စစ်တပ်ကြောင့် နေရပ်စွန့်ခွာလာသူ (၂၀၀) ခန့်ရှိ

Thursday, March 11, 2010 ·


ဝီရ | ဒေသခံ မြန်မာစစ်တပ်၏ဒဏ်ကို မခံနိုင်၍ မွန်ပြည်နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း မြောက်ပိုင်းရှိ ကျေးရွာများမှ ရွာသား (၂၀၀) ခန့်သည် နေရပ်စွန့်ခွာကာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသသို့ လာရောက်ခိုလှုံနေကြကြောင်း ပါတီမြို့နယ် ကော်မတီဝင်တဦးက ပြောသည်။

၎င်းက “မိသားစုအလိုက် ရောက်လာကြတာ။ အဓိကကတော့ သူတို့နေရပ်ကျေးရွာတွေမှာ မြန်မာစစ်တပ်က ပြည်သူ့စစ် ဖွဲ့ခိုင်းတယ်။ အဲဒီအတွက် ပိုက်ဆံမပေးနိုင်ကြလို့ ထွက်ပြေးလာတာ ရှိသလို၊ သူပုန်အဖွဲ့တွေနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲခံရမှာ စိုးလို့ ထွက်လာတာလည်း ရှိတယ်။ အဲဒီဒဏ်တွေကို မခံနိုင်ကြလို့ ကျနော်တို့ မွန်ပြည်သစ်ရဲ့ ထားဝယ်ခရိုင်ထဲကို လာရောက်ခိုလှုံကြတာ ဖြစ်တယ်။ အခု သူတို့ကို ရွာအသစ်တည်ထားပေးတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ထွက်ပြေးလာသည့် အိမ်ထောင်စု (၉၅) စုကို ယာယီနေထိုင်နိုင်ရန် ကိုးမိုင်နှင့် မရော်ချိုင်း IDP (ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်) ကျေးရွာအကြားရှိ ဝဲနွတ်ကျေးရွာသစ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက စတင်တည်ပေးခဲ့သော်လည်း လုံခြုံရေးမရှိခြင်း၊ အစားအသောက် မဖူလုံခြင်းတို့ကြောင့် အခြားဒေသများနှင့် ထိုင်း-မြန်မာနယ်စပ်သို့ ထပ်မံ ထွက်ပြေးလာသူများလည်း ရှိကြောင်း သိရသည်။


၎င်းတို့သည် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်း၊ ရာဖူး၊ သဲချောင်း၊ ရေပုံး၊ ကျောက်ကတင်နှင့် မွန်ပြည်နယ်တောင်ပိုင်း ခေါဇာမြို့နယ်ရှိ ကျေးရွာတို့မှ ရွာသားများဖြစ်ကြပြီး ထိုအထဲတွင် အသက် (၁၃) နှစ်အောက် ကလေးငယ် အယောက် (၆၀)ခန့် ပါဝင်ကြောင်း မွန်ပြည်သစ် မြို့နယ်ကော်မတီဝင်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည့် ရာဖူးရွာသားတဦးက “ပြည်သူ့စစ်သင်တန်းတက်ဖို့ အတင်းခေါ်နေတယ်။ တချို့ရွာသားတွေက ဗမာလို မပြောတတ်ကြဘူး။ အဲဒါကြားတာနဲ့ ထွက်ပြေးတော့တာ။ ပြည်သူ့စစ်မလုပ်တဲ့အိမ်တွေဆိုရင် ကိုယ့်ရွာရဲ့ ပြည်သူ့စစ်ကြေးအတွက် တအိမ်ကို (၆,၀၀၀-၇,၀၀၀) ကျပ် လစဉ်ပေးရတယ်။ ပြည်သူ့စစ်လုပ်တဲ့ လူတွေဆိုရင်လည်း သူပုန်အဖွဲ့တွေလာရင် အသတ်ခံနေရဦးမယ်။ ကျနော်တို့ရွာက ခြံသွားခွင့်လည်း မြန်မာစစ်တပ်တွေ ပေးမှ သွားခွင့်ရတယ်။ မြန်မာစစ်တပ်ကိုရော သူပုန်အဖွဲ့တွေကိုပါ အမြဲကြောက်နေရတော့ ကြာတော့ မခံနိုင်တော့ဘူး။ ထွက်ပြေးကြတာပေါ့” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ထိုဒေသတွင် ရတနာ ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေး ယူထားသည့် မြန်မာစစ်တပ် ခလရ (၂၈၂၊ ၂၇၃၊ ၃၁) အပါအဝင် တပ်ရင်း (၆၉၁၊ ၅၈၃) တို့လည်း လှုပ်ရှားနေပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှု အဆိုးဝါးဆုံးဒေသတွင် ပါဝင်ကြောင်း မွန်လူ့အခွင့်အရေး မြှင့်တင်ရေး ဖောင်ဒေးရှင်းမှ အချက်အလက်စုဆောင်းရေးတာဝန်ခံ နိုင်အိုးမွန်က ပြောကြားသည်။

၎င်းက “အခု နေရပ်စွန့်ခွာလာသူ အများစုက မြန်မာစစ်တပ်တွေ ငွေကြေးကောက်ခံမှု များလာတဲ့အတွက် စားဝတ်နေရေး အဆင်မပြေကြလို့ ဒီ့ထက်ကောင်းမွန်တဲ့နေရာကို ရွှေ့ပြောင်းလာကြတာ ရှိသလို၊ လက်ရှိ မြန်မာစစ်တပ်က အတင်းအဓမ္မ ပြည်သူ့စစ် လုပ်ခိုင်းတဲ့ စီမံချက်ကြောင့် စွန့်ခွာလာတာလည်း ရှိတယ်။ စစ်တမ်းအရ ဒီလိုနေရပ်စွန့်လာတဲ့ (၉၀) ရာခိုင်နှုန်းက မပြန်ချင်ကြတော့ဘူး” ဟု ပြောသည်။

ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို မြန်မာစစ်တပ်က ယူနီဖောင်းနှင့် လက်နက်တပ်ဆင်ခ၊ လုံခြုံရေး (ပြည်သူ့စစ်) ကြေး၊ စစ်တပ်စားသောက်စရိတ် အပါအဝင် မီးသတ်ကြေးနှင့် အခြား ဆက်ကြေးအမျိုးမျိုး တောင်းနေကြောင်း နိုင်အိုးမွန်က ဆက်လက်ပြောကြားသည်။


source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */