ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် တွေ့ဆုံ ဆွေးနွေး လိုကြောင်း နအဖ ကမ်းလှမ်းမှုကို ဝတပ်ဖွဲ့ ပယ်ချ

Thursday, January 14, 2010 ·

ပေါက်ပေါက် | ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ပေါက်ယူချန်းအား တွေ့ဆုံ ဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာလုံခြုံရေးဌာန (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏ မကြာသေးမီ ရက်ပိုင်းက ကမ်းလှမ်း လာမှုကို ဝတပ်ဖွဲ့က ပယ်ချထားသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ သို့မဟုတ် တန့်ယန်းမြို့သို့ ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်း လာရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စရပ်များအား ဆွေးနွေးရန် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကမ်းလှမ်း ထားသည်ကို မဖြစ်နိုင်သည့် အကြောင်း ပြန်လည် ပြောဆိုထားသည်ဟု အမည် မဖော်လိုသည့် ဝအရာရှိ တဦးက ပြောသည်။

၎င်းက “နောက်ဆုံး တန့်ယန်းမှာ တွေ့ပြီးကတည်းက ပြန်မတွေ့ ရသေးဘူး။ အဲဒါကို ဘယ်အချိန် ထပ်တွေ့မယ် ဆိုတာလည်း မပြောထားဘူး။ အခုလ (၅) ရက်နေ့က သူတို့ဘက်က အကြောင်းကြားလာတာက ဦးပေါက်ယူချန်းနဲ့ တိုက်ရိုက် ဆွေးနွေး ချင်တယ် ဆိုပြီး ပြောလာတယ်။ သူ့ကျန်းမာရေး အရ မတွေ့နိုင်ဘူးလို့ဘဲ ပြန်ပြော ထားတယ်” ဟု ပြောသည်။


ပြီးခဲ့သည့် နိုဝင်ဘာ (၁၄) ရက်တွင် တန့်ယန်းမြို့၌ စရဖအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ဦးဆောင်သည့် နအဖကိုယ်စားလှယ်အဖွဲ့နှင့် ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် ပြေလည်မှုမရရှိဘဲ ဒီဇင်ဘာနောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အကြောင်းပြန်ရန် နအဖဘက်က ရာဇသံပေးခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ဝမ်ဟုန် ဒေသအား ဝတပ်ဖွဲ့၏ စစ်ဒေသအဖြစ် သတ်မှတ်ရေး၊ မိုင်းပေါက်နှင့် မိုင်းဖျန်အား မိုင်းပေါက်မြို့နယ် အဖြစ် သတ်မှတ်ကာ ဝတိုင်းဒေသကြီးထဲထည့်သွင်းရေး၊ အောက်ခြေ တပ်ရင်းအဆင့်တွင် နအဖစစ်တပ်ဘက်မှ ပါဝင်စရာမလိုဘဲ ဝစစ်သားများဖြင့်သာ ဖွဲ့စည်းရေး စသည့်ကိစ္စရပ်များကို နအဖဘက်က လက်မခံသည့်အတွက် ဝတပ်ဖွဲ့နှင့် နအဖတို့ ဆွေးနွေးမှုမှာ ယခုအချိန်အထိ ပြေလည်မှုမရဘဲ ရှိနေသည်။

အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ရင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖဘက်က ယမန်နှစ်၊ ဧပြီ (၂၈) ရက်က စတင် ကမ်းလှမ်းလာခဲ့ရာ ကချင်အထူးဒေသ (၁) ကချင် ဒီမိုကရေစီသစ် တပ်မတော်၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ခေါ် ကိုးကန့် တပ်ဖွဲ့နှင့် ကယား ပြည်နယ် အထူး ဒေသ (၂) ကလလတတို့က မကြာသေးမီ လပိုင်း အတွင်း၌ နယ်ခြားစောင့် တပ်အသွင် ပြောင်းခဲ့သည်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) မှ ခွဲထွက်ခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ကချင် ငြိမ်းချမ်းရေး အဖွဲ့မှာလည်း ပြည်သူ့ စစ်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းပြီး ဖြစ်သည်။

ဝတပ်ဖွဲ့၊ ကေအိုင်အို၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) နှင့် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလား တပ်ဖွဲ့တို့ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ခြွင်းချက်မရှိ လက်ခံနိုင်ခြင်း မရှိသေးသဖြင့် နအဖနှင့် အပစ်ခတ်ရပ် အဖွဲ့များအကြား ဆွေးနွေး နေသော်လည်း ပြေလည်မှု မရရှိဘဲ ဖြစ်နေသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */