မီးလောင်နေရာ အထပ်မြင့် ဈေးဆောက်မည်

Friday, February 19, 2010 ·

ထွန်းသစ်ကျော် | ဈေးပိတ်ရက်တွင် မီးလောင်ကျွမ်းခဲ့သော သင်္ကန်းကျွန်း ဈေးကြီး နေရာကို လူနေ တိုက်ခန်းများ ပါဝင်သော အဆင့်မြင့်ဈေးကြီး တည်ဆောက် သွားမည်ဟု ရန်ကုန် မြို့တော်ဝန်က ဖေဖော်ဝါရီ (၁၆) ရက်တွင် ပြည်တွင်း သတင်း ဂျာနယ်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အဆိုပါဈေးကို စည်ပင် ကပင် တာဝန်ယူ၍ အောက်ထပ်တွင် ဈေးနှင့် အပေါ်ထပ်များတွင် လူနေတိုက်ခန်းများ ထည့်သွင်း တည်ဆောက်မည်ဟု မြို့တော်ဝန်က ပြောသည်။

“ဒီဈေးကြီး မီးမလောင်ခင် ကတည်းက ဖျက်ပြီး အဆင့်မြင့်ဈေး ဆောက်မယ် ဆိုတာ အသံထွက် နေတာပဲ။ ဈေးသူ ဈေးသားတွေ လက်မခံလို့ မဆောက်ရတာ။ အခု မီးလောင်သွားတော့ သူတို့လုပ်ချင်သလို လုပ်လို့ရသွားတာပေါ့” ဟု ထိုဈေးမှ ဈေးသည်တဦးက ပြောသည်။

လွန်ခဲ့သော (၄) နှစ်ခန့်က သင်္ကန်းကျွန်း ဈေးကြီးကို ဖျက်၍ အဆင့်မြင့် ဈေးကြီး အဖြစ် တည်ဆောက်မည်ဟု ဆဲဗင်းဒေး သတင်း ဂျာနယ်တွင် ဓာတ်ပုံနှင့်တကွ ပါဝင်ခဲ့ဖူးကြောင်း ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

ဈေးကြီး မီးလောင်စဉ်ကလည်း ဈေးပိတ်ရက် ဖြစ်သော ပြည်ထောင်စုနေ့ ညပိုင်းတွင် မီးလောင်ကျွမ်းခဲ့သဖြင့် ဈေးသူဈေးသား အချို့က ရှို့မီး ဖြစ်နိုင်ကြောင်း သုံးသပ် ပြောကြားကြသည်။ မီးသတ်တပ်ဖွဲ့ကမူ ကုန်ခြောက်ဆိုင် အနီး ၀ါယာရှော့ဖြစ်ပြီး လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လောလောဆယ်တွင် သင်္ကန်းကျွန်း ဈေးသူဈေးသား အတွက် ယာယီဈေးကို မူလဈေးကြီး၏ မြောက်ဘက် ကျိုက္ကဆံ ဘုရား အနီးတွင် ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု စုံစမ်း သိရှိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */