စစ်အရာရှိကိုယ်တိုင် ရထား လက်မှတ် မှောင်ခိုလုပ်

Thursday, January 07, 2010 ·

မျိုးဝင်းဇော် | ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနသည် ရထား လက်မှတ် မှောင်ခို ပပျောက်ရေး အတွက် မှောင်ခိုလုပ်သူကို သတင်း ပေးနိုင်ပါက ဆုငွေ ကျပ် (၁) သိန်း ပေးမည်ဟု ကြေညာ ထားသော်လည်း စက်ဘက် အရာရှိ အရာခံ တပ်ဖွဲ့ဝင်များကိုယ်တိုင် မှောင်ခို ထုတ်နေသည့် အတွက် လက်ပိုက် ကြည့်နေ ရကြောင်း မန္တလေး ဘူတာကြီးမှ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန အရာထမ်း တဦးက ပြောသည်။

၎င်းက “ကျနော်တို့က လက်မှတ် မှောင်ခို လုပ်တာတွေ့ရင် ဆုငွေ (၁) သိန်းပေးမယ် ကြေညာထားတယ်။ ဒါပေမယ့် ဒီ မန္တလေး ဘူတာကြီး မြေညီထပ်အဝင် စစ်ဘက် ရထား ပို့ဆောင်ရေး အရာရှိရုံးက အရာရှိကိုယ်တိုင် ဦးစီးပြီး သူ့တပ်ဖွဲ့ဝင်တွေနဲ့ မှောင်ခို လုပ်နေတာကို အားလုံးက သိပေမယ့် ဘယ်သူမှ အရေးမယူနိုင်ကြဘူး။ သူတို့က စစ်တပ်က ဖြစ်တာရော၊ မှောင်ခို လုပ်ငန်းကို သေသေချာချာ လုပ်တာကြောင့်လည်း ပါတယ်” ဟု ပြောသည်။

၎င်း၏ ပြောပြချက် အရ အဆိုပါ အဖွဲ့ကို ဗိုလ်ကြီး တယောက် ဦးစီးပြီး ၎င်းလက်အောက်မှ အရာခံ အကြပ် တပ်သားများက ဘူတာတွင် လက်မှတ် အခက်အခဲ တွေ့နေသည့် ခရီးသည်များကို မှောင်ခို ရောင်းချရန် လိုက်လံ ဆက်သွယ်ကြောင်း သိရသည်။

မှောင်ခို လက်မှတ် ဝယ်မည့်သူသည် မှတ်ပုံတင်နံပါတ်နှင့် ကျသင့်ငွေကို ကြိုတင်ပေးရပြီး မှောင်ခိုအဖွဲ့က အဆိုပါ ခရီးသည်ကို စစ်တပ် မိသားစု ဖြစ်ကြောင်း ထောက်ခံစာ ရေးသားပြီး လက်မှတ် ဝယ်ယူခြင်း ဖြစ်သည်။

ထို့နောက် ခရီးသည်များက စစ်ဘက် ရထား ပို့ဆောင်ရေး ရုံးတွင် လက်မှတ် သွားယူသည့် အခါ ၎င်းတို့သည် စစ်တပ် မိသားစုဝင် ဖြစ်ပြီး လက်မှတ် ဝယ်ရသူထံ၌ အပိုကြေး တစုံတရာ ပေးခဲ့ရခြင်း မရှိကြောင်း အသင့် ပြင်ဆင် ရိုက်နှိပ်ထားသည့် စာရွက်ပေါ် လက်မှတ် ရေးထိုးပေးရသည်ဟု သိရသည်။

ထိုသို့ ပြုလုပ်ခြင်းအားဖြင့် နောင်ပြဿနာ ပေါ်လာပါက ၎င်းတို့အတွက် ခိုင်လုံသည့် အထောက်အထား ရှိပြီး အရေးယူ ခံရမှုမှ ကင်းလွတ်ရန်အတွက်ဖြစ်သည်။

စစ်ဘက် ရထား ပို့ဆောင်ရေး အရာရှိရုံးသည် မန္တလေးမှ မြို့အသီးသီးသို့ ထွက်သည့် ရထား လက်မှတ် အားလုံးကို မှောင်ခိုလုပ်ပြီး အထူးသဖြင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် မန္တလေး- မြစ်ကြီးနား ရထား လက်မှတ်များကို ပို၍ မှောင်ခို ထုတ်ရောင်း နေကြောင်း သိရသည်။

မြစ်ကြီးနားလမ်းပိုင်း အတွက် တရုတ်ရထား ရိုးရိုးတန်း ကျပ် (၄,ဝဝဝ) တန်ကို ကျပ် (၁၅,ဝဝဝ)၊ အထူးတန်း ကျပ် (၁ဝ,ဝဝဝ) တန်ကို ကျပ် (၂ဝ,ဝဝဝ)၊ အိပ်စင် တယောက် ကျပ် (၁၂,ဝဝဝ) ကို ကျပ် (၂၅,ဝဝဝ)၊ အထူး အမြန်ရထား အထက်တန်းတွဲ တယောက် ကျပ် (၂,၈ဝဝ) တန်ကို ကျပ် (၁၇,ဝဝဝ) ကျပ်၊ အိပ်စင်တွဲကို တယောက် ကျပ် (၂) သောင်း စသဖြင့် မှောင်ခိုရောင်းချကြောင်း သိရသည်။

မြန်မာ နိုင်ငံတွင် ရထား ပို့ဆောင်ရေး လုပ်ငန်းကို အစိုးရကသာ လုပ်ကိုင်ပြီး သာမန် ပြည်သူများ အနေဖြင့် လက်မှတ်ဝယ်ယူရ အလွန်ခက်ခဲကာ လက်မှတ် ရောင်းချရေးတွင် တာဝန်ရှိသည့် ရထား ပို့ဆောင်ရေး ဝန်ထမ်းများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိ အကြပ် တပ်သားများက အစ လက်မှတ်မှောင်ခို ရောင်းချမှုကိစ္စတွင် ပါဝင် ပတ်သက် နေကြောင်းလည်း စုံစမ်းသိရှိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */