မြန်မာပြည်သား ၉ ဦး အသတ်ခံရမှု၊ ထိုင်းရဲများကို စစ်ဆေး

Wednesday, February 03, 2010 ·

သန်းထိုက်ဦး | သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာပြည်သား ၉ ဦး အမှုနှင့် ပတ်သက်ပြီး ဒေသခံ ရဲများကို သံသယရှိသဖြင့် စုံစမ်းစစ် ဆေးမှုများ ပြုလုပ်နေသည်ဟု ဖုတ်ဖရမြို့ ရဲစခန်းမှ အမည် မဖော်လိုသူ ရဲအရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။

“အခု ရဲတွေကို သံသယရှိတဲ့ အတွက် အားလုံးကို စစ်ဆေးမှုတွေ လုပ်နေတယ်၊ ကားတွေကိုလည်း စစ်ဆေးနေတယ်”ဟု ၎င်းက ပြောသည်။

ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့နှင့် ဖုတ်ဖရမြို့အကြား လမ်းတလျှောက်တွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသူများကို လွန် ခဲ့သည့် အပတ် ကြာသပတေး နေ့က စတင် တွေ့ရှိခဲ့ပြီးနောက် ဒေသခံရဲများအား သံသယရှိသည့်အတွက် ယခုကဲ့သို့ စုံစမ်း စစ်ဆေး မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ဒေသခံ ရဲတပ်ဖွဲ့ဝင်များကိုလည်း မြန်မာပြည်သားများ သေဆုံးမှုတွင် ပါဝင် ပတ်သက်မှု ရှိမရှိ အစီရင်ခံစာတင်ပြရန် ဖုတ်ဖရ မြို့နယ် ရဲမှူးကြီး Panya Sukaim က အမိန့်ပေးထားကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာ၌ ဖော်ပြထားသည်။

ရဲမှူးကြီးက အခင်းဖြစ်ပွားခဲ့သည့် ဇန်န၀ါရီလ ၂၃ ရက်မှ ၂၈ ရက်နေ့အတွင်း ရဲတပ်ဖွဲ့ဝင်များ မည်သည့်နေရာတွင်ရှိကြောင်း၊ မိမိ ကိုင်ဆောင်သည့် သေနတ် သတ်မှတ်ရက်၌ ပစ်ခတ်မှု ရှိ မရှိ စသဖြင့် အစီရင်ခံစာတင်ရမည်ဖြစ်ကြောင်းလည်း သတင်းစာတွင် ရေးသားထားသည်။

အလောင်းများကို လက်ရှိ မဲဆောက်နှင့် ဖုတ်ဖရမြို့နယ်ရှိ ဆေးရုံများတွင် သီးခြားစီ ထားရှိကြောင်း သိရသည်။ သေဆုံးသူများ သည် မဲဆောက်မှ တဆင့် တခြားမြို့သို့ အသွားလမ်း၌ အပစ်ခံရကာ အလောင်းများကို နေရာခွဲ၍ ကားဖြင့်လိုက်လံစွန့် ပစ်ခဲ့ခြင်း ကြောင့် ဖြစ်သည်။

သေဆုံးသူများသည် ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ကရင် တိုင်းရင်းသားများ ဖြစ်ကြောင်း သိရှိရသည်။ ဖုတ်ဖရ မြို့သည် မြန်မာ ပြည်သားများ ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ လျှို့ဝှက် သွားရောက်သည့် လမ်းကြောင်း တခုပေါ်တွင် တည်ရှိသည်။

မဲဆောက်မြို့တွင် စက်ရုံပေါင်း (၃၀၀) နီးပါးခန့် ရှိပြီး မြန်မာ အလုပ်သမား သိန်းနှင့်ချီ နေထိုင်လျက် ရှိကြောင်း အလုပ်သမား အရေးဆောင်ရွက် နေသော အဖွဲ့အစည်းများက ခန့်မှန်းကြသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */