သင်္ကန်းကျွန်းဈေး မီးလောင်ကျန် ပစ္စည်း စည်ပင်သိမ်း

Monday, February 15, 2010 ·

ထွန်းသစ်ကျော် | ရန်ကုန်မြို့၊ သင်္ကန်းကျွန်း ဈေးကြီး မီးလောင်ခဲ့ပြီး ကျန်ရှိသည့် ပစ္စည်းများကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ၀န်ထမ်းများ ၀င်ရောက် ယူငင်ခဲ့ကြသည်ဟု ဈေးသူ ဈေးသားများ ထံမှ သိရှိရသည်။

“မီးလောင်ပြီး နောက်နေ့ ဖေဖော်ဝါရီ (၁၃) ပဲ။ စည်ပင်ကား (၂) စီး ကားဖင်ထိုးပြီး ဈေးထဲ ၀င်ကောက်တာ။ တချို့ မီးမကျွမ်းတဲ့ သွပ်ပြားတွေကို ခါပြီးယူကြတယ်။ တော်တော် ပါသွားတယ်။ စိတ်ကြိုက်ကို ကောက်သွားတာ။ ဈေးသူ ဈေးသား တွေကျတော့ လုံးဝ အ၀င်မခံသေးဘူး” ဟု မျက်မြင် ကိုယ်တွေ့ ဈေးသည် တဦးက ပြောသည်။

ဈေးပိတ်ရက် ဖြစ်သော ပြည်ထောင်စုနေ့၊ ည (၇) နာရီခွဲတွင် မီးစတင် လောင်ကျွမ်းခဲ့သည့် သင်္ကန်းကျွန်း မြို့နယ်ရှိ အဆိုပါ ဈေးကြီးနှင့် မနီးမဝေး တောင်ဥက္ကလာ မြို့နယ် အတွင်းမှ ပစ္စည်းဟောင်းများ ရောင်းဝယ်သော ဆိုင်အချို့တွင် စည်ပင် ၀န်ထမ်း အချို့ မီးလောင် ကျန်ပစ္စည်းများ လာရောင်း သွားသည်ကို တွေ့မြင် ရကြောင်း တောင်ဥက္ကလာ မြို့နယ် အတွင်းရှိ ပစ္စည်း အဟောင်းဆိုင် အနီး နေထိုင်သူ တဦးက ပြောသည်။

“မိုတွေ (ရွှေပန်းတိမ် လုပ်ငန်းတွင် သုံးသော ပုံသွင်းခွက်များ) တော်တော် များများ တွေ့တယ်။ သောင်းနဲ့ ချီတန်တာ။ (လေး၊ ငါး၊ ခြောက်) ရာလောက်နဲ့ ရောင်းသွားတာ။ သံထည်တွေ များတယ်။ မီးမလောင်ဘဲ ကျန်ခဲ့တာတွေ” ဟု ၎င်းက ဆိုသည်။

ဈေးသူဈေးသား အချို့၏ အဆိုအရ ဈေးကြီးမီးလောင်ပြီး (၂) ရက်အကြာ ဖေဖော်ဝါရီ (၁၄) ရက်ကျမှသာ ဈေးဆိုင် ပိုင်ရှင်များအား ဈေးအတွင်း ၀င်ရောက်ခွင့်ပြုခဲ့ကြောင်း၊ သို့သော် ဆိုင်ပိုင်ဆိုင်မှု စာအုပ် ပြသမှသာ ၀င်ရောက်ခွင့် ပြုခြင်း ဖြစ်ကြောင်း၊ မီးလောင်မြေမှ ပစ္စည်းများကို စည်ပင် ၀န်ထမ်းများ ၀င်ရောက် ကောက်ယူ သွားပြီ ဖြစ်သဖြင့် အကျိုး မထူးတော့ကြောင်း ဈေးသည်များက ပြောသည်။

အဆိုပါ ဈေးကြီးတွင် ဆိုင်ခန်းပေါင်း (၇၀၀) ကျော်ရှိပြီး အားလုံးနီးပါး မီးလောင် ကျွမ်းခဲ့ကာ ဈေးကြီး၏ တည်နေရာမှာ ဂျန်းရှင်းဇ၀န စူပါစင်တာ အနီးတွင် တည်ရှိသဖြင့် စီးပွားရေး အကွက်အကွင်း ကောင်းကြောင်း၊ လွန်ခဲ့သည့် (၆) နှစ်လောက် ကတည်းကပင် အဆိုပါ ဈေးကို ဖျက်၍ အဆင့်မြင့် ဈေးဝယ် စင်တာ တည်ဆောက်ရန် စစ်အစိုးရနှင့် နီးစပ်သော လုပ်ငန်းရှင်ကြီးများက အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြကြောင်း၊ ဈေးသူ ဈေးသား များက ညီညွတ်သဖြင့် မအောင်မြင်ခဲ့ကြောင်း ဈေးသူဈေးသား အချို့က ပြောဆိုသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */