မလေးရှားတွင် အဖမ်းအဆီးကြမ်း

Saturday, January 23, 2010 ·

ဘစောတင် | မလေးရှား အာဏာပိုင်များက တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို ပြင်းထန်စွာ အရေးယူမည် ဟူသော ထုတ်ပြန်ချက် ထွက်ပြီးနောက် ရက်သတ္တ တပတ်ခန့် အတွင်း နိုင်ငံတ၀န်း နေ့စဉ် ရက်ဆက် ဖမ်းဆီးမှု များပြုလုပ်နေသောကြောင့် မလေးရှားရှိ မြန်မာ အလုပ်သမားများ စိုးရိမ် ထိတ်လန့် နေကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့က မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် ထိုကဲ့သို့ ပြင်းထန်စွာ ဖမ်းဆီး နှိမ်နင်းမည်ဟု ထုတ်ပြန်ချက် ပါလာပြီးနောက် ယနေ့အထိ မြန်မာ နိုင်ငံသားများ အပါအ၀င် နိုင်ငံတ၀န်း ရှိ နိုင်ငံခြားသား အလုပ်သမား ထောင်နှင့်ချီ၍ ဖမ်းဆီး ခံရသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (မလေးရှား ဌာနခွဲ) မှ အတွင်းရေးမှူး ကိုအောင်ကျော်ဆက် က ပြောသည်။

“ဇန်န၀ါရီ ၁၄ ရက်ကနေ ဒီနေ့အထိ မလေးရှားတနိုင်ငံလုံး ဖမ်းဆီးမှုမှာ လူ ၄၀၀၀ လောက်ကိုရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။


ယနေ့ နံနက်ပိုင်းတွင်လည်း မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူ မြို့တွင်း၌ မလေးရှား ရဲ များက ဖမ်းဆီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ကွာလာလမ်ပူအခြေစိုက် ပြည်ထောင်စု သတင်းစာ ထုတ် ဝေသူ ကိုအောင်ထွန်းဦးကလည်း ပြောသည်။

“KL (ကွာလာလမ်ပူ) မြို့ထဲမှာဆိုရင် ပုလိပ်တွေက နှစ်ယောက်တတွဲ လမ်းထိပ်နားတွေက ရပ်စောင့်ပြီး ဖမ်း တယ်၊ အထူးသဖြင့် ကိုတာရယ တ၀ိုက်မှာ အဆိုးဆုံးပဲ၊ ဖမ်းတာကတော့ တနိုင်ငံလုံး၊ ရပ်ကွက်တွေ ဆိုရင် ပုလိပ်တွေ က အုပ်လိုက်အုပ်လိုက် ၀င်ပြီးရှာနေကြတယ်”ဟု ဆိုသည်။

ယခု ရက်ပိုင်းအတွင်း မလေးရှားရှိ လူစည်ကားရာ ကားမှတ်တိုင်များ၊ လမ်းဆုံလမ်းခွများ၊ ပန်းခြံများ၊ ကုန် တိုက် ကြီးများ၊ ဈေးများနှင့် စားသောက်ဆိုင်တန်းများကို ၀င်ရောက်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ပီနန်းတွင်နေထိုင်သူ ကိုမျိုးသူကလည်း လူဝင်မှုကြီးကြပ်ရေး၊ ရဲ တပ်ဖွဲ့ဝင်များနှင့် ရလာ များ ပူးပေါင်း၍ ပီနန်း ၌ ယမန်နေ့က လူ ၁၀၀ ခန့် ဖမ်းဆီးသွားသည်ဟု ပြောဆိုသည်။ ထို့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)အသိအမှတ်ပြု လက်မှတ် ကိုင်ဆောင်ထားသူများပင် အဖမ်း အဆီးခံရမှုရှိသည်ဟုလည်း ဆိုသည်။

“ကျနော် ကြားသိသလောက် တရားမ၀င်နိုင်ငံခြားသား အလုပ်သမား ၅ယောက်နဲ့အထက်ကို လက်ခံ ထား တဲ့ အလုပ်ရုံ ကုမ္ပဏီကိုမိရင် ပိတ်ပစ်ပြီး သူဌေးကိုပါ အရေးယူမယ်လို့ ကြားတယ်၊ နောက်တခု ကတော့ U.Nလက်မှတ် ကိုင်ဆောင်သူတယောက်ကို အလုပ်ပေးထားတဲ့အလုပ်ရှင်ဆိုရင် အဲဒီသူဌေးကို ရင်းဂစ် ၄၀၀၀ ကနေ ၅၀၀၀ အထိ ဒဏ်ရိုက်မယ်လို့ ခြိမ်းခြောက်ထားတယ်”ဟု ကိုမျိုးသူက ပြောပြသည်။

ကိုအောင်ကျော်ဆက်ကလည်း“အခု တလော မလေးအနှံ့မှာ ဖမ်းတာဆီးတာဟာ အတော်လေးကို စိပ်လာ တယ်၊ မနေ့က ပီနန်းက စက်ရုံတခုကိုဝင်ဖမ်းတာ မြန်မာ အယောက် ၄၀ ကျော်ပါသွားတယ်၊ ပြီးတော့ မြန်မာ တွေ အနေများတဲ့ ကွာလာလမ်ပူနားက ပူချောင်း (Puchong) မှာဆိုရင် လော်ရီကား ၃ စီးနဲ့ တင်သွားတယ်၊ နောက် ကလန်း (KLang) မှာ လော်ရီကား ၂ စီးစာ လောက်ပါသွားတယ်”ဟုဆိုသည်။

ထိုကဲ့သို့ ဖမ်းဆီးရာတွင် အသုံးပြုသောကားများမှာ စစ်သုံးလော်ရီကားများဖြစ်ပြီး တစီးလျှင် အနည်းဆုံး လူ(၈၀)ခန့် ဆန့်သည်ဟု သိရသည်။

ဇန်န၀ါရီ ၁၄ ရက်က The Star သတင်းစာတွင် “မလေးရှား လူဝင်မှု ကြီးကြပ်ရေးက လာမည့် ဖေဖော်ဝါရီ လ ၁၅ ရက်မှ စတင်ကာ နိုင်ငံတ၀န်း တရားမ၀င်အလုပ်လုပ်နေသော နိုင်ငံခြားသား ထောင်ပေါင်းများစွာကို ဖမ်းဆီးနှိမ်နင်းတော့မည်။ ယင်းသို့ ဖမ်းဆီးရာတွင် လ၀ကများ ၊ ရဲများ၊ ရလာ (Rala) များက ပူးပေါင်း ကူညီ ကြမည်ဖြစ်သည်။ ယခုအခါ မလေးရှားတွင် နိုင်ငံခြားသား အလုပ်သမား ၁ သန်း ၈ သိန်းခန့်ရှိသည်”ဟု ဖော် ပြခဲ့သည်။

မလေးရှားတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ လာရောက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */