ရွေးကောက်ပွဲ ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်နိုင်ကြောင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ပြောကြား

Thursday, February 04, 2010 ·

NEJ | မြန်မာနိုင်ငံတွင် ဒုတိယနှစ်ဝက်ပိုင်းအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး ရွေးကောက်ပွဲ ကာလတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရုန်က ယမန်နေ့က ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

မည်သည့် အချိန် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည် ဆိုသည်ကို အတိအကျ မပြောသော်လည်း ရွေးကောက်ပွဲ ပြုလုပ်မည့်ရက် ကြေညာသည့်နေ့ သို့မဟုတ် မကြေညာခင်တရက်နှင့် ကြေညာပြီး နောက်တရက်တွင် လွှတ်ပေးနိုင်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း ရွေးကောက်ပွဲ လုပ်မည်ဟု နအဖစစ် အစိုးရက ကြေညာထားသော်လည်း ယခုအချိန်အထိ ရက်အတိအကျကို တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

အာဆီယံ ဒေသတွင်း အစည်းအဝေးတွင် မြန်မာစစ် အစိုးရ ၀န်ကြီးချုပ်က ယခုနှစ် အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း၊ အစိုးရသစ်တရပ် သေချာပေါက် ဖွဲ့စည်းမည်ဖြစ်ကြောင်း အသေအချာ ပြောကြားခဲ့သည်ဟု မစ္စတာ ကဆစ်ဖိရုန်က ပြောသည်။

မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ်က ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံရေး ပါတီများ ဥပဒေနှင့် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ စသည်တို့မှာ (၇၀) မှ (၈၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သဖြင့် ရွေးကောက်ပွဲကို ယခုနှစ်ဝက် ဒုတိယပိုင်းတွင် ကျင်းပ နိုင်လိမ့်မည်ဟု သူ့အနေဖြင့် ကြိုတင် ပြောဆို လိုက်ခြင်း ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ နေအိမ်အကျယ်ချုပ် (၁၈) လ ချထားခြင်းခံနေရပြီး လာမည့် နိုဝင်ဘာတွင် ၎င်း၏ နေအိမ် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

နအဖ ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား လာမည့် နိုဝင်ဘာလကုန် နေအိမ် အကျယ်ချုပ် သက်တမ်း စေ့ပါက ပြန်လွှတ် ပေးမည်ဟု ပြီးခဲ့သည့် ဇန်န၀ါရီလ အတွင်းက ပြောကြားခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */