ကျောက်မီးသွေးသုံး လျှပ်စစ်လုပ်ငန်း ဦးတေဇ ရရှိ

Monday, February 15, 2010 ·

စိုးမိုး | ရန်ကုန်မြို့တွင် တည်ဆောက်မည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကျောက်မီးသွေးအသုံးပြု လျှပ်စစ် ဓာတ်အားပေး စက်ရုံ စီမံကိန်းကို ဦးတေဇပိုင် ထူးကုမ္ပဏီ အုပ်စုက တရုတ်ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိသွားသည်။

အမှတ် (၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန၊ ထူးကုမ္ပဏီအုပ်စုနှင့် တရုတ် Huaneng Lancang River Hydropower Co., Ltd တို့ ပူးပေါင်းပြီး ရန်ကုန် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။

“ကျောက်မီးသွေးသုံးပြီး တာဘိုင်တွေကို လည်စေပြီး လျှပ်စစ်ထုတ်တာပါ။ ပင်လောင်း (မြို့နယ်) တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံဆိုပြီး ရှိတယ်” ဟု မြန်မာ ဘူမိပညာရှင်တဦးက ပြောသည်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ကုန်ကျစရိတ် သက်သာသော်လည်း ကျောက်မီးသွေး ကုန်ကြမ်းရရှိမှုပေါ် မူတည်နေရာ နှစ်ပေါင်း (၃၀) ခန့်သာ စက်ရုံသက်တမ်းကို ခန့်မှန်းနိုင်ကြောင်း သိရသည်။

ယခုစက်ရုံ တည်ဆောက်ပါက ထူးကုမ္ပဏီအုပ်စုအနေဖြင့် ဧဒင်အုပ်စုကဲ့သို့ အစိုးရ လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ကျောက်မီးသွေး တူးဖော် ဖြည့်တင်းပေးရေး တာဝန်ယူရမည်ဖြစ်သည်။

ဦးတေဇပိုင် ထူးကုမ္ပဏီအုပ်စုအနေဖြင့် အထက်ဆည်တော်ကြီးနှင့် ထာခ ရေအားလျှပ်စစ်စက်ရုံ (၂) ရုံကိုလည်း တည်ဆောက် မောင်းနှင် လွှဲပြောင်းစနစ်ဖြင့် တည်ဆောက်ခွင့် ရရှိထားသည်။

၂၀၀၂ ခုနှစ်ကတည်းက ရှမ်းပြည်နယ် ပင်လောင်းမြို့ တီကျစ်ကျေးရွာရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဧဒင် လုပ်ငန်းစုက လုပ်ကိုင်ခွင့်ရရှိထားသည်။

တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက နေ့စဉ် ကျောက်မီးသွေးတန်ချိန် (၂,၀၀၀) အသုံးပြုပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁၂၀) ထုတ်လုပ်ပေးနေသည်။

ထူးကုမ္ပဏီက တရုတ် ထိပ်တန်း လျှပ်စစ် ကုမ္ပဏီ Huaneng Lancang River Hydropower Co.,Ltd. နှင့် ပြီးခဲ့သည့်နှစ် ကတည်းက သံလွင်မြစ် ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်၊ ရေအား လျှပ်စစ် အရင်းအမြစ်များ ဖော်ထုတ်ရေး တို့ကို ပူးပေါင်း လုပ်ဆောင်လျက် ရှိသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */