သန်းထိုက်ဦး | မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမည် ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) က ယမန်နေ့က ပြောကြား လိုက်သည်။
ဗီယက်နမ် နိုင်ငံတွင် ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်း အဝေးတွင် ယခုကဲ့သို့ ဆူရင်ပစ်ဆူဝမ်က သတင်းထောက် များကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။
“မြန်မာပြည် ပြဿနာက ဒီနှစ်ထဲမှာ ဖြေရှင်းနိုင် လိမ့်မယ်လို့ အာဆီယံ ၀န်ကြီးတွေ တော်တော်လေး မျှော်လင့်ထား ကြတယ်။ ဒါမှသာ အာဆီယံဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး တွေကို ရှေ့တိုးပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆူရင် ပစ်ဆူဝမ်က ပြောသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီ အမ်နာတာလဂါဝါကမူ “ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့ပါတီက လုပ်ဖော်ကိုင်ဖက်တွေ အဆက်အသွယ်ရှိတာကို ကျနော်တို့ လိုလားပါတယ်။ ဒါက ရွေးကောက်ပွဲကို NLD က ဘယ်လို ချဉ်းကပ်မယ်၊ ၀င်မယ်၊ မ၀င်ဘူး ဆိုတဲ့ အဆုံးအဖြတ်ကို ဖော်ဆောင်နိုင်လိမ့်မယ်”ဟု ပြောသည်။
၂၀၀၉ ခု နိုဝင်ဘာ လကုန်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သော နာဂစ်မုန်တိုင်း ဒုက္ခသည်များ ကူညီရေး အစည်းအဝေး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် မစ္စတာ ဆူရင် ပစ်ဆူဝမ် (ဓာတ်ပုံ - Reuters) |
“မြန်မာပြည် ပြဿနာက ဒီနှစ်ထဲမှာ ဖြေရှင်းနိုင် လိမ့်မယ်လို့ အာဆီယံ ၀န်ကြီးတွေ တော်တော်လေး မျှော်လင့်ထား ကြတယ်။ ဒါမှသာ အာဆီယံဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး တွေကို ရှေ့တိုးပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆူရင် ပစ်ဆူဝမ်က ပြောသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီ အမ်နာတာလဂါဝါကမူ “ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့ပါတီက လုပ်ဖော်ကိုင်ဖက်တွေ အဆက်အသွယ်ရှိတာကို ကျနော်တို့ လိုလားပါတယ်။ ဒါက ရွေးကောက်ပွဲကို NLD က ဘယ်လို ချဉ်းကပ်မယ်၊ ၀င်မယ်၊ မ၀င်ဘူး ဆိုတဲ့ အဆုံးအဖြတ်ကို ဖော်ဆောင်နိုင်လိမ့်မယ်”ဟု ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင်၂၀၁၀ ရွေးကောက်ပွဲကို လာမည့် ဒုတိယ နှစ်ဝက်၌ ပြုလုပ်ကျင်းပနိုင်ဖွယ်ရှိကြောင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်းကလည်း ပြောသည်။
“ရွေးကောက်ပွဲ ကျင်းပဖို့ အနီးစပ်ဆုံး အချိန်က ဒုတိယ နှစ်ဝက်ပိုင်းလောက်မှာ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်”ဟု ထိုင်း နိုင်ငံခြား ရေး ၀န်ကြီး ကဆစ်၏ ပြောဆိုမှုကို ကိုးကား၍ ရိုက်တာ သတင်း တပုဒ်တွင် ဖော်ပြထားသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေ တို့အတွက် ပြင်ဆင် နေမှုများမှာ ရာခိုင်နှုန်း ၆၀၊ ၇၀ ခန့် ပြီးဆုံး သွားပြီဖြစ်ကြောင်းလည်း ကဆစ်က ဆိုသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ထားသော ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက“အမှန်အတိုင်းဆိုရင် စည်းရုံးရေး ဆင်းဖို့အတွက် တနှစ်လောက်တော့ လိုအပ်တယ်၊ တနှစ်လောက် လိုတယ်ဆိုတာက နိုင်ငံရေး ပါတီတွေက အခုမှ စဖွဲ့ကြတာကိုး ပါတီတွေက ဖွဲ့ပြီးသား ရှိနေတယ်ဆိုရင် အချိန်အများကြီးမလိုဘူး”ဟု ဧရာဝတီသို့ ပြောသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြုလုပ်စဉ်က ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုများအတွက် အချိန်များစွာ မယူခဲ့ကြောင်း တွေ့ရသည်။
၁၉၉၀ ရွေးကောက်ပွဲ အတွက် ဥပဒေကို အာဏာသိမ်းပြီး ၈ လ အကြာတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဥပဒေကို ၁၉၈၉ မေလတွင် ထုတ်ပြန် ခဲ့သောကြောင့် နိုင်ငံရေး ပါတီများသည် ၁၉၉၀ မေလ ရွေးကောက်ပွဲအတွက် မဲဆွယ်ချိန် တနှစ်ရခဲ့သည်။
ထိုစဉ်က ရွေးချယ် ခံရသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအတွက် အစိုးရဖွဲ့နိုင်သော လွှတ်တော်ခေါ်ယူခွင့်ပေးခြင်း မရှိဘဲ အစိုးရက အမျိုးသား ညီလာခံကို ဦးစီးကျင်းပကာ လက်သင့်ရာ ကိုယ်စားလှယ်များဖြင့် အခြေခံဥပဒေ ရေးဆွဲ စေခဲ့သည်။
၁၉၉၃ ခုနှစ်တွင် စတင် ရေးဆွဲခဲ့သော အခြေခံ ဥပဒေသည် ၂၀၀၈ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။
ယခု စီစဉ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံတကာမှ တောင်းဆိုနေသည့် အတိုင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲ ဖြစ်နိုင်ရန် အလားအလာ နည်းပါးကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၊ ကိုမင်းကိုနိုင်နှင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များအား ဖမ်းဆီးထားခြင်းမှ ပြန်လွှတ် ပေးခြင်း မရှိသေးသည့် အတွက် ယင်း ရွေးကောက်ပွဲသည် တရား မျှတမှု ရှိလိမ့်မည် မဟုတ်ကြောင်း နိုင်ငံရေး သုံးသပ်သူများက ဆိုသည်။
source by : ဧရာဝတီ

0 comments:
Post a Comment