အကြာဆုံး နေကြတ်မှု မြန်မာနိုင်ငံမှ မြင်ရမည်

Thursday, January 14, 2010 ·

ဝါးရှီးဖော | လာမည့် သောကြာနေ့၌ ဖြစ်ပေါ်လာမည့် ၂၁ ရာစုအတွင်း အကြာမြင့်ဆုံး နေကြတ်မှုကို မြန်မာ နိုင်ငံ အလယ်ပိုင်းတွင် ရှိသော မြို့များတွင် ထင်ထင်ရှားရှား တွေ့မြင်နိုင်မည်ဟု သိရသည်။


ဇန်န၀ါရီ ၁၅ ရက်တွင် နေကြတ်မည့် လမ်းကြောင်းကို အမေရိကန် အမျိုးသား လေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေးအဖွဲ့ (NASA) နာဆာ က ဖော်ပြထားပုံ (ဓာတ်ပုံ - NASA)
ယင်းနေကြတ်မှု ဖြစ်စဉ်ကို မြန်မာ စံတော်ချိန် မွန်းလွဲ ၁နာရီမှ ညနေ ၄နာခွဲအထိ နေကြတ်ချိန် ၃ နာရီခွဲ ကြာမြင့်မည် ဖြစ်ပြီး ၃နာရီ ၅ မိနစ်မှ ၃ နာရီ ၁၅ မိနစ် အထိ နေအပြည့် ကြတ်မှုကို ၁၀ မိနစ်သာ မြင်ရမည်ဟု မြန်မာ နိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယခု ဖြစ်ပေါ်မည့် နေကြတ်မှု ဖြစ်စဉ်သည် အာဖရိကတိုက် အလယ်ပိုင်းမှ အိန္ဒိယသမုဒ္ဒရာ ကို ဖြတ်၍ အာရှ ဒေသကို ရောက်လာမည် ဖြစ်ပြီး မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် နိုင်ငံတို့တွင် တွေ့မြင် နိုင်မည်ဖြစ်သည်။

၎င်း နေကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မန္တလေး၊ မုံရွာ၊ ရွှေဘို၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် လားရှိုးမြို့တို့တွင် ထင်ထင်ရှားရှား မြင်တွေ့နိုင်မည်ဟု သိရသည်။

အဆိုပါ နေကြတ်မှုကို ကမ္ဘာလှည့် ခရီးသွား အများစုက စိတ်ဝင်စားလျက်ရှိပြီး မြန်မာနိုင်ငံတွင် နေကြတ်မှု ဖြစ်စဉ်ကို ကြည့်ရှုရန် မန္တလေးတောင်၊ စစ်ကိုင်းတောင်၊ ပုပ္ပါးတောင်နှင့် ငပလီ၊ ပုဂံ၊ မုံရွာမြို့တို့တွင် ရှိသော ဟိုတယ် များတွင် နိုင်ငံခြားသား ခရီးသွားများစွာ ရောက်ရှိနေပြီ ဟုသိရသည်။

မြန်မာ လူမျိးများသည် နေကြတ်မှု၊ လကြတ်မှု အတိတ် နိမိတ်များကို ယုံကြည်သူများ ဖြစ်သည့် အတွက် နေကြတ်မှုကြောင့် နိုင်ငံရေး၊ စီးပွားရေး လူမှုရေးများ အပြောင်းအလဲ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြသည်။

“ဒီနေကြတ်မှုကြောင့် တိုင်းရင်းသားများကြားမှာ စည်းလုံး ညီညွတ်မှုတွေ ပြိုကွဲ သွားလိမ့်မယ်။ ပိုပြီး သိသာမှာ ကတော့ နိုင်ငံတော် အကြီးအကဲ ကတော်တွေ အတွက် အထိအခိုက် အပျက်အစီးတွေ ဖြစ်လိမ့်မယ်။ ခရီး သွားလာရေးနဲ့ သယ်ယူ ပို့ဆောင်ရေး တွေမှာလည်း အဆင်မပြေဖြစ်လိမ့်မယ်” ဟု မန္တလေးမြို့ရှိ နက္ခတ္တဗေဒ ပညာရှင် ဆရာရဲက ဧရာဝတီသို့ပြောသည်။

နေကြတ်ပြီးနောက် ဖေဖော်ဝါရီ ၂၄ရက်နေ့အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး အရှုတ်အထွေးများ ဖြစ်ပေါ်လာနိုင်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ဧပြီလ ၁၆ရက်နေ့အထိ စည်းရုံးမှုများ ပြိုကွဲခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ ခေါင်းဆောင်ပိုင်းများထဲတွင် အချင်းချင်း စိတ်ဝမ်းကွဲခြင်းများ ဖြစ်ပေါ်မည်ဟု ဆရာရဲက ဆက်ပြောသည်။

ယခု ဖြစ်ပေါ်မည့် နေကြတ်မှု ဖြစ်စဉ်ကို မြန်မာ နိုင်ငံ နက္ခတ် ပညာရှင် အသင်းနှင့် အစိုးရပိုင် MRTV-3 တို့ ပူးပေါင်းပြီး တိုက်ရိုက် ထုတ်လွှင့် ပြသရန် စီစဉ် နေကြောင်းလည်း ဆင်ဟွာ သတင်း တပုဒ်တွင် ဖော်ပြ ထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */