ဟေတီကို ကူညီကြပါ

Saturday, January 16, 2010 ·

ကိုထွေး | အင်အား ပြင်းထန်သည့် ငလျင်ဒဏ် ခံခဲ့ရသော ဟေတီ နိုင်ငံ၊ ပို့အော်ပရင့်စ် မြို့တော်တွင် နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ အပူတပြင်း ဆောင်ရွက် နေကြသည်။


ငလျှင်ဒဏ် ခံလိုက်ရသော ပို့အော်ပရင့်စ် မြို့တော် တနေရာ မြင်ကွင်း (ဓာတ်ပုံ - Reuters)
သမ္မတ ဘားရက် အိုဘားမားက အမေရိကန် နိုင်ငံ တ၀န်းလုံးမှ စစ်ဘက်နှင့် အရပ်ဘက် အရေးပေါ် ကူညီ ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်၍ လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း ကတိပေးလိုက်သည်ဟု AP သတင်း တပုဒ်တွင် ရေးသား ထားသည်။

“အကူအညီ လိုနေတဲ့ အချိန်မှာ ကျနော်တို့ အရောက်သွားဖို့ လိုပါတယ်၊ ဒီလို ကြေကွဲစရာ ဖြစ်နေချိန်မှာ အားတက်သရော မလုပ်ဘဲ ဆင်ခြေ ပေးတာမျိုးကို သည်းခံမှာ မဟုတ်ပါဘူး” ဟု အိုဘားမားက ပြောသည်။

အမေရိကန်က ဒေါ်လာ သန်း ၁၀၀ အကူအညီ ပေးရန် ကတိပေး ခဲ့သည်။ ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် အမေရိကန် သင်္ဘော ၆ စင်း၊ ခြေလျင် စစ်သည် ၅၅၀၀ နှင့် မရိန်း တပ်သားများသည် ကရစ်ဘီယံ ပင်လယ်ကို ဖြတ်၍ ဟေတီသို့ ဦးတည် နေသည်။

ဟေတီတွင် ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀၊ သြစတြေးလျက ဒေါ်လာ ၉.၃ သန်း၊ ဂျပန်က ဒေါ်လာ ၅သန်း အပြင် ဒေါ်လာ ၃၃၀၀၀၀ တန်ဖိုးရှိ စောင်နှင့် ယာယီတဲများ၊ တောင်ကိုရီးယားက ဒေါ်လာ ၁ သန်း၊ ကနေဒါက ဒေါ်လာ ၄.၈သန်း၊ ဥရောပ သမဂ္ဂက ဒေါ်လာ ၄.၃၇ သန်း ကူညီကြမည်ဟု ဆိုသည်။

ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ကလည်း ဟေတီတွင် ကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဒေါ်လာ ၁၀ သန်း အလှူခံ ထားသည်။

ဟေတီ ငလျင် ဒုက္ခသည်များ အတွက် လက်ကိုင်ဖုန်းမှ တဆင့် အလှူငွေများ ထည့်ကြရာ ငလျင်လှုပ်ခတ်အပြီး ၄၈ နာရီ အတွင်း ဒေါ်လာ ၅ သန်း ရရှိခဲ့သည်ဟု အမေရိကန် ကြက်ခြေနီ အဖွဲ့က ပြောသည်။

http://www.icrc.org/familylinks, http://Ushahidi.com, http://miamiherald.com, http://koneksyon.com စသော အင်တာနက် စာမျက်နှာများကလည်း ငလျင်ကြောင့် ပျောက်ဆုံးနေသော မိသားစု၊ ဆွေမျိုး မိတ်ဆွေများနှင့် ပြန်လည် ဆက်သွယ်ခွင့် ရရေးအတွက် လိုအပ်သော အကူအညီများပေးခြင်း၊ အကြံပေးခြင်း တို့ကို ဆောင်ရွက် နေသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီ အမ်နာတာလဂါဝါက “အာရှနိုင်ငံတွေကိုလည်း တတ်နိုင်သလောက် အကူအညီတွေ ပေးဖို့ တောင်းဆိုပါတယ်၊ ဟေတီနိုင်ငံက အဖြစ်အပျက်အတွက် ကျနော် အရမ်းပဲ ၀မ်းနည်းမိပါတယ်” ဟု ပြောသည်။

ငလျင်သည် အင်အား ရစ်ခ်ျတာစကေး ၇.၀ ရှိပြီး အင်္ဂါနေ့ ညနေ ၅ နာရီခန့်က ပို့အော်ပရင့်စ်မြို့တော် အနောက်တောင်ဘက် ၁၀ မိုင် ကွာဝေးသော နေရာကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ငလျင်ကြောင့် လူပေါင်း ၁ သိန်းခန့် သေဆုံးခဲ့ကြောင်း၊ ရုပ်အလောင်း ၇၀၀၀ ကို မြှပ်နှံ သဂြိုဟ်ပြီး ဖြစ်ကြောင်း ဟေတီ ၀န်ကြီးချုပ် ဂျင်းမတ်စ် ဘီလာရစ်က CNNသတင်းဌာနကို ပြောသည်။

လူပေါင်း ၂ သိန်းခန့် ပျောက်ဆုံးနေပြီး ၃ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟု ဆိုသည်။

ဟေတီ သမ္မတ Rene Prevalက“ပါလီမန် အဆောက်အအုံ ပြိုကျသွားပြီ၊ ဆေးရုံ၊ ကျောင်းတွေလည်း ပျက်စီး ကုန်ပါပြီ၊ ကျောင်းဝန်းထဲမှာလည်း သေဆုံးသွားတဲ့သူ အများ အပြား ရှိနေပါတယ်၊ ဆေးရုံတွေမှာလည်း ဒဏ်ရာရတဲ့ လူတွေနဲ့ ပြည့်နေပါတယ်” ဟု ပြောသည်။

ပြိုကျပျက်စီးသွားသည့် အဆောက်အအုံ များထဲတွင် ဟေတီရှိ ကုလသမဂ္ဂ အဆောက်အအုံလည်း ပါဝင်သည်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေး အဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ပြီး ကုလသမဂ္ဂ ၀န်ထမ်း စုစုပေါင်း ၁၄၀ ပျောက်ဆုံးလျက် ရှိသည်။

လက်ရှိ ကြုံတွေ့ နေရသော ပြဿနာမှာ သောက်ရေသန့် ရရှိရေး ဖြစ်ပြီး ဆေးရုံသို့ နာဖျား၍ ရောက်လာသော လူအများစုမှာ မသန့်ရှင်းသည့် သောက်သုံး ရေကြောင့် ဖြစ်ကြောင်း သိရသည်။

ဤငလျင်သည် ဟေတီနိုင်ငံ သမိုင်းတွင် နှစ်ပေါင်း ၂၀၀ အတွင်း အဆိုးဝါး အပြင်းထန်ဆုံး ငလျင် ဖြစ်သည်။

မြန်မာနိုင်ငံသားများအတွက် ဟေတီငလျင်သတင်းသည် လူတသိန်းကျော် အသေအပျောက် ရှိခဲ့သည့် ခံခဲ့ရသော နာဂစ် မုန်တိုင်း တိုက်ခတ် ခဲ့သည့် ကာလကို အမှတ်ရဖွယ် ဖြစ်နေသည်။

ဟေတီ ငလျင် နောက်ဆက်တွဲ အခြေအနေများကို ရုပ်မြင်သံကြားမှတဆင့် ကြည့်ရပြီး များစွာ ၀မ်းနည်း ကြေကွဲ မိပါသည်ဟု ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူက ပြောသည်။

“တိုင်းပြည်မှာ ရှိတဲ့ လူကြီးပိုင်းတွေရဲ့ ခွင့်ပြုချက်က အရေးကြီးတယ်၊ ကိုယ်ချင်းစာ စိတ်လေးတွေ ရှိကြရင် အကောင်းဆုံးပေါ့၊ နာဂစ်တုန်းက ကိုယ့် ဆွေမျိုးသားချင်းတွေ တကယ်တမ်း ပါသွားရင် ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို ခံစားမလဲ၊ အဲဒီလို ဖြစ်လာတဲ့ အခါကျရင် ဒီလို အကူအညီတွေ မရရင် ဘယ်လို ခံစားမလဲ၊ ကျနော် ဒီလို မေးချင်ပါတယ်” ဟု ရန်ကုန်မှ နာရေး ကူညီမှု အသင်းကို ဦးဆောင်သူ တဦး ဖြစ်သည့် ဦးကျော်သူက ဧရာဝတီကို ပြောသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */