မြန်မာ စစ်တပ် ထိုးစစ် ကရင်ရွာသားတွေ ထွက်ပြေးရ

Sunday, January 24, 2010 ·

ဗီအိုအေ | မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ ကရင်ရွာတွေကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းအခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ကရင်ရွာသူ ရွာသားပေါင်း ၂,၀၀၀ ကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြ ရတယ်လို့ Free Burma Rangers ခေါ် ပဋိပက္ခ ဒေသအတွင်း ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင် နေတဲ့ အဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှုတွေက ပဲခူးတိုင်း ညောင်လေးပင် မြို့နယ်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ ဇန်န၀ါရီလ ၁၇ ရက်နေ့က စတင် ဖြစ်ပွားခဲ့တာလို့ ပဋိပက္ခ ဒေသ အတွင်းက ပြည်သူတွေကို အကူအညီ ပေးနေတဲ့ နောက် အဖွဲ့တဖွဲ့ ဖြစ်တဲ့ CIDKP အဖွဲ့က စောစတိဖ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ အခုအချိန်ထိလည်း တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။

တောထဲမှာ ပုန်းအောင်းနေကြရတဲ့ ရွာသူရွာသားတွေဟာ ညအအေးဒဏ်ကို ကာကွယ်ဖို့ စောင်တွေ မရှိပေမဲ့ သူတို့ ပုန်းအောင်းတဲ့ နေရာတွေကို မြန်မာ စစ်တပ် တွေ့သွားမှာစိုးလို့ အနွေးဓာတ်ရအောင် မီးလည်း မဖိုရဲကြဘူးလို့ ဆိုပါတယ်။

နားဆင်ရန်

source by : ဗီအိုအေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */