ရွေးကောက်ပွဲတွင် ပါဝင်မဲပေးကြရန် ဝန်ကြီးချုပ်သိန်းစိန် ပြောဆို

Wednesday, March 10, 2010 ·

ခိုင်လင်း | မကြာမီ ကျင်းပတော့မည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင် မဲပေးကြရန် စစ်အစိုးရ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောကြားလိုက်သည်။

ယနေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည် မြောက်ပိုင်း၊ နမ်းခမ်းမြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြံ့ခိုင်ရေး အသင်း အမှုဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ်တွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူ တရပ်လုံးက ထောက်ခံခဲ့ပြီး ဖြစ်၍ အခြေခံ ဥပဒေ အရ လွှတ်တော် ကိုယ်စားလှယ် များကို ရွေးချယ်နိုင်ရန် ၂ဝ၁ဝ ရွေးကောက်ပွဲအား ကျင်းပပေးတော့မည် ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် ပါဝင်မဲပေးကြရန် လိုကြောင်း ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောဆိုခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တဦးက ပြောသည်။

၎င်းက “သူပြောတာ ကတော့ ခဏလေးပဲ။ အဓိကတော့ နိုင်ငံတော်က ကျင်းပတဲ့ ရွေးကောက်ပွဲကို ထောက်ခံ သွားရမယ်ပေါ့။ အဲဒါကို ပြသတဲ့အနေနဲ့ မဲပေးကြရမယ်ဆိုပြီး ပြောသွားတယ်။ ဘယ်လ၊ ဘယ်နေ့ ရွေးကောက်ပွဲ လုပ်မယ့် အချိန်ကို မပြောဘူး” ဟု ပြောသည်။

ယနေ့ နေ့လယ်ပိုင်းက ဝန်ကြီးချုပ် သိန်းစိန်နှင့်အဖွဲ့သည် နမ်းခမ်းမြို့ကို ရဟတ်ယာဉ် များဖြင့် ရောက်ရှိလာပြီး (၁) နာရီခန့်သာ အစည်းအဝေး အချိန် ကြာခဲ့သော်လည်း ဒေသခံများ အနေဖြင့် လူကြီးလာမည်ဖြစ်၍ အလုပ် ရှုပ်ခဲ့ရသည်ဟု နမ်းခမ်း ဒေသခံ တဦးက ပြောသည်။

၎င်းက “သူလာတာတော့ (၁) နာရီလောက်ပဲ ရှိမယ်။ ပြင်ဆင် လိုက်ကြတာတော့ (၁) ပတ်မကဘူး။ ဧည့်စာရင်းတွေ ပြီးခဲ့တဲ့ သုံး၊ လေးရက် ကတည်းကစလို့ စစ်တယ်။ ဒီမှာ တရုတ်နဲ့ အသွားလာ ကုန်သွယ် တာတွေ ရပ်ထားရတယ်။ မီတာ ဘောက်တွေကို ကျပ် (၅ဝ,ဝဝဝ) ပေးပြီး လဲနေရတယ်။ ရွှေလီ ရေအား လျှပ်စစ်က မီးပေးမှာမို့၊ ဓာတ်တိုင်တွေ စိုက်ဖို့ လုပ်အားပေးတွေ လုပ်ခဲ့ရတယ်။ အမှတ်အသား တခုတော့ ကျန်ခဲ့တာပေါ့။ သူလာမှပဲ ဒီရွှေလီ ရေအားလျှပ်စစ် မီးရတော့တယ်” ဟု ပြောသည်။

မူဆယ်နှင့် နမ်းခမ်း ဒေသခံများသည် ယမန်နှစ်၊ မေလအတွင်းက ဖွင့်လှစ်ခဲ့သည့် ရွေလီ (၁) ရေအား လျှပ်စစ်စက်ရုံမှ ဓာတ်အားကို အသုံးမပြုရဘဲ တရုတ်ပြည်ဘက်မှ ရောင်းပေး နေသည့် လျှပ်စစ် ဓာတ်အား ကိုသာ အသုံးပြုနေကြရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */