နွေစပါးအတွက် ငွေချေးရန် ဆန်အသင်းကို ဖိအားပေး

Friday, February 19, 2010 ·

စိုးမိုး | တောင်သူများ မိုးစပါးတွင် အရှုံးပေါ်၍ နွေစပါးမစိုက်ပျိုးမည်ကို စိုးရိမ်သဖြင့် နွေစပါး စိုက်စရိတ်ချေးငွေ ထုတ်ပေးရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းကို စစ်အစိုးရက ဖိအားပေး ခိုင်းစေထားသည်ဟု သိရသည်။

“ငွေကျပ် (၁၅) ဘီလီယံအထက် ချေးငွေ ထုတ်ပေးဖို့ ရှိတယ်။ မြို့နယ် (၂၉) မြို့နယ်ကိုပဲ ချေးမှာပါ။ ဧရာဝတီတိုင်း မြို့နယ် (၂၀)၊ ပဲခူးတိုင်း (၈) မြို့နယ်ပါမယ်၊ ရခိုင်က (၁) မြို့နယ်။ တနိုင်ငံလုံး မဟုတ်ပါဘူး” ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အမှုဆောင်တဦးက ပြောသည်။

ပြီးခဲ့သည့် မိုးစပါးရာသီတွင် ဆန်စပါးပေါက်ဈေး ထုတ်လုပ်မှုစရိတ်အောက် ကျဆင်းခဲ့သဖြင့် တောင်သူများ နွေစပါးစိုက်ရန် အခက်အခဲ ဖြစ်နေပြီး ယခုနှစ် ဆန် ပြည်ပတင်ပို့မှုကလည်း ယခင်ထက် မြင့်တက်ခဲ့သဖြင့် ပြည်တွင်း ဆန်မလုံလောက်မှု ဖြစ်ပေါ်လာမည်ကို စစ်အစိုးရ စိုးရိမ်နေခြင်းဖြစ်သည်။

“ဆန်တန်ချိန် (၁) သန်း (၂) သောင်း တင်ပို့ပြီးပြီ။ ဒီနှစ် တန်ချိန် (၁) သန်းခွဲ လျာထားချက်ရှိတယ်။ ပြည့်မီလောက်တယ်လို့ ခန့်မှန်းပါတယ်။ နွေစပါးအထွက်က လျော့မယ့် သဘောမှာရှိနေတယ်။ တောင်သူက ဆက်တိုက်ဆိုသလို စပါးဈေးကျပြီး အရှုံးပေါ်ထားတယ်” ဟု ကုန်သည်/စက်မှုအသင်းမှ ဆန်ကုန်သည်ကြီးတဦးက ပြောကြားသည်။

စပါးစိုက်စရိတ်မှာ (၁) ဧက ကျပ် (၁) သိန်းခွဲမှ (၃) သိန်းခန့်အထိ ရှိနေသည့်အတွက် မိုးစပါး အရှုံးပေါ်ထားသည့် တောင်သူများ စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း သိရသည်။

ပြည်တွင်း ကုန်သည်များအဆိုအရ ပြည်ပ ဆန်တင်ပို့ရန် ပါမစ်ရထားသူများ ဆန်ဝယ်ယူ မရသည့်အတွက် ပါမစ် ပြန်သိမ်းခံရသူများ ရှိနေကြောင်း သိရသည်။

“ပြည်ပပို့ဖို့ ဆန်တန်ချိန် (၁) သန်းခွဲဖြစ်ဖို့ အတော်ကို ဈေးကွက်ထဲမှာ ရှာဝယ်ရတဲ့ အနေအထားမှာ ဆန်ပါမစ် ကျပြီး ဆန် ၀ယ်မရလို့ မပို့နိုင်တဲ့သူ တပုံတပင် ရှိနေပါတယ်” ဟု ဘုရင့်နောင်ပွဲရုံအခြေစိုက် ဆန်ကုန်သည်တဦးက ပြောသည်။

ပြည်ပ ဆန်တင်ပို့မှုကို အဓိကလုပ်ဆောင်နေသည့် မြန်မာနိုင်ငံဆန်စပါးအသင်းကို ပြီးခဲ့သည့် နှစ်အတွင်း မိုးစပါးချေးငွေ ထုတ်ပေးခဲ့သည့် ဆန်စပါးအထူးပြုကုမ္ပဏီ (၂၉) ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

စစ်အစိုးရက ဆန်ကို နိုင်ငံ၏ မဟာဗျူဟာ သီးနှံအဖြစ် သတ်မှတ်ပြီး ပြည်တွင်းတွင် ဆန်ဈေး မတက်စေရေး မူဝါဒ ချမှတ် လုပ်ဆောင် နေရာ တောင်သူများ အနေဖြင့် ထုတ်ကုန်စပါးကို ဈေးကွက် ကန့်သတ်နှုန်းထားဖြင့်သာ ရောင်းချနေရပြီး လယ်ယာ သွင်းအားစုများကိုမူ ပြည်ပ ပေါက်ဈေးဖြင့် ၀ယ်သုံးနေရသည်ဟု သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */