အန်အယ်လ်ဒီ အမျိုးသမီး အထောက်ကူပြု အဖွဲ့များ ရန်ကုန်တိုင်း အတွင်း ပြင်ဆင် ဖွဲ့စည်း

Friday, December 11, 2009 ·

မင်းနိုင်သူ | ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များ၌ အန်အယ်လ်ဒီ အမျိုးသမီး အထောက်အကူ အဖွဲ့များ ဖွဲ့စည်းလျက် ရှိရာ (၂) လအတွင်း မြို့နယ် (၈) မြို့နယ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း အန်အယ်လ်ဒီ ပါတီ ဗဟို အမျိုးသမီး အဖွဲ့မှ ဒေါက်တာ မေ၀င်းမြင့်က ပြောသည်။

“ရန်ကုန်တိုင်းမှာ မြို့နယ်ပေါင်း (၄၀) ရှိတယ်။ အမျိုးသမီး အဖွဲ့ရှိပြီးသားက (၁၃) မြို့နယ်ရှိတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဖွဲ့စည်းပုံ ပျက်နေတဲ့ မြို့နယ်တွေကို အခု ပြန်ဖွဲ့နေတာ။ (၂) လအတွင်း (၈) မြို့နယ်မှာ ပြန်ဖွဲ့ပြီးသွားပြီ” ဟု ၎င်းက ပြောသည်။

ယခုအခါ ကော့မှူး၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ လှိုင်၊ သံလျင်၊ အင်းစိန်၊ လှိုင်သာယာ၊ တာမွေ စသည့် မြို့နယ်တို့တွင် အန်အယ်လ်ဒီ အမျိုးသမီး အထောက်အကူပြု အဖွဲ့များ ပြန်လည် ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုသို့ ပြန်လည်စုဖွဲ့ရာတွင် အဖွဲ့ဝင်သစ်များ ပါဝင်လာခြင်းကြောင့် ကျေနပ်အားရဖြစ်ရသည်ဟု ဒေါက်တာ မေ၀င်းမြင့်က ပြောသည်။

“ပါတီရဲ့ စည်းမျဉ်းအရ ပါတီဝင်ဖြစ်ရမယ်။ ဗဟိုအမျိုးသမီးအဖွဲ့က ပေးတဲ့ တာဝန်ယူနိုင်တဲ့သူ ဖြစ်ရမယ်။ မိသားစုသဘောတူသူ ဖြစ်ရမယ်။ အဲဒီအချက်တွေနဲ့အညီ ဖွဲ့တယ်။ အသစ် ၀င်ရောက်လိုတဲ့သူတွေကိုတော့ ပါတီဝင်ဖြစ်ရေး အရင်လုပ်ပေးရပါတယ်။ ဗဟိုဦးစီးစနစ်နဲ့ ဖွဲ့တာမဟုတ်ဘူး။ သူတို့ မြို့နယ်စည်းတွေရဲ့ ထောက်ခံမှု တောင်းဆိုမှုတွေအတိုင်းပဲ ဖွဲ့ပေးတယ်” ဟု ၎င်းက ရှင်းပြသည်။

အန်အယ်လ်ဒီ ပါတီ၏ ဖွဲ့စည်းပုံ အရ အမျိုးသမီး လုပ်ငန်း အဖွဲ့တွင် ဗဟို၌ အဖွဲ့ဝင် (၂၁) ဦး၊ တိုင်းနှင့် ပြည်နယ် တို့တွင် အဖွဲ့ဝင် (၉) ဦးစီ၊ မြို့နယ် အဆင့် (၇) ဦးနှင့် ရပ်ကွက်အဖွဲ့တွင် (၅) ဦးစီ ပါဝင် ရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်များ ၂၀၀၃ ခုနှစ် မေလအတွင်း ဒီပဲယင်း မြို့နယ်၌ အကြမ်းဖက် တိုက်ခိုက် ခံရပြီးနောက် ပါတီ အမျိုးသမီး လုပ်ငန်း အဖွဲ့ အင်အား လျော့ပါးမှုများ ရှိခဲ့ရာ ပြန်လည် ဖြည့်တင်း နိုင်ရေး အတွက် ယခုနှစ် ဇွန်လပိုင်းမှစ၍ ဗဟို အမျိုးသမီး လုပ်ငန်း အဖွဲ့ကို တိုင်းနှင့် ပြည်နယ် တို့မှ အမျိုးသမီး အဖွဲ့ဝင် (၁၂) ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

ပြန်လည် ဖွဲ့စည်းခဲ့သော ဗဟို အမျိုးသမီးလုပ်ငန်းအဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် တိုင်းနှင့် ပြည်နယ် တို့တွင် အမျိုးသမီး အထောက်အကူပြု အဖွဲ့များ ပြန်လည်ဖွဲ့စည်းနေရာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ယခု ရက်ပိုင်းများ အတွင်း မြို့နယ် အဖွဲ့များ ထပ်မံ ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

အန်အယ်လ်ဒီ ပါတီ အနေဖြင့် အမျိုးသမီးနှင့် လူငယ် အဖွဲ့များကို ပြင်ဆင် ဖွဲ့စည်း နေသော်လည်း ပါတီ ရုံးခွဲများမှာမူ ၂၀၀၃ ခုနှစ်မှ စ၍ ယခု အချိန်ထိ အပိတ် ခံထားရဆဲ ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */