သာသနာပိုင် မြေကွက်အား လာဘ်ငွေပေး သိမ်းယူ

Friday, December 11, 2009 ·

ခိုင်လင်း | ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားဆိပ် ကချင် နှစ်ချင်း အသင်းတော်ပိုင် မြေကွက်အား ဒေသခံ လုပ်ငန်းရှင် တဦးက ပတ္တမြား ကျောက်တူးရန် ဖားကန့် စစ်ဗျူဟာရုံးကို လာဘ်ငွေပေးပြီး အစိုးရက လုပ်ကွက် ချပေးသယောင် သိမ်းယူခဲ့ရာ ယခုအခါ ဖြစ်ရပ်မှန် ပေါ်လာခဲ့သည်။

ယခုနှစ် လယ်ပိုင်းက ဖားကန့် မြို့နယ်၊ နန့်ယား ကျေးရွာနေ ဦးအားလုံ ဆိုသူက ဖားကန့် စစ်ဗျူဟာရုံး၏ အကူအညီဖြင့် နန့်ယားဆိပ် ကချင်နှစ်ချင်းအသင်းတော်ပိုင် မြေကွက်အား နိုင်ငံတော် အစိုးရမှ လုပ်ကွက် ချပေးသယောင် သိမ်းယူကာ ပတ္တမြားကျောက် ရှာဖွေခဲ့ရာ အသင်းတော်က လိုက်လံစုံစမ်းရာမှတဆင့် သိရှိ ခဲ့ရသည်ဟု ဖားကန့် ဒေသခံ တဦးက ပြောသည်။

၎င်းက “နိုင်ငံတော်ကပဲ လုပ်ကွက် ချထားပေးတာ ဆိုပြီး အဲဒီ မြေကွက် ပေါ်မှာ ဦးအားလုံက စက်တွေ ဘာတွေနဲ့ ပတ္တမြား ရှာနေတာ။ အသင်းတော် သင်းအုပ်ဆရာကြီး ဦးနော်လီကလည်း သာသနာပိုင်မြေ ဖြစ်တယ် ဆိုပြီး ဖားကန့်ဗျူဟာမှူးကို သွားပြောတော့ ဒါ နိုင်ငံတော်က လုပ်ကွက်ချထားပေးတာပေါ့။ အသင်းတော် ကလည်း စိတ်မချမ်းသာတော့ အဲဒါတွေ လိုက်စုံစမ်းတော့ ဘာလုပ်ကွက်မှ ချမထားဘူး၊ ဦးအားလုံ ဆိုတာက ကုမ္ပဏီလည်း မရှိဘူး။ သူက ဗျူဟာကို လာဘ်ငွေ သိန်း (၂ဝဝ) ပေးပြီး လုပ်နေမှန်း သိရတာ” ဟု ပြောသည်။

အဆိုပါ ကိစ္စအား အသင်းတော်က စာတမ်းပြုစုကာ၊ ဓာတ်ပုံအထောက်အထားများဖြင့် နေပြည်တော်အထိ တိုင်ကြားရန် ပြင်ဆင်နေသည်ဟု ဖားကန့်ဒေသခံက ပြောသည်။

၎င်းက “အသင်းတော်က ဘုရားကျောင်းတက်နေတဲ့ လက်ရှိ ချပ်ကျောင်းက ကမ်းပါးဘေးမှာဆိုတော့ နေရာကျဉ်းတယ်လေ။ တဖက်ကမ်းမှာရှိတဲ့ အဲဒီကွင်းထဲမှာ ခရစ္စမတ်တို့၊ နှစ်သစ်ကူးပွဲတို့ လုပ်ရတာ။ အရင်က မြစ်ကြီးနားဇုန်နယ် ပွဲတော်ကြီး လုပ်တဲ့ခါလည်း အဲဒီမှာပဲ လုပ်ခဲ့တာ။ မနောပွဲတို့လည်း အဲဒီကွင်းထဲမှာလုပ်နေတာ၊ သာသနာပိုင်မြေဆိုပြီး အသိအမှတ် ပြုထားပြီးသား။ အဲဒါကို သိမ်းယူသွားတာ” ဟု ပြောသည်။

ယခု ဖားကန့်မြို့နယ်၊ နန့်ယား ဒေသသည် တာမခံ၊ ဖားကန့် ကျောက်စိမ်း ထွက်ရှိရာ ဒေသ အနီးတွင်ရှိပြီး ၂ဝဝဝ ခုနှစ်ကျော် ကာလများကစ၍ ပတ္တမြားကျောက် တူးသည့် လုပ်ငန်း လုပ်ကွက်များချပေးခဲ့ရာ အစောပိုင်း ကာလများက ထင်ရှားခဲ့ပြီး နောက်ပိုင်းတွင် အချို့ကျောက်ကုမ္ပဏီများ အရှုံးပေါ်သဖြင့် လုပ်ငန်း ရပ်နားခဲ့ကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */