အင်တာနက် နှေးကွေးမှု ရက်ကြာလာ၍ လုပ်ငန်းများ ထိခိုက်

Thursday, February 04, 2010 ·

NEJ | ရန်ကုန်တွင် အင်တာနက် နှေးကွေးမှု ကြာရှည် လာသည့် အတွက် အင်တာနက်ကို မဖြစ်မနေ အားကိုး နေရသော လုပ်ငန်းများစွာ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

“အဓိက ကတော့ နိုင်ငံခြားနဲ့ ချိတ်ပြီး လုပ်ရတဲ့ အလုပ်မျိုးတွေ ဒုက္ခ ရောက်မှာ။ လေယာဉ် လက်မှတ် အေးဂျင့်တွေ၊ နိုင်ငံခြား အလုပ် အေးဂျင့်တွေ ပြီးတော့ ကျနော်တို့လို အင်တာနက်ဆိုင် တွေပေါ့။ အခု ဒီနေ့နဲ့ဆို (၂) ရက်ရှိပြီ။ လိုင်းတော်တော် ကျနေတာ။ ဆိုင်မှာ ဂိမ်းဆော့တဲ့ သူပဲ အားကိုး နေရတယ်” ဟု ရန်ကုန် ဆင်ခြေဖုံး မြို့နယ် တခုတွင် အင်တာနက်ဆိုင် ဖွင့်ထားသူတဦးက ယနေ့ ပြောကြားသည်။

အင်တာနက် မြန်နှုန်း ယခုကဲ့သို့ နှေးကွေး ကျဆင်းမှုမှာ ပြီးခဲ့သည့် ဇန်န၀ါရီ နောက်ဆုံးပတ်က စတင် ဖြစ်ပေါ်ခဲ့ပြီး ယခုရက်ပိုင်းတွင် ပိုမို ဆိုးဝါးလာခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း သတင်း ဂျာနယ် တခုတွင် ဘာသာပြန် လုပ်နေသူ တဦးက “ကျနော် အင်တာနက် သတင်းတွေကို ဘာသာပြန်လုပ် ရတာဖြစ်တဲ့ အတွက် ကွန်နက်ရှင် မကောင်းရင် ဘာမှလုပ်လို့မရတော့ဘူး။ ခုလိုမျိုးဖြစ်နေရင် အခက်အခဲ ရှိတယ်။ ဆိုက်တခုကို ဖွင့်ရင် အနည်းဆုံး မိနစ် (၂၀) ဗျာ။ ဖွင့်တာရရင် အဆင်ပြေပြီလို့ ပြောလို့ မရသေးဘူး။ ကြည့်ရင်းနဲ့ ကျသွားရော၊ စိတ်ညစ်ရတယ်” ဟု ပြောသည်။

အင်တာနက်ဆက်သွယ်မှု နှေးနေသည့်အတွက် နိုင်ငံရပ်ခြားတွင် နေထိုင်သော မိသားစုများနှင့် အင်တာနက်မှတဆင့် ဆက် သွယ်ကြသော မိသားစုများအနေဖြင့်လည်း အခက်တွေ့ရကြောင်း သိရသည်။

“အင်တာနက် ကွန်နက်ရှင် ရမယ် မရတော့ မသိဘူး။ မီးပျက်တာက များတော့လည်း လူတယောက် ရှိနေလည်း မီးစက်က မောင်းထားရတယ်။ ကဲ တွက်ကြည့်ပါတော့။ တဂါလန်ကို (၃,၂၀၀) ကျပ်လေ။ မီးပျက်ချိန်က များနေတာလေ” ဟု အနော် ရထာလမ်းပေါ် ရှိ အင်တာနက်ဆိုင်တဆိုင်မှ တာဝန်ခံက ပြောသည်။

ကွန်နက်ရှင် နှေးကွေးလေးလံနေရခြင်းမှာ BMF Server ပြုပြင်နေခြင်းကြောင့်ဖြစ်ကြောင်း သိရသော်လည်း မည်သည့်အတွက် ကြောင့် ပြုပြင်သည်ကိုမူ သိရှိရခြင်းမရှိကြောင်း ဆိုင်ဘာများက သိရသည်။

“ကျနော်တို့က မေးတယ်။ ဘာ့ကြောင့် ကွန်နက်ရှင် နှေးတာကိုပေါ့။ သူတို့ပြောပြချက်အရ ပြင်နေတယ်လို့ သိရတယ်။ ဘယ်တော့ ရမယ် မရဘူးဆိုတာတော့ သေသေချာချာ မပြောဘူး။ သူတို့ကိုယ်တိုင်ကလည်း မသိတာလို့ ပြောပါတယ်။ ဒါဆိုရင် ဘယ်လိုသုံးရင်ရလဲဆိုတော့လည်း မပြောတတ်သေးပါတဲ့။ ကျမတို့ ဆိုင်ဘာက MPT ရော၊ တယ်လီပို့ရော (၂) ခုလုံး လိုင်းယူ ထားတာ ဖြစ်တဲ့အတွက် တခုမရ တခုပေါ့လေ။ ဒါပေမယ့် အများစုက တယ်လီပို့ကိုပဲ ယူထားတာဖြစ်တဲ့အတွက် အများစု ဆိုင်ဘာတွေ မရကြဘူး။ ဒါနဲ့ပဲ စီးပွားရေး လုပ်နေသူတွေအတွက်ကတော့ ဘယ်လိုလုပ်ကိုက်တော့မလဲ။ တချို့ဆိုင်တွေ ပိတ်ထားရတယ်” ဟု ဘားလမ်းရှိ အင်တာနက်ဆိုင်တဆိုင်မှ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်လိုင်း ဝယ်ယူသုံးစွဲသူ (၆) သောင်းနီးပါးရှိကာ ရန်ကုန်တွင် ဆိုင်ဘာ စုစုပေါင်း (၄၀၀) ကျော် ရှိနေပြီဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာန၏ တရားဝင်စာရင်းများအရ သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */