ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း စတင်၊ ရွာများစွာ ရွှေ့ပြောင်း ခံရဖွယ်ရှိ

Wednesday, March 10, 2010 ·

ဝီရ | မြန်မာ နိုင်ငံမှ တဆင့် နယ်စပ် ဖြတ်ကျော် လမ်းကြောင်းများ အကောင်အထည် ဖော်ဆောင်ရေးတွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းကို စတင် ဆောင်ရွက် နေပြီ ဖြစ်သည်။

ရေနက် ဆိပ်ကမ်း တည်နေရာကို ထားဝယ်မြို့ မောင်းမကန် ကမ်းခြေ အထက်ပိုင်း နဘူးလယ် ကျေးရွာနှင့် ပင်လယ်ဘက် ဟိန်းဇဲကျွန်းစု အကြားတွင် ဖြစ်ပြီး ဆောက်လုပ်မည့် အနီး ဝန်းကျင်ရှိ ကျေးရွာပေါင်း (၁) ဒါဇင်ကျော် တို့ကို စတင် ပြောင်းရွှေ့ ခိုင်းနေကြောင်း ကိုယ်တိုင် သွားရောက် လေ့လာခဲ့သူ တဦးက ပြောကြားသည်။

၎င်းက “ဆိပ်ကမ်းနေရာက မောင်းမကန် ကမ်းခြေကနေ (၁၀) မိုင်လောက်ပဲ ဝေးတယ်။ အရင်ဆုံးအနေနဲ့ ကမ်းရိုးတန်း တလျှောက်က တံငါသည် ရွာတွေနဲ့ နဘူးလယ် ကျေးရွာ အုပ်စုတွေကို မောင်းမကန် ချောင်းဘက်ကို ပြောင်းခိုင်း နေတယ်။ လျော်ကြေးပေးမယ့် အကြောင်းလည်း မပြောတော့ ရွာသားတွေက မပြောင်းချင်ကြဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

သို့သော် ဒေသခံရွာသားများကို အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အခကြေးငွေ ပေး၍ အသုံးပြုမည်ဟု သက်ဆိုင်ရာ အာဏာပိုင်တို့က ကတိပေးထားကြောင်း ရွာသားများထံမှ သိရသည်။

ယခု စတင်လိုက်သည့် စီမံကိန်းသည် ဆိပ်ကမ်းတည်ဆောက်ရေးအပါအဝင် ထိုင်းနိုင်ငံ ကန်ချနဘူရီ-ထားဝယ် နယ်စပ်ဖြတ်ကျော် လမ်းပိုင်းလည်း ပါဝင်ကြောင်း ထိုလုပ်ငန်းခွင်မှ လက်ထောက်အင်ဂျင်နီယာတဦးက အတည်ပြု ပြောကြားသည်။

“စက်မှုနဲ့ပညာပိုင်းကတော့ ထိုင်းက အားလုံးချပေးထားတယ်။ အခု စက်ယန္တရားကြီးတွေကို နယ်စပ်နဲ့ပင်လယ်ကနေ ထိုင်းက ပို့ပေးနေပြီး လုပ်ငန်းတချို့ စတင်နေပြီ” ဟု အဆိုပါ အင်ဂျင်နီယာက ပြောကြားသည်။

ထိုင်းဘတ်ငွေ (၂) ဘီလီယံကျော် ကုန်ကျမည့် ထိုစီမံကိန်းအတွက် ထိုင်းနိုင်ငံမှ ပညာရှင်များက ၂၀၀၅ ခုနှစ်ကတည်းက လာရောက်လေ့လာခဲ့ပြီး ရေနက်ဆိပ်ကမ်း စီမံကိန်းအပါအဝင် ကန်ချနဘူရီမြို့မှ ကီလိုမီတာ (၁၃၀) ကျော် ရှည်လျားသည့် ကားလမ်းပိုင်း ဖောက်လုပ်ပေးသွားရန် ၂၀၀၈ ခုနှစ် မေလတွင် ထိုင်းအစိုးရက မြန်မာစစ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းပြီးစီးသွားပါက ထိုင်းနိုင်ငံသာမက နောက်ပိုင်းတွင် တရုတ်၊ လော၊ ဗီယက်နမ်နိုင်ငံအပါအ၀င် ဥရောပနှင့် အနောက်နိုင်ငံတို့မှ ကုန်စည်များကို မလက္ကာကျွန်းဆွယ်ဒေသနှင့် စင်ကာပူနိုင်ငံကို ဖြတ်သန်း၍ ကုန်စည်သယ်ယူခြင်းထက် မြန်မာနိုင်ငံ ရေနက် ဆိပ်ကမ်းမှတဆင့် လျင်မြန် ချောမွေ့စွာ ကုန်းတွင်းပိုင်း သယ်ယူပို့ဆောင်ရေးကို အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း အောင်မြင်နိုင်ရန် ထားဝယ်ဒေသရှိ ပြည်သူတို့ အပေါ် မြန်မာစစ်အစိုးရက ပိုမို၍ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ် လာမည်ကို လူ့အခွင့်အရေး စောင့်ကြည့်သူတို့က စိုးရိမ်နေကြသည်။

“ထားဝယ်ကနေ ထိုင်းနိုင်ငံ ကန်ချနဘူရီကို ဖြတ်တဲ့ လမ်းကြောင်းက ကေအန်ယူ တပ်မဟာ (၄) တည်ရှိတဲ့ ဒေသဖြစ်တယ်။ အဲဒီ ဒေသမှာ နအဖက စစ်ဆင်ရေးတွေ ပိုမို လုပ်ဆောင်နိုင်သလို ဒေသခံတွေကိုလည်း လိုအပ်သလို ပြောင်းရွှေ့ခိုင်းတာတို့၊ လူ့အခွင့်အရေး ချိုးဖောက်တာတို့တွေ ပိုမို လုပ်ဆောင်လာမှာ စိုးရိမ်ရတယ်” ဟု ပြည်တွင်းမှ လူ့အခွင့်အရေး စောင့်ကြည့်နေသူ တဦးက ပြောကြားသည်။

ထားဝယ်-ကန်ချနဘူရီ ကုန်းတွင်းပိုင်း နယ်စပ် ဖြတ်ကျော် လမ်းကြောင်းသည် အာရှ လမ်းမကြီး စီမံကိန်း၏ တစိတ်တပိုင်း၌ ပါဝင်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */