ရွှေလုပ်ငန်းဘက် ကူးပြောင်းလုပ်ကိုင်သူ ပိုများလာ

Friday, November 06, 2009 ·

ခိုင်လင်း | ကချင်ပြည်နယ် အတွင်းရှိ သစ်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်းနှင့် မှောင်ခိုကုန်သွယ်မှုလုပ်ငန်း လုပ်ကိုင်နေသူများသည် ရွှေတူး လုပ်ငန်းဘက်သို့ ကူးပြောင်း လုပ်ကိုင်မှု ပိုမိုများပြား နေသည်။

တရုတ် - မြန်မာ နယ်စပ်တွင် ကျောက်စိမ်း ဈေးကွက်နှင့် သစ်ဈေးကွက်များ အေးသွားပြီး မှောင်ခို ကုန်သွယ်မှုမှာ အဖမ်းအဆီး များလာ၍ ယခုကဲ့သို့ ရွှေလုပ်ငန်းဘက် ကူးပြောင်း သွားရခြင်း ဖြစ်သည်ဟု ရွှေတူး လုပ်ငန်းထဲ ရောက်သွားသည့် ကျောက်ကုန်သည် တဦးက ပြောသည်။

၎င်းက “ကျောက်လောက ဆိုလည်း အရင်းအနှီး ကြီးတဲ့ ကုမ္ပဏီကြီး တွေပဲ လက်ဝါးကြီး အုပ်သွားပြီ။ သိန်းရာပိုင်း လောက်နဲ့ လုပ်ဖို့က အတော် ခက်သွားတယ်။ သစ်ထုတ်တော့လည်း အဖမ်းအဆီး တွေကရှိ၊ ဒီနယ်စပ် ရောက်ပြန် တော့လည်း ဈေးက ထင်သလောက် မရ။ အစိုးရဆီက သစ်ပါမစ်ရပြီး (၁ဝ၅) မိုင်လမ်းကနေ တိုက်ရိုက် ပို့နေတဲ့ အချိန်ကစလို့ လုပ်လို့ မကောင်းတော့ဘူး။ ရွှေကျတော့ ဈေးပုံမှန် ရှိတယ် ဆိုတော့ အဲဒီဘက် ပြောင်းလုပ် လာကြတာ” ဟု ပြောသည်။

ယခုအခါ တာမခံ-ဖားကန့် ကျောက်စိမ်းတွင်း ဒေသတွင် ကျောက် ကုမ္ပဏီကြီးများက စက်ယန္တရားကြီးများဖြင့် ကျောက်တူးနေချိန် တွင် ယခင်ကျောက်လုပ်ငန်း လုပ်နေသူအများစုမှာ ရွှေတူးနေကြသကဲ့သို့ အချို့က ဧရာဝတီ မြစ်ဆုံ၊ တနိုင်းနှင့် အင်းတော်ကြီး ဒေသဘက်သို့ သွားရောက်ကာ တပိုင်တနိုင် ရွှေတူးလုပ်ငန်းများ လုပ်နေကြသည်ဟု ရွှေကျင်းထောင်ထားသည့် မိုးညှင်းမြို့ခံတဦးက ပြောသည်။

၎င်းက “သိန်း (၅ဝ) လောက်နဲ့ဆို ကောင်းကောင်း လည်ပတ် လို့ရတယ်။ အလုပ်သမား သုံးလေးယောက်နဲ့ စမ်းလုပ် လို့ရတယ်။ ရွှေကျရင် ကျသလို အလုပ်သမားထပ်ခေါ်၊ စက်ပစ္စည်းထပ်ဖြည့်ပြီး လုပ်ပေါ့။ အခွန်ကတော့ အစိုးရရော၊ တောဘက်ကရော နှစ်ဘက် ဆောင်ရတာလည်း ရှိတယ်။ ကေအိုင်အေ နယ်ထဲမှာတော့ ကေအိုင်အေကို အခွန်ဆောင်ပေါ့။ စစ်တပ်က လာလည်း စစ်တပ်ကိုပေးပေါ့။ ရွှေ လုံးဝ မကျရင်တောင် အခွန်ပေးရတာရယ်၊ ဆီဖိုးနဲ့ စားစရိတ်ပဲ ကုန်မယ်။ အလွန်ဆုံး သိန်းနှစ်ဆယ်၊ သုံးဆယ် ရှုံးမယ်” ဟု ပြောသည်။

ကချင် ပြည်နယ် အတွင်း ရွှေတွင်းများ နေရာအနှံ့ရှိနေပြီး အင်းတော်ကြီးအိုင် ဘေးရှိ နန့်မီးလောင် ဒေသ၊ ဖားကန့် ကျောက်စိမ်းတွင်း ဒေသ၊ တနိုင်းဒေသ၊ ဧရာဝတီမြစ်ဆုံ၊ မေခ၊ မလိခမြစ်ကမ်း ဝန်းကျင်နှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ဌာနချုပ်ရှိရာ လိုင်ဇာအနီးရှိ နန့်ဆန်ယန် ရွှေတွင်းတို့မှာ ထင်ရှားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */