ပန်ဝါ နယ်ခြားစောင့် တပ်မှ နအဖစစ်သားများ ဆက်ကြေးတောင်း ငွေကောက်

Saturday, November 21, 2009 ·

ပေါက်ပေါက် | ယခင် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေကေ) နယ်မြေအတွင်း မကြာသေးခင်က အသစ် ဖွင့်လှစ်လိုက်သည့် အသွင်ပြောင်း နယ်ခြားစောင့် တပ်ရင်း များတွင် တာဝန်ကျသည့် နအဖ စစ်သားများက ဖြတ်သန်း သွားလာနေသည့် ကားများကို ဆက်ကြေးတောင်း ငွေကြေး ကောက်ခံ နေကြသည်။

ပန်ဝါမှ ချီဗွေသို့ ထွက်လာသည့် ကားများကို လုပီကျေးရွာ၌ နယ်ခြားစောင့်တပ်တွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသည့် နအဖစစ်သားများက ငွေကောက်နေသည်ဟု အဆိုပါလမ်းခရီးကို ဖြတ်သန်းခဲ့သည့် မြစ်ကြီးနားဒေသခံတဦးက ပြောသည်။

၎င်းက “လုပီက နယ်ခြားစောင့်တပ်မှာ တာဝန်ကျမယ့် စစ်သားတွေ ရောက်ရောက်ချင်းပဲ ငွေကောက် နေကြပြီ။ အန်ဒီအေကေ တွေတော့ မပါဘူး။ သူတို့စစ်တပ်ကတွေချည်းပဲ။ ဝိုင်းမော်က ခလရ (၅၈) လည်း အဲဒီမှာရောက်နေတယ်။ သူတို့ဂိတ်ရဲ့ တမိုင်လောက် အကွာမှာ ဂိတ်ဖွင့်ထားတယ်။ ရွှေတွင်းတို့၊ ရေကာတာတို့ဘက်မှာ အလုပ်လုပ်တဲ့သူတွေကို ဈေးရောင်းလာတဲ့ တရုတ်ကကားတွေ ရှိတယ်၊ အဲလို ကားတွေကို ကောက်တာ။ ပါးစပ်ထဲတွေ့ရာ တောင်းတဲ့ သဘောရှိတယ်။ (၅) ထောင်၊ (၁) သောင်း အဲလိုတောင်းနေတာ” ဟု ပြောသည်။

နယ်ခြားစောင့် တပ်ရင်းများတွင် တာဝန် ထမ်းဆောင်မည့် နအဖ စစ်သားများသည် အင်အား (၅ဝ) ထက်မနည်း ပန်ဝါဒေသအတွင်း ရောက်ရှိနေပြီး ယခု အချိန်အထိ နယ်ခြားစောင့် တပ်ရင်း အဖြစ် စနစ်တကျ ဖွဲ့စည်းထားပုံ မရသေးကြောင်း အဆိုပါ ဒေသခံက ပြောသည်။

၎င်းက “မန်တောင် ဂိတ်မှာကျတော့ အခုချိန်ထိ အန်ဒီအေကေ တံဆိပ်နဲ့ တွေ့ရသေးတယ်။ မေးကြည့်တော့ ရွှေကူဇာတိသား၊ နာမည်က အုန်းမြင့်တဲ့။ သူကတော့ အန်ဒီအေကေ တံဆိပ်နဲ့ပဲ။ နယ်ခြားစောင့်တပ်ထဲမှာ ရောက်တဲ့သူတွေလည်း ရှိသလို မူလအဖွဲ့ထဲမှာပဲ နေရတဲ့သူတွေပါ ရှိတယ်လို့ သူက ပြောတယ်။ နယ်ခြားစောင့်တပ်မှာ တာဝန်ကျတာက အင်အား (၄ဝဝ) လောက်ပဲ ရှိတာတဲ့။ အဲဒါကို တပ်ရင်း (၃) ရင်းဖွဲ့တာဆိုတော့ တပ်ရင်းတခုကို (၁၀၀) ကျော်လောက်ပဲရှိတာ” ဟု မြစ်ကြီနား ဒေသခံတဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခင်အန်ဒီအေကေအဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရရှိပါ။

အန်ဒီအေကေအဖွဲ့သည် ဗမာပြည် ကွန်မြူနစ် ပါတီမှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ခွဲထွက်ခဲ့ပြီး နအဖနှင့် အပစ်ခတ် ရပ်စဲရေး ပြုလုပ်ကာ ယခုလ (၈) ရက်တွင် နယ်ခြားစောင့် တပ်ရင်း (၃) ခုဖြင့် အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။

အသက် (၅ဝ) ကျော်အထက် အန်ဒီအေကေ တပ်ဖွဲ့ဝင်များအား အချို့ ပင်စင်ပေးလိုက် သကဲ့သို့ အချို့က ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက် လုပ်ရန် ရှိနေပြီး အဆိုပါ အဖွဲ့ကို ယခင် အန်ဒီအေကေ ဥက္ကဋ္ဌဟောင်း ဆခုန်တိန့်ယိန်းက ဦးဆောင် သွားမည်ဟု အန်ဒီအေကေ အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */