ကချင်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်များ အလုပ်သမားရှားပါး

Thursday, December 17, 2009 ·


ခိုင်လင်း / ကချင်ပြည်နယ်အတွင်းရှိ ရွှေတူးလုပ်ငန်း၊ ကျောက်စိမ်းတူးဖော်လုပ်ငန်း၊ သစ်လုပ်ငန်းနှင့် ဥယျာဉ်ခြံမြေ လုပ်ငန်းတို့တွင် လုပ်ငန်းရှင်များက ပုံမှန်ငွေကြေးမပေးနိုင်သည့်အတွက် လခစားလုပ်ကိုင်သူနည်းပါးကာ အလုပ်သမား ရှားပါးမှုနှင့်ကြုံနေရသည်။

ကျောက်စိမ်းဈေးကွက်အေးနေသဖြင့် ကချင်ပြည်နယ် တာမခံ၊ ဖားကန့်ကျောက်စိမ်းတွင်း ကုမ္ပဏီများ ငွေကြေးမလည်ပတ်နိုင်တော့၍ အလုပ်သမားများအား ပုံမှန်လစာငွေ ရှင်းမပေးနိုင်သကဲ့သို့ လုပ်ငန်းသိမ်းချိန် ငွေပေါ်မှ လုပ်ခရှင်းပေးနိုင်သည့် ရွှေတူးလုပ်ငန်းများတွင်လည်း အလားတူ ပုံမှန်ငွေ မပေးနိုင်သဖြင့် အလုပ်သမားများ နည်းပါးလာနေပြီး စွန့်ပစ်မြေစာပုံများတွင်သာ ကျောက်ရှာနေကြသည်ဟု ဖားကန့်မှ ကျောက်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ကုမ္ပဏီတွေက သုံးလတခါ၊ ခြောက်လတခါမှ လစာ ရှင်းပေးနိုင်ကြတယ်။ လူတွေကတော့ အများကြီးရှိတယ်။ ရေမဆေးကျောက် ရှာနေကြတဲ့လူတွေ ထောင်ချီရှိတယ်။ အလုပ်လက်မဲ့တွေ အများကြီးပဲ။ ဒါပေမယ့် သူတို့က လခစား မလုပ်ချင်ကြဘူး၊ နေ့စားလိုဟာမျိုး လုပ်ချင်ကြတယ်။ ချက်ချင်း ငွေပေးမယ့်ဟာမျိုးပဲ လုပ်ချင်တယ်ဆိုတော့ အလုပ်သမား ရှားနေတယ်” ဟု ပြောသည်။


ဧရာဝတီမြစ်ဆုံဒေသ အထက်ပိုင်းရှိ ရွှေတွင်းများတွင် ဒေသခံများကို ငှားရမ်းလုပ်ကိုင်ကြသော်လည်း ဆက်မလုပ်ချင်ကြဘဲ ထွက်ပြေးနေကြသည့်အတွက် မြန်မာနိုင်ငံအောက်ပိုင်းထိ ဆင်းပြီး အလုပ်သမား ရှာနေကြရသည်ဟု ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “အောက်ပြည်အောက်ရွာဘက်ကတော့ ထွက်မပြေးနိုင်ဘူးဆိုတော့လေ။ တချို့အလုပ်သမားတွေက သောက်တာ စားတာရှိတယ်။ တချို့က ချဲထီထိုးချင်ကြတာလည်းရှိတယ်။ ဆိုတော့ ငွေလိုကြတယ်” ဟု ပြောသည်။

ဥယျာဉ်ခြံလုပ်ငန်း၊ သစ်လုပ်ငန်းတို့တွင် လုပ်ကိုင်ခဲ့ပြီး ယခုအခါ တရုတ်-မြန်မာနယ်စပ်တွင် ကျပန်းလုပ်ကိုင်နေသည့် လူငယ်တဦးက လခစားဝင်လုပ်ရန် စိတ်မကူးတော့ကြောင်း ပြောသည်။

၎င်းက “ပေါင်းမြက်ရှင်း၊ တောခုတ် တလလောက်လုပ်ခဲ့တာ။ ငွေတောင်းတော့ ကိုယ့်လောပန်း (သူဌေး) ရဲ့ ကိုယ်စားလှယ်က ပျောက်နေတယ်၊ ငွေမပေးဘဲ ရှောင်နေတယ်။ လောပန်းကျတော့လည်း သူမသိဘူးဆိုပြီး ငြင်းတယ်။
သစ်လုပ်တော့လည်း သစ်လောပန်းတွေကိုယ်တိုင် ငွေမရှိဘူး။ သစ်တွေ ဒီအတိုင်း မရောင်းရဘဲ စုပုံထားနေရတာ။ အခုကတော့ အဲလို လခစားဆိုတာကို လူအတော်များများ မလုပ်ချင်ကြတော့ဘူး” ဟု ပြောသည်။

ယခုအခါ ကမ္ဘာ့စီးပွားရေးပျက်ကပ် ဂယက်ကြောင့် ကချင်ပြည်နယ်အတွင်းရှိ အထူးသဖြင့် ကျောက်စိမ်းလုပ်ငန်းနှင့် သစ်လုပ်ငန်းတို့မှာ ဈေးကွက်ပျက်ကာ လုပ်ငန်းရှင်များအနေဖြင့် ငွေကြေး မလည်ပတ်နိုင်ကြသကဲ့သို့ အခြားတွဲဖက်လုပ်ကိုင်နေကြသည့် ရွှေလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းတို့မှာလည်း ငွေကြေးအခက်ခဲဖြစ်နေကြသည်။


source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */