မေတ္တာဦးဆောင်သော မြန်မာအငြိမ့် အဖွဲ့၏ ဂျပန် ခရီးစဉ် ရန်ကုန် လေဆိပ်တွင် တားမြစ်ခြင်းခံရ

Sunday, January 24, 2010 ·

မိုးမခအထောက်တော် | ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် လာရောက် ဖျော်ဖြေ တင်ဆက်မည့် လူရွှင်တော် မေတ္တာ ဦးဆောင်သော အနုပညာ သမားများ ရန်ကုန် လေဆိပ်တွင် တားဆီး ခံရကြောင်း စုံစမ်း သိရှိရသည်။ ကိုမေတ္တာနှင့် အတူ မိုးဒီ၊ မော့်စ်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင် တို့ပါ တားဆီး ခံရခြင်းလည်း ဖြစ်သည်။

ဇန်န၀ါရီလ ၂၂ ရက်(သောကြာ)နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုမေတ္တာနှင့်အတူ မိုးဒီ၊ မော့်စ်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင် တို့ပါ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်တွင် တားဆီး ခံရခြင်းလည်း ဖြစ်သည်။ လေဆိပ်တွင် D ဖောင် ထုတ်ပေးပြီးခါမှ ပြည်ထဲရေးက ခွင့်မပြုချက် မရဟု ဆိုကာ ဂျပန်သို့လာမည့် အနုပညာသည်များ၏ ပစ်စပို့စာအုပ်တွေ အသိမ်းခံလိုက်ရကြောင်း၊ ပြည်တွင်းရှိ သတင်းသမားများလည်း လေဆိပ်သို့ သွားရောက်၍ အင်တာဗျူးတွေ လုပ်နေကြောင်းလည်း သိရှိရသည်။

ကိုမေတ္တာတို့ အဖွဲ့ကို ဂျပန်သို့ သွားရောက် ဖျော်ဖြေမည် ဆိုကတည်းက ရုပ်ရှင်နှင့် သဘင် ကောင်စီတို့မှ ခေါ်ယူ မေးမြန်းမှုတွေ ပြုလုပ် ခံရကြောင်း၊ ဂျပန် ဗီဇာကို ထုတ်ပေးပြီးကာမှ ဆိုင်းငံ့ အဖြစ် ပြန်လည် ရွေ့ပြောင်းမှုတွေ ပြုလုပ် ခံရကြောင်း၊ အာဏာပိုင်များ၏ ဖိအား ပေးမှုကြောင့် အနုပညာရှင်များ၏ ဂျပန်ပြည်ဝင်ခွင့်ဗီဇာ နှောင့်နှေး ကြန့်ကြာ နေသောကြောင့် ပျက်ပြားဖွယ်ရှိကြောင်း အစဦးကတည်းက ကြားသိနေရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ကိုမေတ္တာကို ဖုန်းဆက် မေးမြန်း ကြည့်ရာ "ကျနော် တို့ကို ရုပ်ရှင် အစည်းအရုံးက ခေါ်ပြီး မသွားသင့်ဘူးလို့ ယူဆပြီး တားထားတယ် ခင်ဗျ။ ဘာ့ကြောင့်လဲတော့ မသိဘူးခင်ဗျ။ ရုပ်ရှင် အစည်းအရုံးကို ကျနော်တို့က စာတင်ရတယ်လေ။ ရုပ်ရှင် အစည်းအရုံးမှာ ပြဇာတ်တို့၊ ရုပ်ရှင်တို့ ဖျော်ဖြေ ရိုက်ကူးဖို့ အတွက် ပြည်ပကို သွားရတဲ့ အခါ စာတင်ရတယ်လေ။ ခဏ စောင့်ပါဦး၊ နေပါဦးလို့ ပြောထားတယ် ခင်ဗျ" ဟု ရှင်းပြသည်။ ဆက်လက်၍ ကိုမေတ္တာမှ "ကျနော်တို့ကတော့ ဘာမှမသိဘူးခင်ဗျ၊ ကျနော်တို့ကို ဂျပန်မှာ လာဖျော်ဖြေ ပေးပါလို့ အဲဒီ့မှာ ရှိတဲ့ လူတွေက ဖိတ်လာတဲ့ အတွက် ကျနော်တို့ အနုပညာကို ဖျော်ဖြေ တင်ဆက်ဖို့ အတွက် သွားမှာပါ။ ဒါဘဲ ရှိတာပါ" ဟု ဆက်လက် ပြောဆိုသည်။

ယင်းကိစ္စ အတွက် တာဝန်ခံ ခေါ်ယူ ပေးသူ ဂျပန်လူမျိုး မစ္စတာခိမိဟိကို ဟိဂုရရှီ (kimihiko higurashi) ပွဲ မဖြစ်မြောက်သည့် အတွက် တောင်းပန်ကြောင်းနှင့် ဂျပန်တွင် လာရောက်ဖျော်ဖြေခွင့်ရသည့်အထိ ဆက်လက်ကြိုးစားမည်ဟုလည်း စာထုတ် ပြန်ထားသည်။
ကိုမေတ္တာ ဦးဆောင်သည့် အငြိမ့်ပွဲကို ”Tokyo Sakuya ပျော်စရာ အငြိမ့်” ဟု ခေါင်းစဉ် ပေးထားပြီး၊ ဇန်န၀ါရီလ ၂၄ ရက် (တနင်္ဂနွေနေ့) တွင် တိုကျိုမြို့၊ Ikebukuro အရပ်ရှိ မြန်မာ အနုပညာ ဖျော်ဖြေပွဲများ ကျင်းပလေ့ ရှိသည့် ခိုကိုင်းခိုး ခန်းမတွင် ညနေ (၄)နာရီမှ စတင်၍ ဖျော်ဖြေ တင်ဆက်ရန် စီစဉ် ထားပြီးကာမှ ပျက်ပြယ် သွားရခြင်း ဖြစ်သည်။

ယခင်က ဂျပန်နိုင်ငံသို့ ဇော်ဝင်းထွဋ်၊ လေးဖြူနှင့် အိုင်စီ အဖွဲ့ အပြင် နာမည်ကြီး အဆိုတော်များ၊ အနုပညာရှင်များ မကြာခဏ လာရောက် ဖျော်ဖြေခဲ့ဖူးပြီး ယခုလို ဗီဇာ အခက်ခဲနှင့် အာဏာပိုင်တို့၏ ခေါ်ယူတားမြစ်ဖူးခြင်း မရှိခဲ့ကြောင်း သိရသည်။

(၎င်းတို့ အဖွဲ့က ထုတ်ပြန်သော ပရိသတ်သို့ တောင်းပန်စာမှာ အောက်ပါ အတိုင်းဖြစ်ပါသည်)

ဂျပန် နိုင်ငံ၊ တိုကျိုမြို့၊ ဆာကူရာ ပျော်စရာ အငြိမ့်ပွဲကို ကြိုတင် လက်မှတ် ဝယ်ယူပြီး ပျော်ရွှင်စွာ စောင့်စား နေကြသော ဂျပန်၊ မြန်မာ မိတ်ဆွေ ပရိတ်သတ်များခင်ဗျား.....

၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ (တနင်္ဂနွေနေ့) IKEBUKURO, KOKAIDO HALL တွင် ကျင်းပရန် မူလကစီစဉ်ထား ပါသည်။ မြန်မာ နိုင်ငံမှ အနုပညာရှင်များသည် ဂျပန်နိုင်ငံဝင်ခွင့်ဗီဇာကို လက်ဝယ်ရရှိထားပါသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် မြန်မာပြည်မှ ထွက်ခွာရန် အခက်အခဲအချို့ ရှိနေပါသဖြင့် အငြိမ့်ပွဲအစီအစဉ်အား ရက်အနည်းငယ် ရွေ့ဆိုင်းရမည် ဖြစ်ပါသည်။ ထို့အတွက် လေးစား ရသော ဂျပန်၊ မြန်မာ ပရိတ်သတ်များ အားလုံး နားလည်ခွင့်လွတ်ပေးပါရန် တောင်းပန်အပ် ပါသည်။ ပြန်လည်တင်ဆက်မည့်ရက်ကို ထပ်မံ အသိပေး ကြေငြာပေး ပါမည်။

အထူးကျေးဇူးတင်ရှိလျက်
ပွဲစီစဉ်သူများနှင့် အနုပညာရှင်များ


source by : မိုးမခ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */