အန်အယ်လ်ဒီ လုပ်ငန်း တာဝန်များ လုပ်ဆောင်ရန် အားသစ်လောင်း

Tuesday, January 12, 2010 ·

NEJ | အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်သစ် (၉) ဦးကို ထပ်မံတိုးချဲ့ရန် ယနေ့ အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ပြီး ဖြစ်သော်လည်း အမည်စာရင်း အတိအကျကို လာမည့် တနင်္လာနေ့တွင်မှ ထုတ်ပြန် သွားမည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။

“အစည်းအဝေး ကျင်းပ ပြီးစီးသွားပါပြီ၊ ဆုံးဖြတ်ချက်လည်း ချပြီးပါပြီ။ ဒါပေမယ့် ထုတ်ပြန်ဖို့ကို လုပ်ငန်းဆိုင်ရာကိစ္စတွေ ဥပဒေ ဆိုင်ရာ ကိစ္စတွေကြောင့် ရက်ရွှေ့ထားတယ်။ နောက်တနင်္လာနေ့ကျမှ ကြေညာချက်နဲ့ တခါတည်း ထုတ်ပြန်ဖို့ရှိပါတယ်။ အခုပြောလို့ မရသေးပါဘူး” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲ အနိုင်ရပါတီ အန်အယ်လ်ဒီက ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်အတွက် ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို ထပ်တိုး ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

“စီအီးစီ တိုးချဲ့မယ်ဆိုတဲ့ ကိစ္စပါ။ (၉) ယောက် ဖြစ်ပါမယ်။ သဘောထားက အရင် ချထားတဲ့ အတိုင်းပါပဲ။ ပြောင်းလဲမှုမရှိပါဘူး။ မီဒီယာနဲ့ အများပြည်သူတွေကို အသိပေးဖို့ကတော့ ခေတ္တ ဆိုင်းထား ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အန်ကယ်တို့က သက်ဆိုင်ရာ ဌာန ဆိုင်ရာတွေကို အကြောင်းကြားရဦးမှာမို့ပါ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ရန်ကုန်မြို့၊ အန်အယ်လ်ဒီ အဖွဲ့ချုပ်ရုံး၌ ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် (၇) ဦးနှင့် ဗဟို အလုပ်အမှုဆောင် အရန် အထောက်အကူ အဖွဲ့ (၁၄) ဦးတို့ တက်ရောက်ကြောင်းလည်း ၎င်းက ပြောသည်။

ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ယခုကဲ့သို့ ရွေးချယ်ရာတွင် အောက်ခြေ အန်အယ်လ်ဒီ အဖွဲ့ဝင်များ တောင်းဆိုသကဲ့သို့ ညီလာခံ တရပ် ခေါ်ယူ ကျင်းပပေးရန် လက်တွေ့ အခြေအနေတွင် မဖြစ်နိုင်သည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

၎င်းက “အခု ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တိုးချဲ့ခြင်းရဲ့ အဓိက အကြောင်းကိုက အားဖြည့်တာပဲ၊ အားသစ်လောင်းတာပဲ။ မကျေနပ်မှု ရှိခြင်း၊ မရှိခြင်း ဆိုတာကတော့ မလွယ်ဘူး။ အတိအကျပိုင်းခြားပြီး ပြောလို့မရဘူး။ ဖြစ်နိုင်တဲ့အခြေအနေမှာ လုပ်ဖို့ ကောင်းတဲ့ အလုပ်ကို လုပ်ဖို့ လိုအပ်တဲ့အလုပ်ကို အားဖြည့်ခြင်းဆိုတဲ့အလုပ်ကို ကျနော်တို့လုပ်တာပဲဗျာ” ဟု ပြောသည်။

ယခု ကဲ့သို့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များကို တိုးချဲ့လိုက်ခြင်းအားဖြင့် အန်အယ်လ်ဒီ အတွင်း အားသစ်များ၊ တာဝန်သစ်များ လုပ်ငန်းသစ်များ ထွက်ပေါ်လာနိုင်မည်ဟုလည်း ဦးဝင်းတင်က ပြောသည်။

အန်အယ်လ်ဒီ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအ၀င် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် (၁၁) ဦးရှိရာမှ ယခု (၉) ဦးအထိ ထပ်မံတိုးချဲ့မည် ဖြစ်ရာ စုစုပေါင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် (၂၀) အထိ ရှိလာမည်ဖြစ်သည်။

လက်ရှိ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒု- ဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး)နှင့် အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေတို့ ပါဝင်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */