သံဃာမက ဒကာပါဖမ်းဆီးခံရ

Thursday, January 14, 2010 ·

ဘစောတင် | မွန်ပြည်နယ် ရဟန်းပျို အဖွဲ့ မှ သံဃာတော်နှင့် ပတ်သက်သည့် မွန်အမျိုးသား လူငယ် တဦး ယမန်နေ့က အာဏာပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်းမှု ခံရကြောင်း သတင်းရရှိသည်။

ရဟန်းပျို အဖွဲ့မှ အရှင်ဥက္ကံသနှင့် ရင်းနှီးသည့် မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် မုဒွန်းရွာတွင် နေထိုင်သော နိုင်မွန် ကျိုက်စွဲ အမည်ရှိ အသက် ၂၀ ခန့် လူငယ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သူငယ်ချင်း ဖြစ်သူ ကိုနိုင်မောင်ချစ်က ဧရာဝတီသို့ ပြောသည်။

“မွန်ကျိုက်စွဲက အရှင်ဥက္ကံသရဲ့ ဒကာလည်း ဒကာ၊ တရွာတည်းသား သူငယ်ချင်းတွေလည်း ဖြစ်ကြတော့ ရွာ ကိုပြန်လာတိုင်း အမြဲတမ်းသူက ဆိုင်ကယ်နဲ့ ကြိုတာ ပို့တာတွေ လုပ်ပေးတယ်လေ၊ အခု သူ့ကိုပါ ဖမ်းတာ ကတော့ ဒီဦးပဉ္ဇင်းနဲ့ အရမ်းကို ရင်းနှီးတဲ့ သူမို့လို့ သူ့ ကိုပါ အမှုတွဲတာ ဖြစ်မယ်ထင်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ အရှင်ဥက္ကံသကို မွန်ပြည်နယ် သံဖြူဇရပ်မြို့၌ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်း များ တွေ့ရှိမှုဖြင့် လွန်ခဲ့သည့် အပတ် ကြာသပတေးနေ့က စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အရှင်ဥက္ကံသ အဖမ်းခံရစဉ် ဒစ်ဂျစ်တယ် ဗီဒီယိုကင်မရာ နှင့် ခရီးဆောင် ကွန်ပျူတာ၊ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်သည့် စာရွက် စာတမ်းများကို အာဏာပိုင်များက သိမ်းဆည်း ရမိခဲ့သည်ဟု ယင်းသံဃာနှင့် နီးစပ်သူ တဦးက ပြောသည်။

အရှင်ဥက္ကံသသည် မွန်ယဉ်ကျေးမှုများကို မှတ်တမ်းတင် ဗီဒီယိုရိုက်လေ့ရှိပြီး မွန်စာပေ၊ ဗုဒ္ဓစာပေများကို လေ့လာ ပို့ ချပေးနေသော စာချ သံဃာတပါးလည်းဖြစ်သည်ဟု သိရသည်။

အရှင်ဥက္ကံသဖမ်းဆီးခံရပြီးနောက် ဆက်လက်ဖမ်းဆီးမှုများ ရှိနိုင်ကြောင်းနှင့် ၎င်းနှင့်နီးစပ်သူများမှာ စိုးရိမ်မှု ဖြစ်နေကြကြောင်း မကြာသေးခင်က ထိုင်း-မြန်မာ နယ်စပ်သို့ ရောက်ရှိလာသော မွန်ပြည်နယ်မှ သံဃာတော် တပါး က မိန့်ကြားသည်။

“ဦးပဉ္ဖင်းတို့ကြားတာကတော့ သူ့ကွန်ပျူတာထဲမှာ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ဓာတ်ပုံတွေ ကိုပါ ထောက်လှမ်းရေး တွေက ရသွားလို့ အခု သူ့ကို ဖမ်းပြီး ရန်ကုန်ကို ပို့လိုက်ပြီလို့ကြားတယ်၊ အခုတခါ မနေ့က သူ့ ဒကာကို ဖမ်းတာ ထောက်ရင် နောက်ထပ်လည်း ဖမ်းဆီးမှုတွေ ရှိလာဦးမယ်ထင်တယ်”ဟု ထို သံဃာတော်က ဆိုသည်။

ယခုလဆန်းပိုင်းက မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက္ခမီမြို့ နယ်များရှိ နေရာ ၉ နေရာခန့် တွင် အင်္ဂလိပ်လို No 2010 စာများနှင့် ကြက်ခြေခတ် လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီး ယင်း လှုပ်ရှားမှုနှင့် ဆက်စပ်၍ အရှင်ဥက္ကံသမှာ ပထမဆုံး အဖမ်းခံရသူဖြစ်ပြီး နိုင်မွန် ကျိုက်စွဲမှာ ဒုတိယမြောက် အဖမ်းခံရသူဖြစ်သည် ဟုလည်း မိန့်ဆိုသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးနှင့် စစ်အစိုးရ၏ လျှို့ဝှက် သတင်းများ ပေါက်ကြားမှုကြောင့် သေဒဏ် ချမှတ် ခံထားရသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့က ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */