မြန်မာ ဒုက္ခသည် ၅၇၀၀၀ ကျော်ကို တတိယနိုင်ငံ ပို့ပေး

Thursday, January 14, 2010 ·

မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ နိုင်ငံသား ဒုက္ခသည် ၅၇၀၀၀ ကျော်ကို ထိုင်းနိုင်ငံမှတဆင့် နိုင်ငံခြားတွင် အခြေချ နေထိုင်ရန် ခြောက်နှစ်အတွင်း ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံတကာ ရွှေ့ပြောင်း အခြေချ နေထိုင်သူများအဖွဲ့ IOM က ထုတ်ပြန်လိုက်သည်။


photo IOM
၂၀၀၄ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် ခိုလှုံ နေထိုင်နေသော မြန်မာ ဒုက္ခသည်များကို အမေရိကန် နိုင်ငံသို့ အများဆုံး ပို့ဆောင်ခဲ့ပြီး ၂၀ ရာခိုင်နှုန်း ကိုတော့ ဥရောပနိုင်ငံများ၊ သြစတြေလျနှင့် ကနေဒါတို့သို့ ပို့ဆောင် ပေးခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယမန် နှစ်က မြန်မာ ဒုက္ခသည် ၁၇၀၀၀ ကျော်ကို နိုင်ငံခြား ပို့ပေးခဲ့သည့် အနက် အများစုမှာ ကရင်နှင့် ကရင်နီ တိုင်းရင်းသား အများစု ဖြစ်သည်။

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင်ရှိ နန်းစွိုင် ကရင်နီ ဒုက္ခသည် စခန်းမှ ၆၈၀၀ ဦး၊ တောင်ပိုင်းရှိ တာ့ခ်ခရိုင်မှ မယ်လ ကရင် ဒုက္ခသည် စခန်းမှ ၃၄၀၀ ဦးတို့ ပါဝင်သည်ဟု IOM ကဖော်ပြသည်။

မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ် တောင်တန်း ထူထပ်သော နယ်စပ် တလျောက် ဝေးလံခေါင်ဖျားဒေသ များရှိ အခြားသော ဒုက္ခသည် စခန်း ၇ ခုမှ ဒုက္ခသည် အချို့ကိုလည်း ပို့ဆောင်ပေးခဲ့သည်။

ဒုက္ခသည်များကို လက်ခံခဲ့သော ဥရောပနိုင်ငံများတွင် ဒိန်းမတ်၊ ဖင်လန်၊ အိုင်ယာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်သည်။

လက်ခံသော နိုင်ငံများ၏ မေတ္တာရပ်ခံချက်အရ IOM အနေဖြင့် ဒုက္ခသည်များ မထွက်ခွာမှီ အဆုတ်နာ ရောဂါနှင့် တခြားသော ကူးစက်စေတတ်သော ရောဂါရှိ မရှိ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်သည်ဟု ပြောသည်။

{တကယ်လို့ ဒုက္ခသည်တယောက်က ကူးစက်ရောဂါရှိတယ်ဆိုရင် ခရီးသွားဖို့ကောင်းတဲ့ အခြေအနေထိ ရောက်အောင် IOM က ဆေးကုပေးပါတယ်} ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဒုက္ခသည်များကို ကားဖြင့် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ သုဝဏဘူမိ လေဆိပ်သို့ ခေါ်ဆောင်ပြီး ထိုမှတဆင့် သက်ဆိုင်ရာနိုင်ငံ နေထိုင်ရာနေရာ ရောက်သည်အထိ IOM က စီစဉ်ပေးသည်။

IOM က ခြောက်နှစ်အတွင်း ဒုက္ခသည်ပေါင်း ၇၄၀၀၀ ကျော်ကို တတိယနိုင်ငံတွင် အခြေချနေထိုင်ရန် စီစဉ်ပေးခဲ့ရာ ထိုင်းနိုင်ငံတွင် ခိုလှုံနေသော မုံး တိုင်းရင်းသား လာအို ၁၅၀၀၀ ကျော်လည်းပါဝင်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ အခြေစိုက် IOM သည် ဗီယက်နမ်စစ်ပွဲအပြီး ၁၉၇၅ ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ ငါးသိန်းခန့်သော ဒုက္ခသည်များကို တတိယနိုင်ငံများသို့ ပို့ဆောင်ပေးနေခဲ့သည်။

ပြည်တွင်းစစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုသို့ ရောက်ရှိနေသော ဒုက္ခသည်ပေါင်းမှာ ၂၀၀၉ အောက်တိုဘာလအထိ ၁၄၀၀၀၀ ဦးခန့်ရှိကြောင်း ဒုက္ခသည်များကို ကူညီနေသည့် TBBC အဖွဲ့က ထုတ်ပြန်ထားသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */