ဗုဒ္ဓ FM ကို (၂၄) နာရီ ပတ်လုံး Online မှ စတင် ထုတ်လွှင့်

Tuesday, January 12, 2010 ·

ဝီရ | ဗုဒ္ဓဘာသာ ဝင်တိုင်း၏ ဆုံရပ် အဖြစ် ဘာသာရေးဆိုင်ရာ အတွေးအခေါ် အယူအဆများကို တနေရာ တည်းတွင် အလွယ်တကူ ရှာဖွေ နိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM Online ရေဒီယိုအတွက် ကိုယ်ပိုင် ဝက်ဘ်ဆိုက် အသစ်များဖြင့် ယနေ့မှစ၍ စတင်အသံလွှင့်နေပြီ ဖြစ်ကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက မိန့်ကြားသည်။

၎င်းက “ဗုဒ္ဓ FM ဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်က ဗုဒ္ဓဘာသာဆိုင်ရာ အချက်အလက်တွေ အားလုံးကို ထည့်ထားတယ်။ ဒီ FM ကို ပြည်တွင်းကလည်း ကြည့်ရှုနားဆင်လို့ရအောင် အထူးပြုလုပ်ပေးထားပါတယ်။ ပြည်တွင်းက ပိတ်ထားတဲ့ ယူတျူ ဗီဒီယိုရဲ့ Flash Player အစား ပြည်တွင်းက ကြည့်လို့ရတဲ့ အခြား Flash တမျိုးနဲ့ သုံးထားပါတယ်။ ဒါက ပြည်တွင်းက ဗုဒ္ဓဘာသာ ဝင်တွေလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ဘာသာရေး ဆိုင်ရာ အသုံးအနှုန်းတွေ၊ အမြင် သဘောထားတွေ၊ ဗဟုသုတတွေ ရရှိလာအောင်လို့ http://www.buddhafm.com/ ကို သီးခြားစီစဉ်ထားပါတယ်။ အဲဒီမှာ အနောက်တိုင်းသား ဗုဒ္ဓဘာသာဝင် တွေရဲ့ တရားဟောပွဲတွေလည်း တင်ထားတယ်။ http://www.buddhafm.net/ ကတော့ ပြည်ပက ဗုဒ္ဓဘာသာ ဝင်တွေ အတွက်ပါ” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။

အရှင်မေတ္တာ စာရက လက်ရှိ သီတင်းသုံးရာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့မှတဆင့် စမ်းသပ်ကာလအဖြစ် ဒီဇင်ဘာလလယ်ပိုင်း ကတည်းက စတင်ထုတ်လွှင့်ခဲ့ရာ ယခုအခါ ဘာသာရပ် (၈) မျိုးဖြင့် ရွတ်ဆို ပူဇော်ထားသည့် ဓမ္မတေးများနှင့် တရားတော်များကို (၂၄) နာရီပတ်လုံး ထုတ်လွှင့်လိုက်ခြင်းဖြစ်သည်။

အရှင်မေတ္တာစာရက “အသံလွှင့်ဖို့ Volunteer အနေနဲ့ (၁၃) ယောက် ဝင်ကူပေးနေတယ်။ နောက်ထပ် အစီအစဉ်တွေကို ကဏ္ဍအလိုက် ခွဲပြီးတဲ့အချိန်ကျရင် လူ (၂၀) ကျော်တော့ လိုအပ်မယ်။ အခုလွှင့်တဲ့အထဲမှာ ဗမာနဲ့ အင်္ဂလိပ် ဘာသာကို အဓိက ထားပေမယ့် ထိုင်း၊ မလေး၊ အိုမန်၊ သီရိလင်္ကာ၊ တရုတ် စတဲ့ဘာသာတွေနဲ့ ဓမ္မ ပူဇာတေးတွေလည်း ပါတယ်” ဟု မိန့်သည်။

တနေ့တခြား နားဆင်သူ များပြားလာခြင်းကြောင့် ဆာဗာ ထပ်မံ တိုးချဲ့ရန်ရှိပြီး ဝက်ဘ်ဆိုက်များတွင် ဘာသာရေး ဆိုင်ရာ စာအုပ်စာတမ်းများ၊ ခေတ်သစ်၊ ခေတ်ဟောင်းဓမ္မတေးများ၊ တရားတော်များကို ပဋ္ဌာန်း၊ ပရိတ်၊ သုတ္တန်၊ အင်္ဂလိပ်၊ ဝိပဿနာ ဟူ၍ ကဏ္ဍအလိုက် ခွဲခြားတင်ထားပြီး နောက်ပိုင်းတွင် စကားဝိုင်း ဆွေးနွေးပွဲများ၊ Online ဆွေးနွေးပွဲများနှင့် တရားပွဲ အစီအစဉ်များကိုလည်း တိုက်ရိုက် ထုတ်လွှင့်သွားရန်ရှိကြောင်း သိရသည်။

“ဗုဒ္ဓ FM ကို လုပ်လိုက်ပြီး နောက်ပိုင်းမှာ ဦးဇင်းအနေနဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိလာတယ်။ ပြည်တွင်း ကပဲ ဖြစ်ဖြစ်၊ ပြည်ပ ကပဲ ဖြစ်ဖြစ် မိရိုးဖလာ ဗုဒ္ဓဘာသာ ဝင်တွေက အခြေခံသဘောတရားတွေကို ပိုပြီး လေးနက်မှု ရစေတယ်။ ဥပမာ - အရှေ့အလယ်ပိုင်းမှာ အလုပ်လုပ်နေကြသူတွေ ဒီလို FM ကို နေ့တိုင်း နားထောင် ရတော့ ပိုပြီး အကျိုးရှိစေကြတယ်။ လူမျိုးခြားတွေကလည်း အခြားဘာသာရပ်တွေနဲ့ ပြောဟောသီဆိုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်တွေ၊ ဓမ္မတေးတွေကို ကြားခွင့်ရလာကြတယ်” ဟု အရှင်မေတ္တာစာရက ဆက်လက်မိန့်ကြားသည်။

ဗုဒ္ဓ FM သည် ဗုဒ္ဓသာသနာ တိုးတက်အောင် လုပ်ဆောင် နေခြင်းသာ ဖြစ်၍ သက်ဆိုင်ရာ အာဏာပိုင်က ပိတ်ပင်တားမြစ် လိမ့်မည်ဟု မထင်ကြောင်း၊ ၎င်း၏ ကိုယ်ပိုင် ဝက်ဘ်ဆိုက် များကိုလည်း ပြည်တွင်းတွင် ဖတ်ရှု၍ ရကြောင်း အရှင် မေတ္တာစာရက မိန့်ဆိုသည်။

တည်ထောင်သူ အရှင် မေတ္တာစာရသည် ၂၀၀၉ ၏ အကောင်းဆုံး ဘလော့ဒ်ဂါ သတင်းဆု ရရှိထားသူ မြန်မာ သံဃာတော် တပါး ဖြစ်ပြီး University of Mumbai တွင် Society, Government and other Socio-Political Principles ခေါင်းစဉ်ဖြင့် ဒေါက်တာ ဘွဲ့အတွက် စာတမ်း ရေးသားနေသူ ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */