ရာဘာဈေး ကျနေသော်လည်း ရောင်းသူ များပြား

Saturday, November 21, 2009 ·

ဝီရ | ပြည်တွင်း ရာဘာဈေးနှုန်း ယခုလအတွင်း ဆက်တိုက် ကျဆင်းလျက်ရှိသော်လည်း ရာဘာရောင်းချသူ များပြားလျက်ရှိသော ကြောင့် ဈေးထပ်မံကျမည့် အလားအလာရှိနေသည်ဟု အဝယ်ဒိုင်များက ပြောသည်။

မွန်ပြည်နယ်၊ သံဖြူ ဇရပ်မြို့မှ ရာဘာအဝယ်ဒိုင် ဖွင့်ထားသူတဦးက “ရာဘာဈေးက အခု ဆက်ကျနေတယ်။ အပါး (၁) ပေါင်ကို (၇၇၀) ကျပ်၊ အထူကို (၆၀၀) ကျပ် ပေါက်တယ်။ မနေ့ကထက် ကျပ် (၁၀) ထပ်လျော့တာပေါ့။ ဒါပေမယ့် လာရောင်းတဲ့ သူကတော့ တနေ့ထက် တနေ့ ပိုများလာတယ်၊ ဒါကြောင့် ဈေးနှုန်းကျဖို့ တွန်းအား ပေးသလို ဖြစ်နေတယ် ” ဟု ပြောသည်။

လွန်ခဲ့သည့် စက်တင်ဘာလမှ စ၍ ရာဘာဈေးနှုန်း မြင့်တက်ချိန်တွင် ရာဘာအပါး (၁) ပေါင်လျှင် ကျပ်(၉၂၀)၊ အထူ (၇၁၀) ကျပ် အထိ ရရှိခဲ့သော်လည်း ရာဘာခြံစဖွင့်ချိန် ယခု နိုဝင်ဘာတွင် ဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်လာရာ ရက်ပေါင်း(၂၀) အတွင်း ရာဘာ(၁) ပေါင်လျှင် ကျပ်(၁၀၀) အထိ ပြန်လည်ကျဆင်းခဲ့သည်။ ယမန်နှစ်က အမြင့်ဆုံး ရရှိခဲ့သည့် ရာဘာဈေးနှုန်းမှာ(၁) ပေါင် (၁၃၀၀) ကျပ် ဖြစ်သည်။


"ရာဘာဈေး မနှစ်ကလို ဆက်ကျမှာကို ခြံရှင်တွေက ကြောက်နေကြတယ်။ ရာဘာဈေးက ဒီအတိုင်းဆက်ကျနေရင် ဒီရာဘာခြံမှာ သူတို့ရင်းနှီးခဲ့ရတဲ့ ငွေပမာဏကို မကာမိမှာ ကြောက်လို့ အဝယ်ဒိုင်ဆီမှာ အကြွေးနဲ့ ရောင်းတာလည်း ရှိတယ်။ နောက်တကြောင်းက ရွှေဈေး၊ ဆန်ဈေးက တက်နေတာလေ။ ရာဘာက လွဲပြီး အခြား ဝယ်စရာတွေက ဈေးနှုန်း မြင့်တက်နေတာ ကြောင့်လည်း ပါတယ်။ အခုလို ဈေးကျနေတာက ပြည်ပ တင်ပို့တဲ့ လုပ်ငန်းတွေ ပုံမှန် မဖြစ်သေးတာကြောင့်လည်း ပါတယ်"ဟု သံဖြူဇရပ်မြို့ပေါ်မှ အခြား ရာဘာအရောင်းအဝယ် လုပ်သူတဦးက ပြောကြားသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာတဝန်း ရာဘာဈေး ကျဆင်း နေမှုကြောင့် ပြည်တွင်း ရာဘာဈေးလည်း (၁) ပေါင်လျှင် (၁၃၀၀) ကျပ်မှ (၂၅၀) ကျပ်သို့ လျော့ကျခဲ့ သဖြင့် ရာဘာ စိုက်ပျိုးခြံ အများအပြား လုပ်ငန်းရပ်နားခဲ့ရသည်။

မုဒုံမြို့မှ ရာဘာခြံ ပိုင်ရှင်တဦးက “ရာဘာခြံ အတွက် မြေသြဇာတွေ၊ ရာဘာစေးခြစ်တဲ့ လုပ်အားငှားခတွေ အားလုံးက ဈေးလျော့ သွားတာ မဟုတ်ဘူးလေ။ လုပ်သား ငှားတဲ့ အပိုင်းမှာဆိုရင် တပင်ကို ဘယ်လောက်ဆိုပြီး ငှားရတာ။ အခုလို ရာဘာဈေး ဆက်ကျနေရင် လုပ်အား ငှားရမ်းခတွေ၊ မြေသြဇာဖိုးတွေကို ပေးလိုက်ပြီးရင် ကျန်တော့မှာ မဟုတ်ဘူး"ဟု ပြောသည်။

ပြည်တွင်း စက်မှုလုပ်ငန်း အတွက် ရာဘာအသုံးပြုမှု ပမာဏသည် (၁၀-၁၅) ရာခိုင်နှုန်းခန့်သာရှိပြီး ကျန်ရှိသည့် (၈၅) ရာခိုင်နှုန်း ကျော်ကို ပြည်ပသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ တင်ပို့မှု အများဆုံးဖြစ်ကြောင်း ယနေ့ထုတ် အလဲဗင်း ဂျာနယ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တင်ပို့မှုတွင် အဆင့်(၅) ၌ ရှိနေသောရာဘာသည် မြန်မာနိုင်ငံ တောင်ပိုင်း ကရင်၊ မွန်နှင့် တနင်္သာရီ တိုင်းတို့တွင် အများဆုံး စိုက်ပျိုးသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */