စာရေးဆရာ အီကြာကွေး၏ အိမ်ကို ဓနုဖြူ ကျိုက္ကလွန်ဗွန်း ဘုရား အတွက် လှူဒါန်း

Saturday, December 19, 2009 ·

မျိုးချစ်သူ | စာရေးဆရာ အီကြာကွေး၏ နေအိမ်ကို ဓနုဖြူ ကျိုက္ကလွန်ဗွန်း ဘုရား အတွက် ရည်စူး၍ ဂေါပက အဖွဲ့ကို လှူဒါန်း ထားကြောင်း စာပေ လောကသား တဦးဖြစ်သူ စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်က ပြောသည်။

ယင်းအစီစဉ်ကို လွန်ခဲ့သော ၂၀၀၂ ခုနှစ်ခန့် ကပင် ဆရာကြီးက စီစဉ် ချမှတ် ထားကြောင်း ဆရာကြီး၏ သွေးချင်းနီးသူ တဦးက ဈာပန အခမ်းအနားတွင် ပြောသည်။

ဆရာကြီး၏ နေအိမ်မှာ တောင်ဥက္ကလာပ မြို့နယ် (၁၂) ရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၇၆၅) ဖြစ်ပြီး အဆိုပါ နေအိမ်ကို ရောင်းချမည့် အစီအစဉ်အား မဆွေးနွေး ရသေးကြောင်း ဓနုဖြူ ကျိုက္ကလွန်ဗွန်းဘုရား ဂေါပက အဖွဲ့ဝင် တဦးက ပြောသည်။

“ဆရာကြီးရဲ့ ဈာပန ရက်လည်ပြီးတဲ့ အထိတော့ ဘာမှပြောလို့ မရသေးဘူး။ ရောင်းမယ် မရောင်းဘူး ဆိုတာ ဂေါပက အဖွဲ့ရဲ့အပေါ်မှာ မူတည်တယ်။ သူတို့ကို လှူပြီးပြီလေ။ ဒီအလှူ အတွက် ရေစက် ချတာတွေလည်း ဆက်လုပ် ရမှာပေါ့” ဟု ဆရာကြီးနှင့် ဆွေးမျိုး တော်စပ်သူ တဦးက ပြောသည်။

ဆရာကြီး၏ အသုဘကို နာရေးကူညီမှု အသင်းက ဦးကျော်သူ ကိုယ်တိုင် ဦးဆောင်၍ ဆောင်ရွက်ပေးကြောင်း၊ နာရေးနှင့် ပတ်သက်သည့် ကိစ္စအ၀၀ကို ဓနုဖြူ ကျိုက္ကလွန်ဗွန်း ဘုရား ဂေါပက အဖွဲ့က တာဝန်ယူကြောင်း အသုဘ လိုက်ပို့ခဲ့သည့် စာပေ လောကသား တဦးက ပြောသည်။

စာရေးဆရာကြီး အီကြာကွေးသည် ၎င်း၏ ဇာတိမြေ ဖြစ်သည့် ဓနုဖြူ ကျိုက္ကလွန်ဗွန်း ဘုရားကြီး တောင်ဘက် တန်ဆောင်း ကိုလည်း ဘိုးဘွားမိဘများကို အမှူးထား၍ ပြန်လည် မွမ်းမံပြုပြင် လှူဒါန်းထားသူ ဖြစ်ကြောင်း ဓနုဖြူ ကျိုက္ကလွန်ဗွန်း ဘုရား ဂေါပက အဖွဲ့က ပြောသည်။

“အဲဒီ တန်ဆောင်းက ဆရာကြီး မိဘတွေ လှူထားခဲ့တာ။ ဒါကို သူကပြန်ပြီး (၅၁) သိန်း အကုန်ကျခံ ပြုပြင်တယ်။ သူ့ရဲ့ စာပေ ဟောပြောပွဲက ရတဲ့ငွေ၊ တပည့်တွေ ကန်တော့တဲ့ ငွေတွေနဲ့ လှူတာ” ဟု စာရေး ဆရာ အီကြာကွေး၏ ဆွေမျိုး နီးစပ်သူ တဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */