ထိုင်းက အလုပ်သမား လက်မှတ် သက်တမ်းတိုး၊ မလေးရှားက ဖမ်းဆီး

Thursday, January 21, 2010 ·

ဘစောတင် | ထိုင်းအစိုးရက နိုင်ငံတွင်းရှိ တရားဝင် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူ ရွှေ့ပြောင်း အလုပ်သမားများကို သက်တမ်း ၂ နှစ် ထပ်မံတိုး၍ အလုပ်လုပ်ခွင့် ပြုလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။

ယင်းခွင့်ပြုချက်တွင် အလုပ်လုပ်ခွင့်သက်တမ်း ယနေ့ကုန်ဆုံးမည့် အလုပ်သမားများ အပါအ၀င် ယမန်နှစ်က မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ခဲ့သော ရွှေ့ပြောင်း အလုပ် သမား (၁) သန်း (၃) သိန်းကျော်တို့ ဖြစ်သည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ အဖွဲ့ မှ အလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

“မနေ့က ထိုင်းအစိုးရက ထုတ်ပြန်တာ၊ လက်ရှိ အလုပ်သမား လက်မှတ်လုပ်ထားတဲ့ သူတွေ အားလုံးကို ယာယီပတ်စ်ပို့ လုပ်ဖို့ သက်တမ်း၂နှစ်တိုးပေး လိုက်တယ်၊ အဲဒီအလုပ်သမား အားလုံးဟာ လက်မှတ်တွေကို သက်တမ်းတိုးရမယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

သက်တမ်း တိုးရမည့် အလုပ်သမားများတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁) သန်းကျော် ပါဝင်ကြောင်း သိရသည်။

ယာယီ နိုင်ငံကူး လက်မှတ် ရှိသူများက သက်တမ်း တိုးရန် မလိုကြောင်း၊ သို့သော် ယခု အလုပ်သမား လက်မှတ် သက်တမ်း တိုးမည့် သူများအနေဖြင့် ယာယီနိုင်ငံကူး လက်မှတ်လုပ်ဆောင်ရန် လျှောက်လွှာပုံစံ ဖြည့်စွက် တင်ထားရန် လိုအပ်ကြောင်း၊ ထိုသို့ လျှောက်လွှာ မတင်သည့် သူများကို တရားမ၀င် အလုပ်သမားဟု သတ်မှတ်၍ အရေးယူမည်ဟု သိရကြောင်းလည်း ကိုသက်ခိုင်က ဆိုသည်။

အဆိုပါ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ကို နောက်ဆုံးထား သတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၀၉ခုနှစ် ဇူလိုင်လမှ စ တင်၍ ထိုင်းမြန်မာ-နယ်စပ် မြို့ ၃မြို့ တွင် ယာယီနိုင်ငံကူး လက်မှတ်ရုံးများ ဖွင့်လှစ် ကာ ပြုလုပ် ခဲ့သော်လည်း ယခုထက်တိုင် လူဦးရေ ၁၀၀၀၀ ကျော်သာ ပြုလုပ် ပြီးစီးသေးသည်ဟု လည်း ကိုသက်ခိုင်က ပြောဆိုသည်။

ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် ငွေကြေးအခက်အခဲများ၊ နိုင်ငံသား စိစစ်ရေး အစီအစဉ်များ အပါအ၀င် အလုပ်သမားများ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားအဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်းများ NGOs များပူးပေါင်း၍ ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ ပြီးခဲ့သည့် တနင်္လာ နေ့ က စာတင်ခဲ့ကြကြောင်း သိရသည်။

ယင်းစာတင်ပြီးနောက် ထိုင်းအစိုးရ၏ ယခု သက်တမ်းတိုးသည့် ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း၌ မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိကြောင်း အလုပ်သမား အဖွဲ့များက ပြောဆိုကြသည်

တချိန်တည်းတွင်ပင် ယင်းသို့ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်အလုပ်လုပ်ခွင့် သက်တမ်း တိုးရန် စီစဉ်နေသော်လည်း မလေးရှားအစိုးရက တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားကို ပြင်းထန်စွာ အရေး ယူရန် စီစဉ်နေကြောင်းနှင့် လတ်တလော ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့က မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် “မလေးရှား လူဝင်မှု ကြီးကြပ်ရေးကလာမည့် ဖေဖ၀ါရီလ ၁၅ ရက်မှ စတင်ကာ နိုင်ငံတ၀န်း တရားမ၀င်အလုပ်လုပ်နေသော နိုင်ငံခြားသား ထောင်ပေါင်းများစွာကို ဖမ်းဆီးနှိမ်နင်း တော့မည်။ ယင်းသို့ ဖမ်းဆီးရာတွင် လ၀ကများ ၊ ရဲများ၊ရလာ (Rala) များက ပူးပေါင်း ကူညီကြမည်ဖြစ်သည်။ ယခုအခါ မလေးရှားတွင် နိုင်ငံခြားသား အလုပ်သမား ၁ သန်း ၈သိန်းခန့်ရှိသည်”ဟု ဖော်ပြခဲ့သည်။

မလေးရှား အာဏာပိုင်များက ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် စတင်ဖမ်းဆီးမည်ဟု ကြေညာခဲ့သော်လည်း ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၈ ရက်နေ့ကပင် စတင်ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေပြီဖြစ်သောကြောင့် မြန်မာ အလုပ်သမားများ စိုးရိမ်ထိတ်လန့်နေကြကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ထဲတွင် အလုပ်လုပ်နေ သည့် ကိုမောင်မောင်က ပြောပြသည်။

“တနင်္လာနေ့က ဖမ်းတဲ့အထဲမှာ ကွာလာလမ်ပူထဲက ကိုတရာယ ဆိုတဲ့နေရာမှာရှိတဲ့ စားသောက်ဆိုင်တွေ မှာ အများကြီးဝင်ဖမ်းတယ်။ နောက် မန်ဂန် လန်ပူဈေးနဲ့ ကန်မ ရာဟိုင်းလတ် ဆိုတဲ့နေရာမှာ ၀င်ဖမ်းတာ မြန်မာနိုင်သား ၄၀ လောက် ပါသွားတယ်၊ ဗမာ၊ ရခိုင်၊ ချင်း၊ အစုံပဲ၊ နောက်လမှ ဖမ်းမယ် ကြေညာပြီး အခု ကတည်းက ၀င်ဆွဲနေတော့ လူတွေလည်း လန့် နေကြတာပေါ့ဗျာ”ဟု ၎င်းကဆိုသည်။

ထို့အပြင် အီပို့ မြို့တွင်လည်း အဖမ်းအဆီးများရှိကြောင်း သူက ဆက် ပြောပြသည်။

မလေးရှားတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ လာရောက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */