အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ

Thursday, March 11, 2010 ·


NEJ| မြန်မာနိုင်ငံတ၀န်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံးခွဲများကို ယမန်နေ့ မတ် (၁၀) ရက်နေ့မှစတင်၍ စစ်အစိုးရက ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

“ကျနော်ဆီကို ရောက်နေတဲ့သတင်းအရတော့ မြစ်ကြီးနား၊ မိုးညှင်း၊ အင်းတော်၊ ရှမ်းမြောက်ပိုင်း (၁၁) မြို့နယ်၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ မန္တလေး၊ ပဲခူး၊ ပြည်၊ ပေါင်းတည်၊ နောက် တနင်္သာရီက ကော့သောင်း၊ မွန်ပြည်နယ် မော်လမြိုင် အဲဒါတွေတော့ ပြန်ဖွင့်နေပြီ သတင်းရနေပါတယ်။ ကျန်တဲ့ အန်အယ်လ်ဒီ ရုံးတွေလည်း ဆက်ဖွင့်နေတယ်လို့ ကြားပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၃ ခုနှစ် မေလတွင် အထက်မြန်မာပြည်သို့ စည်းရုံးရေး ခရီးထွက်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဝင်များ၏ ယာဉ်တန်းကို တိုက်ခိုက်ခံခဲ့ရပြီးသည့်နောက် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အန်အယ်လ်ဒီပါတီရုံးများကို ပိတ်ပင်ခြင်းခံခဲ့ရပြီး ယခု ပြန်လည်ဖွင့်လှစ်ခွင့်ရခြင်းဖြစ်သည်။

“ကျနော်မြင်တာကတော့ အဲဒီရုံးတွေက စကတည်းက ပိတ်ဖို့အကြောင်း ဘာမှမရှိဘူးလေ။ ဆီလျော်တဲ့အကြောင်းလည်း မရှိဘူး၊ ဥပဒေလည်း မရှိဘူး။ မတရား အပိတ်ခံထားရတာ။ အခု မတရားအပိတ်ခံရာကနေ လွှတ်လိုက်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။


ယခုကဲ့သို့ အန်အယ်လ်ဒီပါတီရုံးများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်ချိန်သည် နအဖစစ်အစိုးရက ယခုနှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို နိုင်ငံပိုင်သတင်းစာတို့မှ ဖော်ပြကြေညာနေချိန်နှင့်လည်း တိုက်ဆိုင်ချိန်ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် အန်အယ်လ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းကျနေသည့် ပါတီခေါင်းဆောင်များကို ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်နိုင်ခြင်း မရှိစေရန် ဥပဒေထုတ်ပြန် ပိတ်ပင်ထားပြီး ထောင်ဒဏ်ကျခံနေရသူများကို ပါတီမှ ထုတ်ပယ်ခြင်းမရှိသည့် နိုင်ငံရေးပါတီသည် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘဲ ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။

အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကျခံနေပြီး ၎င်း၏နေအိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသားတဦးကြောင့် တရားစွဲဆိုခံနေရပြီး အမှုရင်ဆိုင်နေရကာ အထူးအယူခံတင်ရန် ၎င်း၏ရှေ့နေများက ဆောင်ရွက်လျက်ရှိသည်။

ယခုကဲ့သို့ နအဖ၏ ဥပဒေထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက“ဒီလိုခွဲခြားပြီး လုပ်နေတာဟာ အခုမှမဟုတ်ဘူး၊ အနှစ် (၂၀) ရှိသွားပြီ၊ တောက်လျှောက်လုပ်လာတယ်။ ဒါပေမယ့် အန်အယ်လ်ဒီနဲ့ ဒေါ်စုက မကွဲဘူး။ အခုလည်း အန်အယ်လ်ဒီနဲ့ ဒေါ်စု မကွဲတဲ့နည်းလမ်းပဲ စဉ်းစားကြမှာလေ” ဟု ပြောကြားသည်။


source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */