မြန်မာ မိခင်လောင်း (၃၂) ရာခိုင်နှုန်း အကူအညီမဲ့ မွေးဖွား

Tuesday, January 12, 2010 ·

စိုးမိုး | မြန်မာ နိုင်ငံတွင် ကိုယ်ဝန်ဆောင် မိခင်လောင်း အားလုံး၏ (၃၂) ရာခိုင်နှုန်းမှာ အကူအညီမဲ့ မီးဖွား နေကြကြောင်း ပါမောက္ခ ဒေါက်တာ ပိုင်စိုးက အစိုးရထုတ် သတင်းစာမှတဆင့် ရေးသား ဖော်ပြထားသည်။

ယခုလ (၉) ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် “မိခင်နှင့်ကလေး ကျန်းမာစေဖို့ ၀ိုင်းဝန်းကူညီ ဆောင်ရွက်စို့” ဆောင်းပါးတွင် ရေးသားထားခြင်း ဖြစ်သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ စာရင်းအရ မြန်မာ အမျိုးသမီး (၁.၃) သန်းခန့် နှစ်စဉ် ကိုယ်ဝန်ဆောင် နေကြောင်း သိရှိရပြီး ပါမောက္ခ ဒေါက်တာ ပိုင်စိုး ထောက်ပြသည့် အကူအညီမပါဘဲ မွေးဖွားသည့် မိခင်လောင်း (၄) သိန်းကျော်ခန့်အရ (၃၂) ရာခိုင်နှုန်း ရှိနေခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံတွင် (၃၂) ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင် မိခင်များသည် မည်သူ့ အကူအညီမျှ မပါဘဲ ကလေးမွေးဖွားကြသည်”ဟု ပါမောက္ခ ဒေါက်တာပိုင်စိုးက ပြောကြားသည်။

ယင်းသို့ အကူအညီ မပါဘဲ မွေးဖွားကြသည့် မိခင်အများစုမှာ တောင်ပေါ်ဒေသနေ တိုင်းရင်းသားများဖြစ်ပြီး ၎င်းတို့အနေဖြင့် ပြည်မ၏ ကျန်းမာရေး စောင့်ရှောက်မှုကို မရရှိခြင်းကြောင့် မီးဖွားစဉ် သွေးထွက်လွန်ခြင်း၊ မွေးဖွားမှု အခက်အခဲ တွေ့ခြင်းတို့ဖြင့် အသက် ဆုံးရှုံးရမှုများနှင့် ကြုံတွေ့နေကြရကြောင်း မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဒေါက်တာ သီဟမောင်က ပြောကြားသည်။

၎င်းက “ရှမ်းပြည် အရှေ့ပိုင်း တောင်ပေါ်သူ လူမျိုးစု တခုဖြစ်တဲ့ အာခါလို့ ခေါ်တဲ့ အမျိုးသမီးငယ်တဦးဟာ ဆရာ တာဝန်ကျတဲ့ ဆေးရုံကို သူကိုယ်တိုင်မွေးလာတဲ့၊ တောထဲမှာ သူကိုယ်တိုင် မွေးလာတဲ့ ကလေးကို ပလိုင်းထဲ ထည့်ပြီး ဆေးရုံကို ရောက်လာတယ်။ ရောက်လာတဲ့အချိန်မှာ သူ့မှာ မွေးဖွားထားတဲ့ မွေးဖွားဒဏ်ရာကြောင့် သွေးတွေလည်း ထွက်နေတာပေါ့လေ။ သူရောက်လာတာက အချိန်မီရောက်လာတာပေါ့လေ။ တကယ်လို့သာ အဲဒီတိုင်းရင်းသူက အချိန်မီမရောက်လာရင် လမ်းမှာတင် အသက် ဆုံးရှုံးသွားနိုင် ပါတယ်။ ဒီတော့ မွေးဖွားချိန် ကူညီစောင့်ရှောက်မှုမရှိဘဲ မွေးဖွားရတဲ့ အဖြစ်မျိုးဆိုတာ ဒဏ္ဏာရီပုံပြင် မဟုတ်ပါဘူး။ ဗမာပြည်ထဲမှာ တကယ်ရှိပါတယ်” ဟု ပြောသည်။

မြန်မာတိုင်းရင်းသား မျိုးနွယ်စုများတွင် ဆယ်ကျော်သက်အရွယ် အိမ်ထောင်ပြုနှုန်းများပြီး ပေါင်မပြည့်သော ကလေးများ မွေးဖွားနှုန်းများကြောင်း၊ မွေးကင်းစကလေး သေနှုန်းလည်း မြင့်မားကြောင်း၊ မိခင်များမှာလည်း ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု၊ စိတ်ချရသော မွေးဖွားမှုနှင့် သားဆက်ခြားခြင်းတို့ကို ကောင်းစွာ သိရှိနားလည်ခြင်း မရှိသည့်အတွက် အသက်အန္တရာယ်ရှိသော မိခင်နှင့်ကလေးဘ၀သို့ ရောက်ရှိသွားကြသည်ဟု ပါမောက္ခ ဒေါက်တာ ပိုင်စိုးက ရေးသား ဖော်ပြသည်။

ကျန်မာရေး စောင့်ရှောက်မှု ဆိုင်ရာ မူဝါဒများ အားနည်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း အကောင်အထည်ဖော်မှု အားနည်းခြင်း တို့ကြောင့် ယခုကဲ့သို့ မိခင်လောင်းများအတွက် အန္တရာယ်များလှသည့် မီးဖွားချိန်တွင် ကျန်းမာရေး ကူညီစောင့်ရှောက်မှု မပေးနိုင်ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် နိုင်ငံပိုင် သတင်းစာများမှာ စစ်အစိုးရ ၀ါဒဖြန့် ဆောင်းပါးများသာ ရေးသား ဖော်ပြနေခြင်းမှ ယခုကဲ့သို့ ကျန်းမာရေး ဆောင်းပါးများ ပါရှိလာခြင်းဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */