ထူးကုမ္ပဏီ လက်ဝါးကြီးအုပ်ဟု မိုဘိုင်းဆိုင်များ ပြစ်တင်

Sunday, January 24, 2010 ·

မျိုးသိဏ်း | ရန်ကုန် (မဇ္ဈိမ)။ ။ ကြိုတင် ငွေဖြည့်ကဒ်သုံး စီဒီအမ်အေ-၈၀၀ မဂ္ဂါဟက်ဇ် တယ်လီဖုန်းများ ရောင်းချမှုနှင့် ပတ်သက်၍ ထူးထရေးဒင်းကုမ္ပဏီသည် လက်ဝါးကြီးအုပ် ချယ်လှယ် နေခြင်းသာ ဖြစ်သည်ဟု မိုဘိုင်းပစ္စည်းအရောင်းဆိုင်များက ပြစ်တင်ပြောကြားလိုက်သည်။

စစ်အစိုးရ၏ လက်ရင်း လူယုံ စီးပွားရေးသမား ဦးတေဇ ပိုင်ဆိုင်သည့် ကုမ္ပဏီ ဌာနခွဲဖြစ်သော သတင်း အချက်အလက် နည်းပညာ ဗဟိုဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Information Technology Central Services Co.,Ltd) က တဦးတည်း ကိုယ်စားလှယ် အဖြစ် စီဒီအမ်အေ ဖုံးများကို ရောင်းချမှု စတင်အပြီး ပြစ်တင်သံများ ထွက်ပေါ်လာခဲ့သည်။

''ကျနော်တို့ ဖုန်းဆိုင်တွေအကုန်လုံး ဒီ 800 MHz အတွက် ဖုန်းတွေ သွင်းထားကြတယ်။ အခု ဆက်သွယ်ရေးက ဆင်းမ်ကဒ် ထုတ်ပေးလိုက်တယ်။ သူတို့က Prepaid Card တွေကို တခါတည်း ဖုန်းနဲ့ တွဲရောင်းတယ်။ သူတို့က ဖုန်းခွံ မရောင်းဘူးဆိုရင်တော့ တမျိုးပေါ့။ Prepaid Card ကိုလည်း ဘယ်အချိန်မှ အပြင်ဆိုင်တွေကို ပေးရောင်းမလဲ မပြောတတ်ဘူး။ လူတွေအားလုံး သူတို့ဆီက ဖုန်းခွံဝယ်ပြီးမှ ကျန်တဲ့ ဆိုင်တွေကို ပေးရောင်းမယ် ဆိုရင် သွင်းထားတဲ့ ဖုန်းခွံတွေက သွားပြီပေါ့။ " ဟု ရန်ကုန်မြို့ရှိ တယ်လီဖုန်း အရောင်းဆိုင် တခုက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်မြို့တွင်းသုံး CDMA 2000 IX ခေါ် 800MHz ဖုန်းကဒ်များကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဗုဒ္ဓဟူးနေ့တွင် စတင် ထုတ်ပေးခဲ့သော်လည်း ကြိုတင် ငွေဖြည့်ကဒ်များကို ITCS Co., Ltd က တရက် ထပ်မံ ရွှေ့ဆိုင်းပြီးမှ ရောင်းချခဲ့သည်။

ထို့ကြောင့် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ITCS ကုမ္ပဏီရှိရာ ပန်းဆိုးတန်းလမ်းရှိ Mobile Shopping Mall တွင် ဖုန်းခွံနှင့် ကြိုတင်ငွေဖြည့်ကဒ် ဝယ်ယူလိုသူအများအပြား စုပြုံနေကြသည်ကို တွေ့ရသည်။

” ဖုန်းပြောဖို့ Prepaid Card လိုတယ်။ Prepaid Card ကို သူတို့ ကုမ္ပဏီ တခုတည်းက ရောင်းတယ်။ ဖုန်းခွံပါ တခါတည်း ရောင်းတယ်ဆိုတော့ ဝယ်တဲ့သူက ဒီကဒ်ကိုစမ်းဖို့ အပြင်ဆိုင်မှာ တကူးတက ဘယ်ဝယ်တော့မှာလဲ။ ဖုန်းဆင်းမ်ကဒ်နဲ့ ကြိုတင် ငွေဖြည့်ကဒ် စနစ်တွေတင်မကဘူး ဖုန်းခွံရောင်းတဲ့ ဈေးကွက်ကိုပါ ဝင်ပြီးတော့ မိုနိုပိုလီလုပ်နေတဲ့ သဘောပဲ။" ဟု ကျောက်တံတားမြို့နယ်မှ မိုဘိုင်းဖုန်းဆိုင် တခုက ပြောသည်။

ကြိုတင် ငွေဖြည့်ကဒ်များကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ အမှတ်တံဆိပ်ဖြင့်သာ ရောင်းချပေးခြင်း ဖြစ်သော်လည်း ယင်းကဒ်များကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတွင် ရောင်းချခြင်းမရှိပေ။ ကဒ်အတွင်း စည်းကမ်းချက်အနေဖြင့် "(Prepaid Top-up Card) ကြိုတင် ငွေဖြည့်ကဒ်များကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တရားဝင် ရောင်းချခွင့် ပြုထားသော အရောင်းကိုယ်စားလှယ်ထံတွင် ဝယ်ယူ ရရှိနိုင်ပါသည်။" ဟု ရေးသားထားသည်ကို တွေ့ရသည်။

ITCS ကုမ္ပဏီသည် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်သုံး ဖုန်းခွံများကို တလုံးလျှင် ကျပ်ငါးသောင်း ငါးထောင်နှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

"ရန်ကုန်နဲ့ မန္တလေးမှာ ဒီဖုန်းတွေ အလုံး တသိန်းခွဲ ချပေးမယ် ဆိုကတည်းက ကျနော်တို့စုံစမ်းပြီး ဖုန်းခွံတွေ သွင်းခဲ့တာ။ အထိုင် ဖုန်းကော ဟန်းဆက် တွေရောပဲ။ နောက် လမ်းဆုံလမ်းခွတွေမှာရော ဂျာနယ် တွေမှာရော ကြော်ငြာတယ်။ အခုအတိုင်းဆိုရင် ဒီဟန်းဆက်တွေ ရောင်းဖို့က သိပ်မလွယ်တော့ဘူး။ သူတို့ဘက်က Prepaid Top-up Card တွေကို Reseller ပေးတဲ့အချိန်ကိုပဲ စောင့်ရတော့မှာပဲ။" ဟု ဖုန်းခွံ အများအပြား တင်သွင်းထားသည့် ကုမ္ပဏီတခုက ပြောသည်။

ယခုထုတ်ပေးသည့် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများအတွက် ကြိုတင် ငွေဖြည့်ကတ်များကို တဆင့် ပြန်လည်ရောင်းချရန် ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းဆိုင်များက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ITCS ကုမ္ပဏီတို့နှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေးသော်လည်း တိကျရေရာသည့် ပြန်ကြားမှု မရရှိသေးကြောင်း ဖုန်းဆိုင်များက ပြောသည်။

ယခင် တစ်ခါသုံး ဂျီအက်စ်အမ် ဖုန်းကဒ်များကို ရောင်းချခဲ့စဉ်ကလည်း ထူးထရေးဒင်း ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော Central Marketing Co.,Ltd မှပင် တဦးတည်း ကိုယ်စားလှယ်အဖြစ် ရောင်းချခွင့် ရရှိခဲ့သည်။

ပြင်ပဖုန်းဆိုင်များအနေဖြင့် Central Marketing ကုမ္ပဏီမှ အက်ဖ်အီးစီ ၂၀ တန် တခါသုံး ဂျီအက်စ်အမ် ကဒ်များကို တဆင့်ယူ ရောင်းချရန် အက်ဖ်အီးစီ ၂၀ အပြင် ငွေကျပ် ၂၀၀၀ ထပ်ဆောင်း ပေးဝယ်ယူရသည်မှာ ယနေ့တိုင် ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ ပြည်တွင်း ဆက်သွယ်ရေး အနေအထားနှင့် ပတ်သတ်၍ "ကားတို့ ဖုန်းတို့က ဒီမှာတော့ နိုင်ငံရေးလို ဖြစ်နေတယ်။ အစိုးရ ထိပ်သီးပိုင်းနဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေကို ဘယ်သူက ဘာယူဆိုပြီး ခွဲပေးနေတာပါပဲ။ လူထုကို ဆက်သွယ်ရေး ကောင်းစေချင်လို့ လုပ်ပေးတာမှ မဟုတ်တာ။ ကောင်းစေချင်ရင်တော့ ဒီလိုတောင်ဖြစ်မလာဘူးလေ။ ဒီနိုင်ငံမှာတော့ ဒီကိစ္စတွေပြောရင် နိုင်ငံရေး ဖြစ်နေမှာပဲ။" ဟု ရန်ကုန်အခြေစိုက် ဂျာနယ်တခုမှ အယ်ဒီတာတဦးက ပြောသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */