့ အမှန်ပဲ။ အခု လပွတ္တာ ပင်လယ်ပိုင်း ရွာတွေဆိုရင် သောက်ရေရဖို့ မြစ်တွေဘက်ကို စက်လှေနဲ့သွားပြီး ယူရတဲ့အထိ ဖြစ်နေတာတွေ ရှိနေတယ်။ အရင်ကတော့ ရေကန်တွေ အားထားတာ၊ အခုက ရေကန်တွေက တချို့ရွာတွေ ပြင်တာပြီးပေမယ့် တချို့ရွာတွေ မပြီးသေးဘူး။ အဓိက မိုးရေလှောင်ကန်တွေ လုပ်ပေးနိုင်ဖို့တော့ လိုအပ်နေတာ အမှန်ပဲ” ဟု လပွတ္တာမြို့နယ် ပြင်စလူဒေသခံတဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း ပင်လယ်နှင့်နီးသည့် ဒေသတို့တွင် ယခင်ကာလများကတည်းက နွေရာသီ၌ သောက်သုံးရေ အခက်အခဲ ရှိနေပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်များ အပါအ၀င် နိုင်ငံတကာ အကူအညီများဖြင့် မိုးရေလှောင်ကန်များ၊ ကိုယ်ထူကိုယ်ထ ရေချိုသိုလှောင်ကန်များ တည်ဆောက် အားထားခဲ့ရသော်လည်း နာဂစ်ဆိုင်ကလုန်းကြောင့် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ်က မုန်တိုင်းသင့်ဒေသများတွင် လူဦးရေ (၃) သိန်း (၆) သောင်းခန့် သောက်သုံးရေ မလုံလောက်မှုရှိခဲ့ပြီး ယခုနှစ်တွင် (၁) သိန်း (၈) သောင်းခန့်သာ ရှိတော့သည့်အတွက် သောက်သုံးရေ လိုအပ်ချက် (၅၀) ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်ခဲ့သည်ဟု သုံးပွင့်ဆိုင်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။

သို့သော် နာဂစ်မုန်တိုင်းသင့်ဒေသများတွင် သောက်သုံးရေ မလုံလောက်မှုအပြင် စီးပွားရေးလုပ်ငန်းများ၊ စားဝတ်နေရေးအတွက် အခြေခံလိုအပ်ချက်များပင် ပြည့်မီခြင်းမရှိသေးကြောင်း ဖျာပုံအခြေစိုက် ပြည်တွင်းအန်ဂျီအိုတခုက ပြောသည်။

သုံးပွင့်ဆိုင်အဖွဲ့သည် နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လာမည့် ဇူလိုင် (၃၁) ရက်တွင် အဆုံးသတ်ပြီး စစ်အစိုးရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ လုပ်ငန်းများ လွှဲပြောင်းပေးရမည် ဖြစ်သည်။



source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */