ကရင် မိန်းကလေး ငယ်များကို နအဖ စစ်တပ် ပေါ်တာဆွဲဟု မွန် လူ့အခွင့်အရေး အဖွဲ့ပြော

Thursday, January 07, 2010 ·

ဝီရ | မြန်မာပြည် တောင်ပိုင်း၊ တနင်္သာရီတိုင်းရှိ နအဖ စစ်တပ်က ရှေ့တန်း စစ်မျက်နှာ၌ ရိက္ခာသယ်ရန် ဒေသခံ ကရင်ရွာသားများကို ပေါ်တာဆွဲရာတွင် မိန်းကလေးငယ်များကိုလည်း ခေါ်ဆောင် နေကြောင်း မွန် လူ့အခွင့်အရေး ဖောင်းဒေးရှင်း (HURFOM) က ပြောသည်။

HURFOM မှ ဆက်ဆံရေး တာဝန်ခံ နိုင်အဲမွန်က “လွန်ခဲ့တဲ့ အပတ်က ရှေ့တန်းထွက်ဖို့ ပေါ်တာ ဆွဲခံရတဲ့ ကရင် ကျေးရွာ (၁၀) ရွာက လူ (၄၄၀) ယောက်ကို နအဖစစ်တပ် (စစ်ဆင်မှု ကွပ်ကဲရေးဌာနချုပ်) စကခ (၂၀) က ဗိုလ်မှူးကြီး သိန်းကျော်မြင့်ရဲ့ ကွပ်ကဲမှုအောက်က တပ်တွေက ခေါ်ခဲ့တယ်။ အဲဒီအထဲမှာ မိန်းကလေးငယ်တွေနဲ့ အသက် (၅၀) ကျော် အမျိုးသမီးကြီး (၁၅) ယောက်လည်း ပေါ်တာ ဆွဲခံရတယ်။ ခရီးက (၇) ရက်တောင် ကြာတော့ ဒီမိန်းကလေးတွေ အတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်။ ပြီးတော့ တချို့ မိန်းကလေးတွေက သူတို့ အိမ်ကို အခုထိ ပြန်မရောက်သေးကြဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပေါ်တာ အထမ်းသမား အတွက် ကရင်ရွာသားများကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၉) ရက်၌ ခေါ်ဆောင် သွားခြင်း ဖြစ်ပြီး ထီးချောင်းဝနှင့် ကင်းနီးခြံ ကျေးရွာမှ မိန်းကလေးများကိုလည်း ခေါ်ဆောင် သွားကြောင်း၊ တပတ် ပြည့် မြောက်ပြီးဖြစ်သော်လည်း ရွာသားအများစုမှာ နေအိမ်များသို့ ပြန်မရောက်ကြသေးကြောင်း သိရသည်။

နိုင်အဲမွန်က “အိမ်မှာ ယောက်ျားတွေက တိမ်းရှောင်သွားလို့ မိန်းကလေးတွေကို ခေါ်သွားတာ။ မလိုက်မဖြစ် လိုက်သွားရတာ။ ရွာသားတွေကို ကျည်ဆန်တွေ၊ လက်နက်တွေ မသယ်ခိုင်းဘူး။ ဆန်နဲ့ရိက္ခာတွေ သယ်ခိုင်းတာ။ ရွာသားတွေ စားသောက်ဖို့က ကိုယ်တိုင် ယူသွားရတယ်။ ပေါ်တာကြေး မရတဲ့အပြင် ကိုယ့်စရိတ်နဲ့ကိုယ် လိုက်သွားရတယ်။ အဲဒီဒေသက လူ့အခွင့်အရေး အချိုးဖောက် ခံရဆုံးဒေသ ဖြစ်နေတယ်” ဟု ပြောသည်။

အဆိုပါ အမျိုးသမီးများကို စခန်း တထောက်နားရာ မိုးရိုးကျေးရွာတွင် နောက်ဆုံး တွေ့ဆုံခဲ့ရပြီး နေအိမ်များသို့ ပြန်မရောက်ကြ သေးကြောင်း ပေါ်တာဆွဲခံရသူတဦး၏ ပြောကြားချက်ကို ကိုးကား၍ HURFOM ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

နော်တေ၊ သင်္ဘောဦး၊ သာရဝချောင်း၊ ဇင်းမာခြံ၊ ထီးချောင်းဝ၊ ပါကျင်း၊ ကျောက်လုံး၊ ကင်းနီးခြံ၊ သာမူး၊ မိုးရိုးရွာတို့မှ တရွာလျှင် ရွာသား (၃၀) မှ (၇၀) အထိ ပေါ်တာ ဆွဲခံကြရပြီး ထို အရေအတွက်သည် တနင်္သာရီတိုင်းတွင် အများဆုံး ပေါ်တာ အဆွဲခံရခြင်း ဖြစ်ကြောင်း HURFOM က ဖော်ပြထားသည်။

ကေအန်ယူ တပ်မှူး တဦးက “အဲဒီဒေသမှာ ၂၀၀၉ နှစ်ဆန်းပိုင်း တိုက်ပွဲ ဖြစ်ပွားတာ များတယ်။ အခု မိုးကုန်ချိန် ရောက်လာတော့ နအဖက ထိုးစစ် ပြန်စဖို့ ရှိတယ်။ အဲဒီမှာ ရွာသားတွေကို ပိုက်ဆံ မပေးဘဲ ပေါ်တာဆွဲတာ၊ လုပ်အားပေး ခိုင်းစေတာတွေနဲ့ အခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နအဖ စစ်တပ်က အမြဲကျူးလွန်နေတယ်။ အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ပြီး ရွာသားတွေကို သတ်ဖြတ် တာတွေလည်း ရှိတယ်။ ပေါ်တာသမားတွေကို ထွက်ပြေးတယ်လို့ အကြောင်းပြပြီး သတ်လိုက်တာလည်း ရှိတယ်” ဟု ပြောကြားသည်။

အဆိုပါ ဒေသသည် ထားဝယ်ခရိုင် အတွင်းရှိ ကေအန်ယူ တပ်မဟာ(၄) ထိန်းချုပ်ရာ ဒေသဖြစ်ပြီး ၁၉၉၇ ခုနှစ်မှစ၍ ကျေးရွာပေါင်း (၁၅) ရွာကို မြန်မာ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်ရှိသည့် ရွာ (၁၀) ရွာကျော်ကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */