အကြွေ အစားသုံး တိုကင် ကျပ် ၁၀ သိန်းနီးပါး ရခိုင်တွင်ဖမ်းမိ

Tuesday, January 26, 2010 ·

ဘစောတင် | ရခိုင်ပြည်နယ် အတွင်း မြန်မာ ငွေစက္ကူ အကြွေ အဖြစ် သုံးစွဲသော တိုကင် လက်မှတ် ကျပ် ၉ သိန်း ကျော်ဖိုး အာဏာပိုင်များက ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။


မောင်တောမြို့နယ်အတွင်း အကြွေအစား အသုံးပြုနေသည့် တိုကင် (ဓာတ်ပုံ - ဧရာဝတီ)
ကျပ် ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် အဖြစ် သုံးစွဲနေသည့် တိုကင်များကို ဇန်နဝါရီ ၁ ရက်နေ့က နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) ဒေသ (၆) လက်အောက်ခံ နယ်မြေ မောင်တောမြို့နယ် ကညင် တောရွာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာနေ အထက်တန်းပြ ဆရာမ တယောက်က “ကညင်ချောင်း ရွာမှာ တိုကင် ၉ သိန်းကျော် ဖိုးလောက် အဖမ်းခံရလို့ တော်တော်လေး ဂယက်ရိုက်နေတယ်။ ကျမတို့ဆီမှာ အနုတ်မရှိတော့ ဒါကိုပဲ သုံးကြရတာ” ဟု ဆိုသည်။

ကျပ်ငွေ အကြွေ ရှားပါးမှုကြောင့် မြန်မာ တပြည်လုံးရှိ ကုန်စုံဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ကွမ်းယာဆိုင် အစရှိသော ဆိုင်များတွင် အကြွေအစား သကြားလုံး၊ တစ်ရှူးထုပ်၊ ဆေးလိပ်၊ ဘောလ်ပင်၊ ဖရောင်းတိုင် အစရှိသည်တို့ကို ပြန်အမ်း နေသည်မှာ ၁၀ စုနှစ် တခုခန့်ရှိပြီ ဖြစ်သည်။

မောင်တောမြို့နယ်တွင်လည်း ၂၀၀၇ ခုနှစ်ခန့်က စတင်ကာ သက်ဆိုင်ရာ ဈေးဆိုင်အမည်များဖြင့် တိုကင်များရိုက်နှိပ်၍ အကြွေအစား တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြကြောင်း သိရသည်။

ယခုဖမ်းမိသွားသော တိုကင်လက်မှတ်များမှာ မောင်တောမြို့တွင်းရှိ ဈေးဆိုင်များတွင် လက်ရှိ အသုံးပြု နေသော တိုကင်များဖြစ်နေသောကြောင့် ပြည်သူများလက်ထဲတွင် လည်ပတ်နေသော တိုကင်များ အားလုံး သုံးမရဖြစ်သွားသည်ဟု မောင်တောမြို့မှ ဆရာတော် ဦးဝီရကမိန့်သည်။

“ပြန်လာဝယ်တဲ့ တိုကင်တွေက ဆိုင်တွေက တကယ် ထုတ်ပေးထားတာတွေလား၊ အတု လုပ်ထားတာလား ဆိုတာ စဉ်းစားစရာ ဖြစ်သွားတော့ ဆိုင်တွေက မယူရဲတော့ဘူး။ တကယ် အသုံးပြုနေပြီး လက်ထဲမှာ တိုကင်တွေ ကိုင်ထားတဲ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်တာပေါ့” ဟု ဆရာတော်က ပြောသည်။

ယခု ဖမ်းဆီးရမိသည့် ကျပ် ၉ သိန်းကျော်ဖိုး တိုကင်များကို လူတဦးတည်းဆီမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့တွင်သာမက တခြားသောမြို့များတွင်လည်း အကြွေရှားပါးမှုကြောင့် ဆိုင်ရှင်၏ လက်မှတ်နှင့် ငွေတန်ဖိုးရေးကာ တိုကင်အဖြစ် အသုံးပြုကြကြောင်း သိရသည်။

ငွေအကြွေရှားပါးမှုကြောင့် ပြန်အမ်းသည့် ပစ္စည်းများကို စားသုံးသူ တို့က လက်မခံချင်ကြသဖြင့် ထိုသို့ တိုကင် ပြုလုပ်ကာ ပြန်အမ်းခြင်း ကျယ်ပြန့်လာခြင်းဖြစ်သည်။ ကုန်စိမ်း ဆိုင်များတွင်မူ နံနံပင်၊ ငရုပ်သီးစိမ်း၊ ခရမ်းချဉ်သီးတို့ကို အကြွေအဖြစ် ပြန်အမ်းကြသည်။

တချို့သော ကုန်စုံဆိုင်၊ စားသောက်ဆိုင်နှင့် ကွမ်းယာဆိုင်တို့ကမူ ဝယ်နေကျ ဖောက်သည်ကို အကြွေ ပြန်မအမ်းတော့ဘဲ စာရင်းမှတ်ထားသည့် စနစ်နှင့် လည်ပတ်ကြသည်ဟု သိရသည်။

“ဥပမာ ၂၀၀ အမ်းရမယ်ဆိုရင် မအမ်းတော့ဘဲ နောက်တခါအတွက် ပေါင်းမှတ်ထားတာမျိုး၊ ဒါမှမဟုတ် စားသုံးသူဘက်က ပေးစရာကျန်တယ်ဆိုရင်လည်း အဲဒီလိုပဲ ဆိုင်ရှင်က မှတ်ထားလိုက်တာမျိုး လုပ်ကြတယ်” ဟု ရန်ကုန်မြို့နေ ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောပြသည်။

စစ်အစိုးရက ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန်နှင့် ၅၀၀၀ ကျပ်တန်များကိုသာ အသစ်ထုတ်လုပ်သော်လည်း ၅၀ ကျပ်၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ် အစရှိသည့် အကြွေများကို အသစ်ထုတ်လုပ်ခြင်း မရှိသောကြောင့် အကြွေရှားပါးသည့် ပြဿနာကို ရင်ဆိုင်နေကြရကြောင်း၊ ထိုသို့ အကြွေရှားပါးသည့် ပြဿနာကို မဖြေရှင်းနိုင်သေးကြောင်း ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက သုံးသပ်သည်။

“ငွေအကြွေအစား ပစ္စည်းတွေကို ပြန်အမ်းတော့ စားသုံးသူက မလိုချင်တဲ့ ပစ္စည်း အတွက်ပါ ငွေ အပိုကုန်ရသလိုဖြစ်တယ်၊ ပစ္စည်းအစား တိုကင်ကို အသုံးပြု ပြန်တော့လည်း အလွယ်တကူ အတု လုပ်နိုင်တော့ ရောင်းတဲ့သူ ဘက်က ထိခိုက်တယ်” ဟု သူက ဆိုသည်။

ဘူးသီးတောင် မောင်တော နယ်စပ် စီးပွားရေး သတင်းများ ရေးသားနေသည့် ပြည်တွင်း သတင်းထောက် တဦးကလည်း တတိုင်း ပြည်လုံးတွင် တိုကင် အသုံးပြုကာ မောင်တောမြို့နယ်ကဲ့သို့ ဖမ်းမိပြီး အသုံးမပြုခွင့် မရတော့လျှင် သာမန်ပြည်သူများ နစ်နာမည်ဟု ပြောသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */