ဒေါ်အောင်ဆန်းစုကြည်အား နအဖဆက်ဆံရေးဝန်ကြီးတွေ့ဆုံ

Saturday, January 16, 2010 ·

NEJ | အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ စစ်အစိုးရ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ယနေ့နေ့လယ် (၁) နာရီတွင် သွားရောက် တွေ့ဆုံခဲ့ပြီး (၂၅) မိနစ်ခန့် အကြာတွင် ပြန်လည် ထွက်ခွာသွားသည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “ဟုတ်ကဲ့၊ တွေ့တယ်လို့တော့ ကြားပါတယ်။ ကျနော်တို့ တရားဝင်တော့ မသိရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ နေ့လယ် (၁) နာရီမှာ တွေ့ပြီးတော့ (၁) နာရီ (၂၅) မိနစ်လောက်မှာ ၀န်ကြီးက ပြန်ထွက် သွားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့တယ်လို့ ပြောရပါမယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ အလုပ်သမား ၀န်ကြီးဌာန ၀န်ကြီးလည်းဖြစ်၊ ဆက်ဆံရေး ၀န်ကြီးလည်း ဖြစ်သည့် ဦးအောင်ကြည် တို့သည် ယခု နှစ်အတွင်း ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၉) ရက်၌လည်း အစိုးရ ဧည့်ဂေဟာတွင် (၄၅) မိနစ်ကြာ တွေ့ဆုံခဲ့ကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */